Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကြေးတံဆိပ် ဆွတ်ခူးထားသည့် မြန်မာ အမျိုးသမီး အသင်း AFC အမျိုးသမီး အာရှဖလား ၂ဝ၁၄ အတွက် လေ့ကျင့်ခန်း စတင်တော့မည်

$
0
0

AFC Women’s Asia Cup 2014 ပြိုင်ပွဲ အတွက် မြန်မာ လက်ရွေးစင် အမျိုးသမီး အသင်းသည် လာမည့် ဇန်နဝါရီ ဒုတိယပတ်တွင် လေ့ကျင့်မှု များ စတင်ပြု လုပ်တော့ မည်ဟု ဘော လုံး အဖွဲ့ချုပ်မှ သိရသည်။
”ဆီးဂိမ်း ပြီးသွားပြီ ဆိုပေမယ့် ဆု ပေးပွဲတွေ၊ ကစားသမားတွေ အိမ်ပြန် ရက်တွေ၊ နားရက်တွေ ပေးရဦးမယ်။ သူတို့လည်း ပင်ပန်းနေပြီ။ ဒါကြောင့် နောက်လ ဒုတိယ အပတ်လောက်မှ ပြိုင်ပွဲ အတွက် လေ့ကျင့်နိုင်ကြမှာပါ”ဟု ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လေ့ကျင့်ခန်း ပြုလုပ်ရာတွင် ပဏာမ လက်ရွေးစင် ၃ဝ ဦးဖြင့် လေ့ကျင့် သွားမည်ဖြစ်ကြောင်း နည်းပြအဖြစ် လက်ရှိ အမျိုးသမီး လက်ရွေးစင် နည်းပြ ကုမာဒါက ဆက်လက် တာဝန် ယူ ကိုင်တွယ်မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

”လက်ရှိ လက်ရွေးစင် အသင်း ကစားသမားတွေ နဲ့ ယူ-၁၉ ကစား သမားတွေ ပေါင်းပြီး လေ့ကျင့်မှု ပြု လုပ်သွားမှာပါ။ လက်ရွေးစင် မှာပါတဲ့ တချို့ ကစားသမားတွေ ထဲ မှာ အသက် ကြီးတဲ့ လူတွေ ရှိပါတယ်။ သူတို့ကိုတော့ လေ့ကျင့်ချင်ရင် ခေါ်ယူပေးသွားမှာ ပါ” ဟု ၄င်းက ဆက်လက်ပြောသည်။
AFC Women’s Asia Cup 2014 ပြိုင်ပွဲကို လာမည့် မေလ ၁၄ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပ သွားမည် ဖြစ်ပြီး အာရှ နာမည်ကြီး အသင်းများ ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်းသည် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းတွင် ကြေးတံဆိပ် ဆွတ်ခူးထား သည်။

From: Popular Myanmar News Journal

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>