Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၅၉ (စ)ကို မပြင်/မဖျက် သင့်သော အကြောင်းရင်းများ

$
0
0

၅၉ (စ) ကို မပြင်သင့်ဘူးလို့ ကျွန်တော်ပြောတဲ့အခါတိုင်း ဒီလိုပြောတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေချင်လိုသော မကောင်းသော စေတနာနှင့် ပြောတယ်လို့ ထင်ကြတယ်။ တကယ်တော့ ကျွန်တော်ပြောတာက ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရအောင် ၅၉ (စ) ကို မပြင်သင့်တာ မဟုတ်ပဲ နောင်အနာဂတ် မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွား နှင့် အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်တဲ့အတွက် ၅၉ (စ) ကို မပြင်ဖို့ ပြောတာ ဖြစ်ပါတယ်။

၅၉ (စ) ကို ဖျက်သိမ်းလိုက်လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပြီးပြီပဲ ထားတော့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားချွေးမတွေက ပြည်ပသြဇာခံ ဖြစ်နေတဲ့အတွက် သားချွေးမတွေရဲ့ အင်္ဂလန်နိုင်ငံမှာ ဖြစ်ပျက်တဲ့ အဆိုးအကောင်းဟာ ဒေါ်စုအပေါ်မှာ ရိုက်ခတ်မှုရှိတယ်။ တနည်းအားဖြင့် မြန်မာနိုင်ငံရဲ့ self-determination ကို ထိခိုက်နိုင်ဖွယ် ရှိတယ်။ တစ်ဆက်တည်းမှာပဲ ပြည်တွင်းရေးကို ဝင်စွက်ဖက်နိုင်ဖွယ် ရှိတယ်။ စွက်ဖက်လို့ ရတယ်။ state-sovereignty ကို ထိပါးနိုင်တယ်။ ဆိုပါစို့ဗျာ....ကမ် အဲရစ်က ဗြိတိန်အစိုးရရဲ့ အာဘော်နှင့် ဘင်္ဂါလီအောင်ထွန်းကို လွှတ်ပေးဖို့ ဒေါ်စုကို ပြောတယ်ဆိုခဲ့လျှင်.....ဒါမျိုး ပြသနာတွေ ရှိလာနိုင်တယ်။ ဒါမျိုးက ဘာဖြစ်လဲ။ စစ်အစိုးရလက်ထက်ကလည်း ရှိခဲ့တာပဲလို့ ပြောစရာ ရှိတယ်။ ကျွန်တော်တို့က နောက်ပြန်ဆွဲနေတာ မဟုတ်ဖူး။ ရှေ့ဆက်သွားနေတာ။ ဒေါ်စုကို ကျွန်တော်တို့က ဒီမိုကရေစီအိုင်ကွန်အဖြစ် ရှုမြင်တာ။ သူလည်း စစ်အာဏာရှင်လိုပဲ ဆိုရင်တော့....လုပ်ပါ။ တိုင်းပြည်ရဲ့ လူဆိုးကြီးများစာရင်းမှာ တစ်ယောက်ထပ်တိုးသွားတာပေါ့။

ဒီနေရာမှာ မင်းက ဒေါ်စုသိက္ခာကို မယုံလို့လား၊ ကမ် အဲရစ်ကို မယုံလို့လားလို့ မေးလာခဲ့လျှင် ဒေါ်စုကို မယုံစရာ အကြောင်းမရှိဘူး။ ယုံတယ်။ ဒါပေမယ့် ဒါက ဥပဒေလေ။ ဒေါ်စုတစ်ယောက်တည်း နှင့် ဆိုင်တာမဟုတ်ဖူး။ ဖွဲ့စည်းပုံမှာ ဒေါ်အောင်ဆန်းစုကြည်လို့ ရေးထားတာ မဟုတ်ဖူး။ နာမ်စား "မိမိ"ဆိုတာနှင့် ရေးထားတာ။ ဥပဒေသာ ဖျက်/ပြင်လိုက်လျှင် ဒီပြသနာမျိုးက ဒေါ်စုသမ္မတလက်ထက် မပေါ်ခဲ့လျှင်တောင် ၂၀၂၀ နောက်ပိုင်း သမ္မတမျိုးမှာ ပေါ်နိုင်တယ်။ အဲဒီအချိန်မှာ တက်လာတဲ့ သမ္မတရဲ့ သားသမီးတစ်ယောက်က နိုင်ငံခြားမှာ အယ်လ်ကိုင်ဒါနှင့် ဆက်စပ်မူဆလင် တစ်ယောက်ကို ယူထားတယ်ဆိုလျှင်...... မြန်မာနိုင်ငံ ဘယ်လိုဖြစ်သွားနိုင်လဲ။ အဲဒီအချိန် သမ္မတအပေါ် ဘယ်လိုဖိအားတွေ ရှိလာနိုင်လဲ။ မဖြစ်ပါဘူးကွာ လို့ မပြောနဲ့။ ဖြစ်လာနိုင်တာတွေအတွက် ကြိုတင်တွေးဆပြီး ကာကွယ်ထားတာက ဥပဒေပဲ။

