Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သမ္မတ ဦးသိန်းစိန်၏ နာမည်ကို သုံးပြီးတောင် လိမ်ရဲလာတဲ့ မြန်မာပြည်က အတင့်ရဲလူလိမ်များ

$
0
0
နိုင်ငံတော်၏ ၂၀၁၃ ဘဏ္ဍာနှစ်အချုပ် ငွေတွင် ပိုငွေသိန်း ၃၃၀၀ ကို ပြည်သူများအတွက် မဲဖောက်ပေး သည်ဟုဆိုကာ ငွေလိမ်လည်ရန် ကြိုးပမ်းမှုတစ်ခု နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ သည်ဟု လိမ်လည်ခံရသူ မခင်မိုးက ဒီဇင်ဘာ ၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ဘဏ္ဏာငွေများအား နိုင်ငံတော်မှ ချထားပေးသော ဖုန်းနံပါတ်များ မဲဖောက်ပေးခဲ့ရာတွင် ဖုန်း ပိုင်ရှင် သုံးဦးမဲပေါက်ခဲ့သည့်အတွက် တစ်ဦးလျှင် သိန်း ၁၁၀၀ ကျပ်စီ ရရှိမည်ဖြစ်ပြီး နိုင်ငံတော်သို့ အခွန်ငွေအဖြစ် ကျပ် ၂၂ သိန်းကို ပြန်လည်ပေးသွင်းရမည်ဟုဆိုကာ ဇန်န၀ါရီ ၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်လိမ်လည်ခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့က စာလည်းသိမ်မဖတ်တော့ လိမ်တာကို မသိဘူး၊ သူတို့က ၂၂ သိန်း မပေးနိုင်ရင်တောင် အနည်းဆုံး ရှစ်သိန်းပေးရမယ် တောင်းတယ်။ ဒါနဲ့ ရန်ကုန်က အမျိုးတွေဆီ အကျိုးအကြောင်းပြောပြီး ပိုက်ဆံလှမ်းချေးတော့မှ အဲဒါ လိမ်နေတာလို့ သိခဲ့ရတာ” ဟု မခင်မိုးက ဆိုသည်။

အဆိုပါ လိမ်လည်သူများသည် ယင်းတို့ကိုယ်တိုင် ရန်ကုန်တိုင်းဘဏ္ဍာခွန် ၀န်ကြီးဟုလည်းကောင်း၊ ၀န်ကြီး၏ ကိုယ်ရေးအရာရှိ စစ်ဗိုလ်အမည်ဖြင့်သော်လည်းကောင်း ဖုန်းဆက်သွယ်အကြောင်းကြား သည့်ဟန်ဖြင့် လိမ်လည်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် အခွန်ငွေအား ဘဏ်မှတစ်ဆင့်လွှဲခိုင်းရာတွင်လည်း ဘဏ်ရှေ့ရောက်မှသာ လွှဲပို့ပေးရမည့် ဘဏ်နှင့် အမည်လိပ်စာတို့ကို ပြောပြပေးမည်ဟု ပြောဆိုခဲ့ကြောင်း မခင်မိုးက ပြန်လည်ပြောပြခဲ့သည်။

ထို့ပြင် လိမ်လည်ရန် ကြိုးပမ်းသူတို့မှာ ဖုန်းနံပါက် ၀၉ ၄၂၁၀၂၆၉၉၃ ဖြင့် အသုံးပြုလိမ်လည်ခဲ့ခြင်းဖြစ် ကြောင်းနှင့် ဇန်န၀ါရီ ၃ ရက်တွင် ယင်းဖုန်းသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း လိမ်လည်သူများက မချေမငံ ပြောဆိုခဲ့သည်ဟု ကာယကံရှင်က ပြောပြခဲ့သည်။

ယင်းသို့သော လိမ်လည်မှုများ ယခင်ကလည်း ရှိခဲ့ဖူးပြီး ယခင်က နာမည်ကြီး ထီဆိုင်များကို အသုံးပြု၍ လိမ်လည်ခဲ့ခြင်းဖြစ်ကာ နောက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးကဟုလည်းကောင်း၊ ဆက်သွယ်ရေးဝန် ကြီးဌာနကဟုလည်းကောင်း ပြောင်းလဲ၍ လိမ်လည်လေ့ရှိသည်။

အဆိုပါ လိမ်လည်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများက လည်း ယင်းသို့သော ကံစမ်းမဲဖောက်ပေးသည်ဆိုခြင်းသည် လိမ်လည်ခြင်းသာဖြစ်ကြောင်းနှင့် ယင်းတို့ ဌာနများအနေဖြင့် ပြည်သူအတွက် ကမ်းစမ်းမဲဖောက်ပေးသည်ဆိုသော အစီအစဉ်များ ပြုလုပ်ပေးခြင်း မရှိကြောင်း မီဒီယာများသို့ ပြန်လည်ပြောကြားထားသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်ကလည်း ဗဟန်းမြို့နယ်ရှိ ဆရာတော်တစ်ပါးထံသို့ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ငွေကျပ်သိန်း ၄၅၀ ကံစမ်းမဲပေါက်သည်ဟုဆိုကာ ငွေလိမ်လည်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ် ပွားခဲ့သည်။

ထိုအချိန်က နိုင်ငံတော်အခွန်အဖြစ် ငွေကျပ် ၁,၃၅၀,၀၀၀ ကျပ်အား ဘဏ်မှတစ်ဆင့်လွှဲအပ်ခိုင်းရာ တွင် သက်ဆိုင်ရာ ဆရာတော်က လွှဲပြောင်းပေးအပ်ခြင်းမရှိဘဲ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ သည်။

ထို့ပြင် ဆက်သွယ်ရေးဝန်ကြီးဆိုသူက ငွေကျပ် သိန်း ၂၀၀၀ ကံစမ်းမဲပေါက်သည်ဟုဆိုကာ လိမ်လည်ခဲ့ သဖြင့် မန္တလေးတိုင်း တောင်သာမြို့နယ်မှ အမျိုးသမီးတစ်ဦး ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်က ငွေကျပ် ၅၁ သိန်း လိမ်လည်ခံခဲ့ရသည်။

From: Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>