Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

Eleven CEO ဦးသန်းထွဋ်အောင် ၂၀၁၅ သမ္မတ ဖြစ်ချင် ဟု ဆို

$
0
0
မြန်မာ ရူးပတ်မားဒေါ့ ဟု ကိုယ့်ကိုယ်ကို ကြွေးကြော်ပြီးသကာလ အတွင်းလူ များ၏ အရက်ဝိုင်းတစ်ဝိုင်းမှ ထွက်ပေါ်လာသော သတင်းအရ Eleven Media Group ၏ CEO ဖြစ်သူ ဦးသန်းထွဋ်အောင်သည် ၂၀၁၅ တွင် သမ္မတ လုပ်လို သူ ဖြစ်ကြောင်း သိရှိရသည်။

ဦးသန်းထွဋ်အောင်သည် ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦး ဟု ခံယူထားပြီး ၄င်းပိုင်သတင်းစာ ဂျာနယ်များတွင် ၈၈ အရေးတော်ပုံ၌ အဓိကနေရာ၌ ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ၈၈ ကာလ ဓါတ်ပုံများကို ရှာဖွေထည့်သွင်း၍ စည်းရုံးမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ၈၈ မျီုးဆက်များ နယ်ပယ်အသီးသီးသို့ ပြန့်နှံ့ရောက်ရှိသွားပြီး ယနေ့အချိန် တွင် နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာ စသည်အားဖြင့် ဘက်စုံ အင်အား ထူထောင်ထားနိုင်ပြီ ဟု မကြာခဏ ပြောကြားလေ့ ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

Max ကုမ္ပဏီ အကြီးအကဲ ခရိုနီ ဦးဇော်ဇော်သည်လည်း ၈၈ မျိုးဆက် ဟု ဦးသန်းထွဋ်အောင်က သတ်မှတ်ထားပြီး ကျန်ခရိုနီများကို ပုတ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ဦးဇော်ဇော်ကိုမူ ချန်လှပ်ထားခဲ့ကြောင်း သိရှိရသည်။

စစ်အစိုးရလက်ထက်တွင် သစ်ပါမစ်၊ ကားပါမစ်များဖြင့် ထားစရာမရှိအောင် ချမ်းသာလာခဲ့သော ဦးသန်းထွဋ်အောင်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကားဈေးများ ချလိုက်ခြင်းကြောင့် တက်ဈေးမိပြီး အရှုံးများ ပေါ်ထွက်လာခဲ့ပြီးနောက် အညိုးဖြင့် ဝေဖန်တိုက်ခိုက်ခြင်း ဖြစ်သည် ဟု စာနယ်ဇင်းသမား အချို့က ပြောဆိုသည်။

သူရဦးရွှေမန်း၏ သားဖြစ်သူ ဦးတိုးနိုင်မန်းနှင့် နားလည်မှု ယူကာ လွှတ်တော် အတွင်း ဆွေးနွေးနိုင်ရန် သတင်းအချက်အလက်များ စုဆောင်းပေးသည့် တာဝန်ကို ယူထားကြောင်း၊ လွှတ်တော်အမတ်အချို့ကိုလည်း အိတ်ကပ်ထဲ ထည့်ထားနိုင်သည် ဟု ကွယ်ရာတွင် ပြောကြားလေ့ ရှိပြီး အတိုက်အခံ အမတ် အချို့ကို မေးခွန်းများ မေးခိုင်းခြင်း၊ အဆိုများ တင်သွင်းခိုင်ခြင်း တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဦးတိုးနိုင်မန်းက ၂၀၁၅ တွင် ဦးရွှေမန်း သမ္မတ ဖြစ်လာခဲ့ပါက ဦးသန်းထွဋ်အောင်အား ၀န်ကြီးတစ်နေရာ ပေးမည် ဟု မက်လုံးပေးထားခြင်း ကြောင့် လွှတ်တော်ကို ထိခိုက်စေမည့် ရေးသား ဖော်ပြချက်များ မလုပ်ပါ ဟု ကတိပေးခဲ့ကြောင်း၊ သို့သော်လည်း ဦးသန်းထွဋ်အောင်သည် ၀န်ကြီးတစ်နေရာသာမက သမ္မတ ရာထူးကိုပါ ရရှိရန် အိပ်မက်မက်နေသည်ကို အနီးဆုံးသူများသာ သိရှိထား ကြောင်း Eleven သတင်းထောက်တစ်ဦးက ပြောဆိုသည်။

