အတိတ်က အရိပ်ဆိုးကို မပြုပြင်နိုင်ပဲ ၊ အနာဂါတ်ကို ကောင်းဖို့ဆိုတာ မိုက်မဲလှတဲ့ ပြုရပ်တွေပါပဲ။
"ပြောင်းလဲမှုတွေကို အကောင်းမြင်လွန်းတာ လမ်းပျောက်မယ် "ဆိုတဲ့ အန်တီ့ စကားဟာ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေတဲ့ ပြည်သူတွေရဲ့ အနာဂါတ်ကို ရိုက်ချိုးနေသလိုပါပဲ .... ။
ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့ အတွက် ပြောင်းလဲမှုတွေကို အကောင်းမမြင်ပဲ ဘေးတိုက်ကန့်လန့် အဆိုးမြင်ဝါဒီ ပြုမှုနေရမှာလားဗျာ .... ။
အတိတ် မကောင်းလို့ ပြုပြင်လည်း ၊ လက်သင့်ခံရမဲ့ အခြေအနေမှာ ၊ အန်တီ ဘာတွေများကြောက်ရွံ တုန်လှုပ်နေတာလဲ ၊ အန်တီရဲ့ စကားတွေဟာ အန်တီ သမ္မတ ဖြစ်မှ အကောင်းမြင်လွန်းပေးပါလို့ ဆိုရမလား ?

ခု .. လက်ရှိ အစိုးရအပေါ် ပြည်သူတွေ ယုံကြည်မှုတွေ ပေးအပ်လိုက်တာ အန်တီ jealous ဖြစ်နေတာလား ၊ ပြည်သူတွေက အစိုးရ အပေါ် အန်တီ ထက် ယုံကြည်မှုတွေ ပိုများနေခဲ့တာ အန်တီ လက်သင့် မခံနိုင်တော့ဘူးလား ?
အန်တီ ဆိုခဲ့ဖူးတယ်လေ "ကျွန်မက ပြည်သူတွေ အတွက် အလုပ်လုပ်တာ "ဆို ...
ပြည်သူတွေ ကောင်းဖို့ အတွက် ၊နိုင်ငံ တိုးတက်ဖို့ အတွက် အန်တီ ၁ ယောက်တည်းပဲ လုပ်နိုင်တာလား ?အစိုးရနဲ့ ပြည်သူ .. ဒီ ၂ ရပ် လက်တွဲတူညီရင် တိုင်းပြည် တိုးတက်ဖွံဖြိုးပါတယ် ၊
မည်သူမှ ၁ ဦး ၁ ယောက်တည်း မရပ်တည်နိုင်ပါဘူး အန်တီ .... ။
အန်တီရဲ့ အတိတ်က အိပ်မက်ဆိုးမှ နိုးထလှည့်ဖို့ ပြည်သူတွေ တကယ်လိုအပ်နေပြီ ။
အန်တီရဲ့ လိုချင် တပ်မက်တဲ့ ရမက်စိတ်တွေ ၊
ကိုယ့်ထက်သာ မနာလိုဖြစ်မဲ့ မာနစိတ်တွေ ၊
ငါ တကောကောပြီး လုပ်ဆောင်နေတဲ့ အတ္တစိတ်တွေ ၊
ချိုးဖျက်ပြီး ပြည်သူနဲ့ တသားတည်း နေကြည့်ပါလား အန်တီရယ် ..... ။
အန်တီရဲ့ သွေးထိုးမှုနဲ့ ၈၈ မှာ လူတွေ သေဖူးတယ်နော် ၊
ခုရော ....
သွေးထိုးပြီး အစိုးရနဲ့ ပြည်သူကြား ယုံကြည်မှုတွေ ပျက်ပြားစေဖို့ ၊
အန်တီ အပေါ် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုတွေ ပျောက်ဆုံးလာလို့ အန်တီလိုချင်တဲ့ နေရာ ၁ ခုကို ပြည်သူကို ချနင်းဖို့ရာ လှေကား ပျောက်လို့ ပတ်ဝန်းကျင်ကို ရန်လုပ်နေတဲ့ ပုံစံဖြစ်နေပါတယ် အန်တီရယ် ...... ။
နိုင်ငံကို ချစ်တယ် ၊ ကောင်းစေချင်တယ်ဆိုရင် ....
ငါတည်း မာန ခ၀ါချလို့ ၁ သားတည်းနေကြည့်ပါ ..... ။
အန်တီ လူဖြစ်ပြီး ဆက်လက်လုပ်ဆောင်နိုင်ဖို့ နှစ်ပိုင်းလောက်သာ ကျန်ပါတော့တယ် ။
ပြည်သူတွေရဲ့ နှလုံးသားကို လိုချင်တယ်ဆိုရင်လည်း သွေးထိုးခွဲခြားတဲ့ အကျင့်လေးတော့ ပြင်စေ့ချင်တယ် ...... ။
ကျန်သူတွေလည်း အန်တီ စု့ကို တကယ် ချစ်တယ်ဆိုရင် ၊ သူ့ကို ၀ိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်နေပြီ ဆိုတာ မမေ့ပါနဲ့ ..... ။
မြန်မာ နိုင်ငံရဲ့ အိုင်ကွန်လို့ လူတွေ ဆိုဖူးတယ် ၊
ဒီ ဘက်က ၁ မျိုးပြောတာကို ဟိုဘက်မှာ ၁ မျိုး သွားပြောတက်တဲ့ အိုင်ကွန်ဆိုရင် ....... ????

www.mmdailystar.com