Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သွေးတိုးစမ်းမည့် ၂၀၁၄

$
0
0
သမ္မတကြီးရဲ့လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ခြေဥ ပြောင်းလဲပြင်ဆင်ရေး လမ်းစဉ်များ။
လေသံတွေ သိသိသာသာပြောင်းလဲလာတဲ့နိုင်ငံရေး အရွှေ့။
ကိုယ်လွတ်ရုန်းလာကြတဲ့ တွေးခေါ်မှုတွေကိုယ်စီနဲ့ ကမ္ဘာမီးလောင်တော့မလိုလို တောင်ဖြစ်နေပါလား။

. .လမ်းလယ်ခေါင်မှာ ရင်ထိုးတံဆိပ်ကြီးနဲ့လက်သီးစွမ်းပြ
ခေါင်းဝင်လို့ကိုယ်မဆန့်ရှာတဲ့ လစ်ဘရယ်အုပ်စု။
အာဏာပါဝါကို ဆီပူဒယ်အိုးနဲ့လဲလှယ်တဲ့မျိုးမချစ် အစွန်းရောက်များ။

. .ထူးခြားဆန်းကြယ်လှတဲ့ ခြင်္သေ့ဟိန်းသံနောက် လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးတာ မမြည်လို့ နှစ်ဖက်ပေါင်းပြီး အသံအကျယ်ကြီး တီးတော့မယ်ပေါ့။
ခင်ဗျားတို့အားလုံးရဲ့ လက်ခုပ်သံ ပြည်သူတွေနားမခံနိုင်မှာ တွေးပူမိတယ်။

. .အခုလူတွေကလည်းစုံလာပြီ။အမျိုးသားရေးဦးထိပ်ထားတဲ့မျိုးချစ် ဒီမိုကေ၇စီ
အမှန်အကန်ဖော်ဆောင်ပါရစေဆိုတဲ့ လူတွေ။
အကောင်ကြီးကြီး အမြီးရှည်ရှည်နဲ့ အားလုံးဟာအိတ်ထဲမှာပါဆိုတဲ့ လူအတ္တဘောတွေ။
ခွေးကုပ်ခွေးခဲ အခွင့်အရေးသေးသေးလေးမှတည် အကြီးကြီးဆီသို့ မူမမှန်တဲ့
အယူအဆတွေနဲ့အသားကခပ်မည်းမည်း မေတ္တာတုံးတွေက တမျိုး။

. .အားလုံးကိုတနေရာတည်းမှာဘဲ ဆုံစေချင်တဲ့ သဘောတရားတွေ ရှိလာတယ်။
ကဲ့ ပရိသတ်ကြီးများ ဒီအရပ်နဲ့ဒီဇာတ် ဒီလူတွေနဲ့ဒီမူ ထိပ်တိုက်တွေ့ကြမယ်ဆိုခဲ့ရင် ဘာတွေဖြစ်ကုန်ပါ့မလည်း။
အမှုဟောင်းကတမျိုး အမှုသစ်ကတဖုံနဲ့ နောက်ကြောင်းသာပြန်လှည့်သွားလို့ကတော့ ခင်ဗျားတို့အာဏာရူးတွေအားလုံးလက်မလေးသာ စုပ်နေပေတော့။

. .ကြားထဲက ကိုယ်ကျိုးမဖက် ကိုယ့်စရိတ်ကိုယ်စားပြီး လူမုန်းခံရတဲ့ အမျိုးသားရေးသမားတွေကလွဲပြီး အားလုံးဟာ သေသင့်တဲ့အမျိုးအစားထဲမှာချည်းဘဲ။
သူတစ်လူ ငါတစ်မင်း တစ်ပါတီ တစ်ဝါဒနဲ့ ဒီမိုကရေစီကြီးကို ၀ိုင်းဝန်းဖော်ဆောင်နေတာ ပြည်သူတွေလည်း စုတ်ပြတ်သတ်နေပြီ။

. .တနေ့လုပ်မှတနေ့စားရရှာတဲ့ လက်လုပ်လက်စားတွေ တန်းစီနေပါပြီ။
ပြည်သူမျက်နှာကိုလည်း တချက်ကလေးတော့ ငဲ့ကြည့်ကြပါအုံး။
ခုလောလောဆယ် အားလုံးရဲ့စိတ်ကို သိမ်းပိုက်ထားတာ ၂၀၁၅ကြီးဖြစ်နေတော့
ပြည်သူကသာမည ငါနေရာရဖို့ ငါထိုင်ခုံလေးမြဲဖို့က အဓိက ဖြစ်နေပါရော။
မဟာဗျူဟာတွေ ကလိန်ကကျစ်မျိုးစုံနဲ့ အာဏာရရေး ပါဝါရှိရေး ဦးစားပေးလာကြပြီ။

. .အထူးသတိထားရမှာ ပြည်သူတွေကိုယ်တိုင်ပါဘဲ။
မိမိသိသင့်သိထိုက်တာ အားလုံးလေ့လာပါ။ အမျိုးသားရေးအခြေခံစိတ်ဓာတ်တွေ ဖြန့်ဝေကြပါ။

အမျိုးသားရေး Nerwork တွေနေရာတိုင်းမှာ ပုံဖော်ပါ။
အားလုံးသောပြည်သူတွေ သူများအလိမ်မခံရစေအောင် စည်းလုံးမှုရှိကြပါ။

. .စတေးခံ ထိုးကျွေးခံမဖြစ်ရစေဖို့ ပြည်သူလူထုမှာ အသိပညာတွေအများကြီးလိုအပ်လာပါပြီ။
မည်သူတက်တက်ဘယ်သူလာလာ အမျိုးသားရေးအသိ အမျိုးသားရေးပေတံဖြင့်သာ တိုင်းတာပါ။

. .၂၀၁၄မှတည် နောင်နှစ်ပေါင်းများစွာ ကျွန်ုပ်တို့နိုင်ငံသည် အမျိုးသားရေးမုချ
ဖြစ်ထွန်းအောင်မြင်စေရမည်။
အမျိုးဘာသာအကျိုး နှစ်ဆတိုး၍ဆောင်ရွက်နိုင်ကြပါစေ မျိုးချစ်အပေါင်းတို့။

From: MOE LONE HEIN CHAUNG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>