Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လက်ရှိနေရာကို မကျေနပ်ဘူးဟု ရွှေမှုန်ရတီပြော

$
0
0
အနု ပညာ ခရီးလမ်း မှာ ပရိသတ် လိုချင် နေတဲ့ ပုံစံ တွေ ထိ ရောက် အောင် လုပ် ပြ သွား ချင် သည့် သရုပ် ဆောင် ရွှေမှုံ ရတီ ဟာ လက်ရှိ အနေ အထား ကို ကျေ နပ် မှု မရှိ သေး ဘူး လို့ ထုတ် ဖော် ပြော ပါ တယ်။

အလုပ် အားလုံးကိုကြိုးစားပြီးတော့ လုပ်ပါ တယ်။ ဘယ်အရာမှ အဆင် မပြေတာ မရှိ ဘူး ပါဘူး။ တစ်ခု တည်း၊ တစ်သမတ် တည်းမသွားပါဘူး။ ဒါပေမဲ့ လက်ရှိရောက် နေတဲ့နေရာကို ကျေနပ် မှုမရ သေးပါဘူး။ ဘယ် လို ပြောရမလဲ၊ကိုယ်ရရှိနေတဲ့ပညာ လေးက ဘာမှ မရှိသေးဘူး။ ပညာပေါ့ နော်။ ပညာက ၀မ်းစာအပြည့်မပြော နဲ့၊ တစ်ဝက်တောင်မပြည့် သေးတဲ့ သူတစ်ယောက်ပါ။ ကိုယ်ကပညာ တွေ အများကြီး လိုအပ်နေတဲ့ သူ၊ အများ ကြီး သင်ယူဖို့ လို အပ်နေတဲ့သူတစ်ယောက် ပါ။ ကားရိုက်ရင်းနဲ့ပဲ ဆရာ တွေ ဆီက သင်ယူ ရပါတယ်။ ဇာတ် ရုပ် အားလုံးကို လုပ် ချင်နေတယ်။ အသစ် တစ်ယောက်အနေနဲ့ ဆိုတော့ မစုံသေး တာ အများကြီး ရှိပါတယ်။ နယ်ပွဲတွေသွားရင် တော့ သီချင်းဆိုပြတယ်။ အဆိုတော်မဟုတ် တော့ နည်းနည်းပါးပါးပဲရပါတယ်။ ဇာတ်ကား ထဲမှာဆိုရင် ကာရိုက်တာနဲ့ လိုက်အောင်ပဲ ၀တ်ဖြစ်တယ်။ ကာရိုက်တာ ဆိုတာကလည်း ဒီလူတန်းစားက ဘယ် လို ၀တ်တယ်။ ဟို လူတန်းစားက ဘယ်လိုဝတ်တယ်ဆိုတာမျိုး ပေါ့။ ဖက်ရှင်ကို အရမ်း ဆန်း တာ မ၀တ်ဖြစ် ပါ ဘူး။ ဖက်ရှင်နဲ့ပတ်သက်ပြီး၊ သင်ယူစရာရှိပါ တယ်။ အရည်အချင်း နည်း နည်းလို ပါ သေး တယ်။ အဲဒီ အတွက် လည်း လေ့လာပါတယ်”” လို့ ရွှေမှုံရတီ က ပြောပါတယ်။ ရွှေမှုံရတီ အနေနဲ့ တက္ကသိုလ် ၀င်ခွင့် စာမေးပွဲ ဖြေဆို ဖို့ ရှိ တာ ကြောင့် ၂၀၁၄ ခုနှစ် ဇန်န ၀ါရီလ၊ ဖေဖော် ၀ါရီလ၊ မတ်လ အထိ တစ်လမှာ တစ်ကား နှုန်းနဲ့ သာ ကားရိုက် လျှော့ ရိုက် သွားမှာဖြစ် တယ်။
From: Messenger

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>