Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဆယ်ကျော်သက် မိန်းကလေးကို မုဒိမ်းကျင့်သူအား ကျောက်တုံးဖြင့်ပေါက်သတ်

$
0
0
အသက်(၃၂)နှစ်ရှိ သံသယ တရားခံကို လူအုပ်ကြီးက ဝိုင်းဝန်းစီရင်ပြီးနောက် အလောင်းကို လမ်းပေါ်တွင် ပစ်ထားခဲ့သည်။

တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့တွင်ဆယ်ကျော်သက် မိန်းကလေးများအား ဓားထောက် မုဒိမ်းကျင့်ခဲ့သူ တစ်ဦးကို လူအများက ခဲဖြင့်ပေါက်ကာ သတ်ဖ်ြခဲ့ကြောင်း သိရှိရသည်။ ယခုသီတင်းပတ် အစောပိုင်းက ဒေါသထွက်နေသော လူအုပ်ကြီးသည် စေတနာ့ဝန်ထမ်း ကင်းအဖွဲ့များ၏ အကူအညီဖြင့် သံသယတရားခံကို ဖမ်းဆီးရမိကာ တရွတ်တိုက် ဆွဲယူလာကြသည်။ ထို့နောက်တွင်မူ ၎င်းကို ကျာပွတ်များဖြင့် ဝိုင်းရိုက်ခဲ့သလို ကျောက်တုံးများဖြင့် သေသည်အထိ ဝိုင်း၍ ပစ်ပေါက်ကာ သတ်ဖြတ်လိုက်ကြသည်။ သေဆုံးသူသည် အသက်(၁၅)နှစ်အရွယ် မိန်းကလေးနှစ်ဦးကို မုဒိမ်းကျင့်သူ နှစ်ဦးအနက်မှ တစ်ဦးအဖြစ် သတင်းများက ဖော်ပြခဲ့သည်။ အသက်(၃၂)နှစ်ရှိ သံသယ တရားခံကို လူအုပ်ကြီးက ဝိုင်းဝန်းစီရင်ပြီးနောက် အလောင်းကို လမ်းပေါ်တွင် ပစ်ထားခဲ့သည်။

အလောင်းသည် လမ်းပေါ်တွင် (၅)နာရီလုံးလုံး ကြာနေပြီးမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ရောက်ရှိလာပြီး သယ်ယူသွားခဲ့ရသည်။ ထိုသူသည် ဓားထောက်ခြိမ်းခြောက်မှုများဖြင့် မိုဘိုင်းလ်ဖုန်းများကို လုယူလေ့ရှိသည့် သတင်းဆိုးမျိုးလည်း ထွက်နေကြောင်း အနီးအနားတွင် နေထိုင်သူများက ဆိုသည်။ "သူသေသွားလို့ ဝမ်းနည်းတဲ့သူ မရှိဘူး။ ဒီလိုကိစ္စမျိုးကို တုံ့ပြန်မှု မရှိဘူးဆိုရင် နောက်တစ်ခါ ပိုဆိုးလာဖို့ပဲ ရှိတယ်"ဟု အနီးအနားမှ ဒေသခံ တစ်ဦးက အမည်မဖော်ပြဘဲ မှတ်ချက်စကား ပြောကြားခဲ့သည်။ ထိုသူနှင့် အဖော်တစ်ဦးသည် အသက်(၁၅)နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် သူမ၏ သူငယ်ချင်းတို့နှင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က တွေ့ဆုံပြီး စကားများခဲ့ကြသည်။ ယင်းတို့နှစ်ဦးသည် မိန်းကလေးများကို အနီးရှိ တင်းကုပ်တစ်ခုထဲ ဓားထောက် ခေါ်သွင်းပြီး မုဒိမ်းကျင့်ခဲ့ကြောင်းလည်း သိရသည်။ အလောင်းကို လူအများက စွန့်ပစ်ထားသည့် နေရာသည် အသက်(၁၅)နှစ်အရွယ် မိန်းကလေး၏ အိမ်အနီးတွင် ဖြစ်သည်။

From: Planet Myanmar Network

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>