Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရုပ်ချောတာကို မနာလိုလို့ ဗစ်တိုးရီးယားစီးကရက် မော်ဒယ်ကို အက်ဆစ်နဲ့ လောင်း

$
0
0

ဗြိတိန်နိုင်ငံမှာ ယခု ရက်ပိုင်းလေးတင် ဖြစ်သွားတဲ့ မှုခင်း ဖြစ်ပါတယ်။ Naomi Oni လို့အမည်ရတဲ့ အသက် ၂၁ နှစ်အရွယ် ဗစ်တိုးရီးယားစီးကရက် လှပဂေး မော်ဒယ်ရဲ့  မျက်နှာပေါ်ကို ရွယ်တူ သူငယ်ချင်း ဖြစ်သူ Mary Konye က အက်ဆစ်လောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အက်ဆစ်ကို မျက်နှာပေါ်ပဲ လောင်းခဲ့တာ မဟုတ်ပါဘူး။ တစ်ကိုယ်လုံး ကို လောင်းခဲ့ခြင်း ဖြစ်ပြီး လက်၊ပေါင်နဲ့ ဘော်ဒီအစိတ်အစိတ်အပိုင်းအချို့ လည်း လောင်ကျွမ်းခဲ့ ပါတယ်။ ယင်း ဖြစ်ရပ်ဟာ သက္ကရာဇ် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တီဗီ အစီအစဉ်တင်ဆက်သူ Katie Piper ရဲ့  ဖြစ်ရပ်နဲ့ တူနေပါတယ်။ Katie Piper ကိုတော့ သူ့ချစ်သူဟောင်းက အက်ဆစ်လောင်း ခဲ့ခြင်း ဖြစ်ပြီး မျက်လုံးတစ်ဖက် ကွယ်လို့ မျက်နှာတစ်ခုလုံး ရစရာမရှိအောင် ပျက်ဆီးခဲ့ပါတယ်။ နှစ်အတော်ကြာ ပလက်စတစ်ဆာဂျရီ နဲ့သေချာ ခွဲစိတ်ပြုပြင်ပြီးမှ တီဗီအစီအစဉ်ထဲ ပြန်လည် ပါဝင်လာပါတယ်။ ဒါတောင်မှ ယခင်ကလို အပြည့်အဝအလှတစ်ခုကို မရတော့ ပါဘူး။ ချစ်သူဟောင်း တရားခံကိုတော့ ဗြိတိန်က ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခဲ့ ပါတယ်။

ယခု ဖြစ်ရပ်ကတော့ ရည်းစားဟောင်းက မဟုတ်ပဲ တက္ကသိုလ်ကျောင်း တက်ဖော် သူငယ်ချင်း တစ်ဦး ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး အလှအပနဲ့ ပက်သက်လို့ ခဏခဏ အချင်းများ ရန်ဖြစ်ကြပြီး အက်ဆစ်နဲ့ လောင်းပစ် မယ် ဘာဘာလို့ ခြိမ်းခြောက်တာကို Oni ခံရဖူးတယ်လို့ ဆိုပါတယ်။ သိုပေမယ့် တကယ် လောင်းလိမ့်မယ်လို့ သူမထင်ထားလို့ ဖြစ်ပါတယ်။ အက်ဆစ်ဖြင့်လောင်းခဲ့သူ အမျိုးသမီးငယ် Mary Konye လည်း ကြီးမားတဲ့ ပြစ်ဒဏ်ကို ခံရမှာ ဖြစ်ကြောင်း သိရပါတယ်။

From:ရိုးရာလေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>