Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပုဂ္ဂိုလ်ရေးကို အခြေခံ၍ ပုဒ်မ ၅၉(စ) ပြင်ပါက ဥပဒေသက်ရောက်မှုကို ဆင်ခြင်ရန်လိုဟုဆို

$
0
0
လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အတားအဆီးတစ်ခုသဖွယ် ဖြစ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ပြင်ဆင်လိုက်ခြင်း၏ သက်ရောက်မှုကို ရေရှည် စဉ်းစားရန် အရေးကြီးကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျက ဆိုသည်။

"နိုင်ငံတွေအများစုမှာ ဒီလိုအချက်မျိုးတွေကို သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်း ပြဌာန်းလေ့ရှိတယ်။ အဓိကအားဖြင့် ပုဂ္ဂိုလ်ရေးကို အခြေမခံသော ဥပဒေကြောင်း အရ ပြောမယ်ဆိုရင်တော့ ဒီ ၅၉(စ) လိုအချက်က လိုအပ်တယ်။ ရှိသင့်တယ်။ နောက်ပြီးတော့ ပုဂ္ဂိုလ်ရေးကို အခြေခံပြီးတော့ ဥပဒေကြောင်းကို ပြင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကြီး မရှိတော့တဲ့ အခါကျရင် ဒီဥပဒေရဲ့သက်ရောက်မှုကိုတော့ အများကြီးစဉ်းစားဖို့ တော့ လိုမယ်။ ပြောချင်တာက ပုဂ္ဂိုလ်ရေးဦးတည်ပြီး ပုဒ်မ ၅၉(စ)ကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံမှာ မဟုတ်ဘဲနဲ့ လွှတ်တော်ကနေ ပြီးတော့ သီးခြားဥပဒေလိုမျိုး ပြဌာန်းပြီးပြင်ဆင်တာက ပိုပြီး လက်တွေ့ကျနိုင်တယ်လို့ ယူဆတယ်"ဟု ကိုမင်းဇေယျက ပုဒ်မ ၅၉ (စ) အပေါ် သုံးသပ်ပြောကြားသွားခဲ့သည်။

ယင်း၏ ဆက်လက်သုံးသပ်ပြောကြားချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)ကို တိုက်ရိုက် ပြင်ဆင်မည်ဆိုပါက နိုင်ငံသားစစ်စစ်များနှင့် ဆက်နွယ်နေသော နိုင်ငံခြားအကျိုးစီးပွားကို ခံစားနေသောသူများ၏ ရပိုင်ခွင့်ကို နိုင်ငံသားစစ်စစ်၊ တိုင်းရင်းသားစစ်စစ်များ၏ ရပိုင်ခွင့်နှင့် တန်းတူထားမည်ဟု သဘောပါသောအချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းမည်ဆိုပါက ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များစွာကို ကြိုတင်စဉ်းစားရန်လိုကြောင်း ပြောကြားခဲ့သည်။


The Hot News ဂျာနယ် အတွဲ-၄ အမှတ်-၁၇၁ မှ ကူးယူဖော်ပြသည်
 

From: မြန်မာ့နိုင်ငံရေးဆောင်းပါးများ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>