မီဒီယာ လွတ်လပ်ခွင့်ကို အပြည့်အ၀ ရယူအသုံးချ၍ နိုင်ငံရေးတိုက်ခိုက်မှုများဆောင်ရွက်ရန် မျှော်မှန်းထားသော်လည်း ၄င်းပိုင်မီဒီယာတွင် တစ်ဦးတည်း လက်ဝါးကြီးအုပ်ထားကြောင်း သိရှိရသည်။ ဦးသန်းထွဋ်အောင်သည် ဦးခင်ညွန့် ခေါင်းဆောင်သော စစ်ထောက်လှမ်းရေးကို သေမလောက် ကြောက်ရွံ့သူ ဖြစ်ပြီး စစ်ထောက်လှမ်းရေး ကြီးစိုးစဉ်က ငိုကြွေး၍ ထိုင်ရှိခိုးခဲ့သူ ဖြစ်ကြောင်း၊ ယနေ့ လွတ်လပ်လာသော ခေတ်သစ်တွင် စစ်ထောက်လှမ်းရေး မကောင်းကြောင်း တစ်ခွန်းမှ မဟရဲကြောင်း၊ လက်အောက်ရှိ တာဝန်ရှိသူများကိုလည်း စစ်ထောက်လှမ်းရေး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအသိုင်းအ၀ိုင်း၊ သူရဦးရွှေမန်းနှင့် သူ့သားများ စီးပွားရေးလက်ဝါးကြီးအုပ်မှုများ ရေးသား ဖော်ပြခြင်း မပြုရန် တိုးတိုးတိတ်တိတ် မှာကြားထားပြီး ဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ် ဦးမင်းအောင်လှိုင်ကိုလည်း ၄င်း၏ အစ်ကိုဖြစ်သူ ဒေါက်တာနိုင်ထွဋ်အောင်မှတစ်ဆင့် အပိုင်စည်းရုံးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေါက်တာနိုင်ထွဋ်အောင်မှာ စစ်လက်နက်ဝယ်ယူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသူ ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံး ဖြစ်ပွားခဲ့သော NLD ခရိုင်ဥက္ကဌ၏ သမီးဖြစ်သူ ရှေ့နေအား အသရေဖျက်မှုကြောင့် ထောင် ၃ လ ချမှတ်ခြင်းခံခဲ့ရသော Eleven သတင်းထောက်ဖြစ်စဉ်တွင် သတင်းထောက်၏ အားနည်းချက်များကို ဖော်ပြ ခြင်း မရှိဘဲ မည်းမည်းမြင်ရာ လိုက်ကိုက်နေသော လုပ်ဆောင်ချက်မှာ NLD အပေါ် အငြိုးထားလာခြင်းကို ဖော်ပြေနေကြောင်း eleven သတင်းထောက်တစ်ဦးက ပြောဆိုသည်။

ဦးသန်းထွဋ်အောင်၏ နောက်ဆုံးခြေလှမ်းမှာ လူရည်ချွန်ဟောင်းများ စုစည်း၍ ခေါင်းဆောင်အဖြစ် ရယူကာ နိုင်ငံရေးစည်းရုံးလှုပ်ရှားမှုများ ဆောင် ရွက်ရန် စီစဉ်လျက် ရှိကြောင်း လူရည်ချွန်ဟောင်းများ စုစည်းမှု တာဝန်ခံ တစ်ဦးက ပြောဆိုသည်။

From: Khin Nyein Chan Oo

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>