Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အခြေခံဥပဒေပြင်ဖို့ ကြံ့ဖွံ့နဲ့ ခွပ်ဒေါင်း အပြိုင် လွှတ်တော်တင်မည်

$
0
0
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှပြင်ဆင်သင့်သည့် အချက်အလက်များကို မကြာခင် ကျင်းပမည့် လွှတ်တော်တွင် ပြင်ဆင်ရန်တင်ပြထား ပြီးဖြစ်ကြောင်း ယင်း ပါတီများထံမှသိရသည်။

NLD ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်သင့်သည့်
အချက်အလက် ၁၆၈ ချက်ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၂၈ရက်
နေ့က လွှတ် တော်၌တင်သွင်းနိုင်ရန် တင်ပြထားပြီးဖြစ်ကြောင်း ယင်းပါတီအခြေခံဥပဒေပြင် ဆင်ရေးကော်မတီဝင် ဦးထွန်းထွန်း ဟိန်းက ပြောကြားသည်။

USDP ပါတီကလည်း ဗဟိုကော်မတီအစည်းအဝေးကို ၂၀၁၃
ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံ
အခြေခံ ဥပဒေမှ ပြင်ဆင်မည့် အချက်စုစုပေါင်း ၄၇ ချက်ကို သဘောတူဆွေးနွေး ခဲ့ကြကာ ယခုလာမည့်လွှတ်တော်တွင် တင်ပြပြင်ဆင်မည် ဖြစ် ကြောင်း ယင်းပါတီဒုတိယဥက္ကဋ္ဌ
ဦးဌေးဦးကပြော ကြားသည်။

“နိုင်ငံတကာမှာ အခြေခံဥပဒေကို ပြင်ဆင်တာတွေ ရှိတယ်၊ အသစ်ရေးဆွဲတာတွေလည်း ရှိတယ်၊ ကျွန်တော်တို့ အနေနဲ့
ကတော့ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ဆောင်ရွက်တာမှာ ကျွန်တော်တို့ပါတီအတွက်လည်း မပြင်ဘူး။ တစ်ဦးတစ်ယောက် အတွက်လည်း မပြင်ဘူး။ (နှစ်ကြိမ် ထပ်ပြော)၊ ပြည်သူတွေ လိုလားချက်အတိုင်းပဲ ပြင်မယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

၎င်းတို့ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကြိုးပမ်းမှု၌ အခြေခံသည့်မူဝါဒများမှာ ပြည်ထောင်စုနိုင်ငံဖြစ် သည့်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားများ၏လိုလားချက်များနှင့် ပြည်သူများ၏ လိုအင်ဆန္ဒများကိုသာအခြေခံကြောင်း ဦးဌေးဦးကဆိုသည်။

လွှတ်တော်ကဆုံးဖြတ်ပြင်ဆင်၍မရသည့်ဥပဒေများကိုမူ
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ ပြုလုပ်ကျင်းပကာ ပြင်ဆင်
သွားနိုင်ရန်လည်း စီစဉ်ထားကြောင်း ပါတီနှစ်ရပ်စလုံးက
ပြောကြားသည်။

NLD ပါတီအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ အကြီးအကဲ ဦးထွန်းထွန်းဟိန်က ၎င်းတို့ပါတီ ပြင်ဆင်ရန် တင်ပြမည့် အချက်အလက်အချို့နှင့် ကြံ့ခိုင်ရေးပါတီ၏ တင်ပြမည့်အချက်
အလက်အချို့ တူညီမှုများရှိနိုင်ကြောင်း သုံးသပ်ပြောကြား
သော်လည်း ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကမူ
၎င်းတို့ ပါတီတင်ပြမည့် အချက်အလက်များကို တရားဝင် ထုတ်ဖော်ကြေညာရန် စောသေးကြောင်းပြောဆိုသည်။

မကြာမီရက်ပိုင်းအတွင်းကလည်း NLD ပါတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ခိုင်ရေးပါတီ ဦးသူရရွှေမန်းတို့
တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုအကြောင်းအရင်းများကို တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိပေ။

နိင်ငံတစ်နိင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည်တစ်ရပ်သည် တရားသေမဆန်သင့်သကဲ့သို့ ပျော့ပြောင်းရန်လိုအပ်ပြီး ပါတီများ
ရွေးကောက်ပွဲ ၀င်ပြိုင် ရာထူးရရှိရုံအတွက် မဖြစ်သင့်ဘဲ နိင်ငံသား
များကို အကျိုးစီပွား ဖြစ်ထွန်းရေးကို ရှေရှုသင့်ကြောင်း ရှစ်ဆယ်
ရှစ်ကျောင်း သားခေါင်းဆောင်တစ်ဦးက အကြံပြုပြောဆိုသည်။

From: People Power

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>