ဒီဥပဒေက စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဖို့ ရည်ရွယ်ရေးဆွဲထားတာလို့ စွပ်စွဲထားတာတွေ ရှိတယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ ကျွန်တော်ကတော့ ဥပဒေကို ဥပဒေလို့ပဲ မြင်တယ်။ "မိမိ"ဆိုတဲ့ နာမ်စားနေရာမှာ "တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသားတစ်ဦး"လို့ပဲ မြင်တယ်။ ဒီလိုမြင်တတ်လျှင် ၅၉ (စ) ဟာ အင်မတန် လိုအပ်ပြီး ထိပါးဖို့ မသင့်တဲ့ ဥပဒေပုဒ်မ တစ်ခုဆိုတာ မြင်လာမယ်။ ဒီနေ့ခေတ် နိုင်ငံကြီးတွေက ပါဝါလွှမ်းမိုးမှုနှင့် နိုင်ငံငယ်တွေရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ထိပါးဖို့၊ ခြယ်လှယ်ဖို့ ကြိုးစားနေချိန်မှာ ၅၉ (စ) က ဒါတွေကို တားဆီးနိုင်မဲ့ ဥပဒေကောင်းတစ်ခုပဲ။

၅၉ (စ) ပြင်/ဖျက် ခြင်းသည် အမျိုးသားအကျိုးစီးပွား နှင့် အမျိုးသားလုံခြုံရေးကို ဘယ်လိုထိပါးနိုင်တယ် ဆိုတာနှင့် ပတ်သက်လို့ ဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန် ပြောတဲ့စကားကို ဖော်ပြလိုက်ပါတယ်။

"မိဘနှစ်ပါးနိုင်ငံသားဖြစ်ရင် လုံလောက်ပါပြီဆိုတဲ့ အတွေးတွေက ဘင်္ဂလားပင်လယ်အော်ကို မကျော်နိုင်တဲ့အတွေးလို့ စကားနာနာနဲ့ပဲ ပြောပါ ရစေ။ ကျွန်တော့်မိဘနှစ်ပါးက မြန်မာနိုင်ငံသားဖြစ်ပေမယ့် ကျွန်တော်က အမေရိကန်နိုင်ငံသား ခံယူခဲ့ပြီး နိုင်ငံသားခံယူချိန်မှာ အမေရိကန်နိုင်ငံ အမျိုးသားအကျိုးစီးပွားကို အသက်စွန့်ကာကွယ်ပါ့မယ်လို့ ကျမ်းကျိန်မှ အမေရိကန် နိုင်ငံသားခံယူခွင့်ရတာဖြစ်တာကြောင့်၊ အဲလို တခြားနိုင်ငံတစ်ခု အမျိုးသားအကျိုးစီးပွားကို အသက်ပေးကာကွယ်ဖို့ ကျမ်းကျိန်ထားသူဟာ မြန်မာ့နိုင်ငံရေးထဲဝင်ပါရင် သင့်တော်ပါ့မလားဆိုတာ မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားသူတိုင်း ဖြေဆိုရမယ့် မေးခွန်းဖြစ်သလို၊ အခြားနိုင်ငံတစ်ခုရဲ့ အမျိုးသားအကျိုးစီးပွားကို အသက်ပေးကာကွယ်ဖို့တာဝန်ရှိတဲ့သူတွေနဲ့ သွေးသားအရ ဆက်နွယ်နေသူဟာ မြန်မာနိုင်ငံသမ္မတ လုပ်သင့်လားဆိုတာလည်း မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွားကို နားလည်သူတိုင်းက ဆုံးဖြတ်ရမှာဖြစ်ပါတယ်”

”၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံမှာ ပါတဲ့အချက်အားလုံးကို ပြင်လို့ရပါတယ်။ ပြင်သင့်တဲ့ဟာတွေလည်း အများကြီးရှိသော်လည်း အချိန်အခါကြည့်ပြီး ပြင်ရမှာဖြစ်သလို၊ မပြင်ခင်မှာလည်း ကျေကျေညက်ညက် ဖတ်ရှုလေ့လာဖို့လိုတယ်။ ပုဒ်မ- ၅၉ (စ)ကိုတော့ မပြင်သင့်ပါဘူး။ ဘာဖြစ်လို့လဲမေးရင် မြန်မာနိုင်ငံကို ချစ်လို့ မပြင်သင့်ဘူးလို့ ယုံကြည်လို့ပါ။ တကယ်လို့များ ပုဒ်မ- ၅၉(စ) ကို ဖြုတ်ပစ်ခဲ့ရင် နိုင်ငံခြားသားသြဇာခံတွေ လွှတ်တော် ထဲ ရောက်လာကြ၊လုပ်ချင်ရာလုပ်ပြီး ပြဿနာဖြစ်ရင် တခြားနိုင်ငံမှာ နိုင်ငံသားအဖြစ် ကျမ်းသစ္စာကျိန်ဆိုထားတဲ့သူတွေက ဝင်ကယ်ကြရင်းနဲ့ မြန်မာပြည်ကြီးဟာ နိုင်ငံရေး သုတေသနအပြုခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်လာမယ်။ နိုင်ငံခြားသား မခံယူထားတောင်မှ သားနဲ့သမီးတွေက နိုင်ငံခြားသားဖြစ်တဲ့အတွက် ပြဿနာဖြစ်တိုင်း တာဝန်သိတတ်တဲ့ နိုင်ငံခြားတိုင်းပြည်တွေက မြန်မာ့အရေးကို Immediate Family အရေးဆိုပြီး ဝင်ရှုပ်တဲ့အခါ အင်အားမရှိသေးတဲ့ ကျွန်တော်တို့တိုင်းပြည်ဘက်ကပေးဆပ်ဖို့သက်သက်ပဲ ရှိပါတယ်။"

From: Myo Min Thant

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>