Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်စု သမ္မတ ဖြစ်နိုင်ပြီလား

$
0
0
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ရေး အတွက် ဥပဒေကြောင်း ဆိုင်ရာ အဟန့်အတား ဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးဖို့ ကြံ့ခိုင်ရေး ပါတီက သဘောတူလိုက်ပါပြီ။

ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ပေးဖို့ သဘောတူတာဟာ ချွေးမနဲ့ သားမက်တွေ နိုင်ငံခြားသားဖြစ်ရင် ဒုတိယ သမ္မတလောင်းအဖြစ် အရွေးခံဖို့ အရည်အချင်းမပြည့်စုံ ဆိုတဲ့ အချက်ကိုသာ ပြင်ဆင်ပေးဖို့ သဘောတူတာ ဖြစ်ပြီး သားနဲ့ သမီးတွေ နိုင်ငံခြားသား ဖြစ်နေရင်ဆိုတဲ့ အချက်ကိုတော့ ပြင်ဆင်ပေးဖို့ သဘောတူ မထား ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ဟာ ပြည်ပတိုင်းပြည်ရဲ့ နိုင်ငံသားတွေ ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအခြေအနေမှာ ဥပဒေကြောင်းအရ ဒုတိယ သမ္မတလောင်း အဖြစ် အရွေးခံနိုင်တဲ့ အရည်အချင်း မပြည့်မီနိုင်သေးပါဘူး။

ဒုတိယသမ္မတလောင်း အဖြစ် အရွေးခံဖို့ အရည်အချင်း မပြည့်မီရင် သမ္မတလည်း မဖြစ်နိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒုတိယသမ္မတ၊ သမ္မတ အဖြစ် အရည်အချင်းပြည့်မီချင်ရင် သားတွေကို မြန်မာနိုင်ငံသား အဖြစ်ခံယူခွင့် လျှောက်ထားလိုက်ရင် ရနိုင်ပါပြီလို့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေဟာ မြန်မာနိုင်ငံသား ဖြစ်ချင်တယ်ဆိုရင် လက်ရှိသူတို့နိုင်ငံသား ဖြစ်နေတဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

သားတွေက မြန်မာနိုင်ငံသား အဖြစ်လျှောက်ထားမယ်ဆိုရင် လက်ခံမခံ ဆိုတဲ့အချက်ကို လက်ရှိ အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဆုံးဖြတ်ဖွယ်ရှိပါတယ်။

ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ဖို့ သဘောတူတဲ့ အပိုင်းကိုလည်း လွှတ်တော်မှာ တင်ပြပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရဦးမှာ ဖြစ်ပါတယ်။
From:

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>