Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

NLD ပါတီ အား လွတ်လပ်စွာ ဆန္ဒပြသူ ပါတီဝင် ခေါင်းဆောင် နှစ်ဦးအား NLD ပါတီမှ ဖြုတ်ထုတ်ရှင်း လုပ်ခံရ

$
0
0


NLD ပါတီ အား လွတ်လပ်စွာ ဆန္ဒပြသူ ပါတီဝင် ခေါင်းဆောင် နှစ်ဦးအား NLD ပါတီမှ ထုတ်ပယ်ခံရကြောင်း သတင်းရရှိသည်။မြောင်းမြဆန္ဒထုတ်ဖော်မှုအတွက် ဒီချုပ် ဗဟိုမှ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပြီး ဦးဆောင် ဆန္ဒဖော်ထုတ် သူနှစ်ဦးအား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ကြောင်း သိရသည်။

၎င်း ပြဿနာအတွက် မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၏ ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို)မှ စက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ယင်းကြေညာချက်တွင် မြောင်းမြမြို့နယ် ဆန္ဒထုတ်ဖော်ပွဲ ကိစ္စနှင့်စပ်လျဉ်းပြီး စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ ဆန္ဒဖော်ထုတ်ပွဲကို အဓိက ဦးဆောင် ဆောင်ရွက်သူများမှာ ဦးမြင့်ကျော်နှင့် ဦးဝင်းရွှေတို့ဖြစ်ကြပြီး လူတစ်ဦးတစ်ယောက် မြို့နယ်ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ မဖြစ်သည်ကို အကြောင်းခံသည်ဟု သိရကြောင်း၊ ဆန္ဒဖော်ထုတ်ရန် ဦးဆောင်သူ ဦးမြင့်ကျော် ၊ ဦးဝင်းရွှေ (ခ) ရွှေမှိုင်း တို့အား ဗဟိုညီလာခံကျင်းပချိန်ထိ အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားလိုက်ကြောင်းဖြင့် ဖော်ပြထားခဲ့သည်။

NLD ခေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီ ပါတီကြီး တစ်ခုဖြစ်ပြီး လွတ်လပ်စွာ ဆန္ဒဖော်ထုတ်သူများကို အခုလို ပါတီမှ ထုတ်ပယ်ခြင်းဟာ စိတ်ပျက်စရာ ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

၂၄ နာရီ မီးရရှိရေး ဆန္ဒပြပွဲတစ်ခု မှ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဆန္ဒပြခြင်းသည် ပြည်သူတို့၏ လုပ်ပိုင်ခွင့်ဖြစ်ကြောင်း လူကြားကောင်းအောင် မိန့်ခွန်းပြောခဲ့ဖူးပြီး ၎င်း ကိုယ်တိုင်ကတော့ ဆန္ဒပြသူ ပါတီဝင်များကို ဖြုတ်ထုတ်ရှင်း လုပ်နေကြောင်း မြင်တွေ့နေရသည်။

၎င်း ကိစ္စနှင့် ပတ်သက်ပြီး ဖြုတ်ထုတ်ရှင်းလုပ်ခံရသူ ခေါင်းဆောင်များနှင့် ဆန္ဒပြခဲ့သူ ပါတီဝင် ၅၀၀ ကျော်မှ မကျေမနပ်ဖြစ်လျှက်ရှိပြီး NLD ၏ အတွင်းရေး မသမာမှုများကို မကြာခင်မှာ ဖွင့်ချမည်ဖြစ်ကြောင်း သိရသည်။ အနယ်နယ်အရပ်ရပ်မှ NLD ပါတီဝင်များကလည်း ဗဟိုဦးစီး မှု လွန်ကဲပြီး လွှတ်လပ်စွာ ဆန္ဒပြ ဖော်ထုတ်သူကို ဖြုတ်ထုတ်ရှင်း လုပ်မှုအတွက် အချင်းချင်း မကျေမနပ်မှုများ ပိုမိုကြီးထွားလာကြကြောင်း သိရသည်။

ယခု ရက်ပိုင်းအတွင်း NLD ပါတီအတွင်း ရင်ကြားမစေ့နိုင်ပဲ မြောင်းမြ၊ ကော့သောင်း၊ မန္တလေး နှင့် တွံတေး NLD တို့တွင် အသီးသီး ပြိုကွဲမှုများ ဖြစ်ခဲ့သည်။
From: ကိုရာဇာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>