ယနေ့ မြန်မာ့နိုင်ငံရေးလောကတွင် နိုင်ငံရေးသြဇာရှိသူအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးသာရှိပါသည်။
နိုင်ငံတွင်းရှိ ပြည်သူလူထုအနေဖြင့် နိုင်ငံရေးသြဇာအာဏာအား ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအပေါ် စုပြုံပေး အပ်ထားပါသည်။ ဂျပန်လူမျိုးပညာရှင်တစ်ဦး အဆိုအမိန့်အရ သြဇာအာဏာ အားတစ်ဦးတည်းအပေါ် စုပြုံပေးအပ်ထားပါက အာဏာရှင်စနစ် သို့ ရောက် ရှိသွားတတ်သည်ဟု ပြောဆိုခဲ့ ပါသည်။
ယခင်က NLD ပါတီ၌ ထောင်အ ကျခံ ဘ၀စတေးခံပြီး ဒေါ်စုကြည်အပေါ် သစ္စာစောင့်သိ သူများသည် ယနေ့ တွင် ဒေါ်စုကြည်၏ ယှဉ်ပြိုင်ဘက်နိုင်ငံရေးပါတီ များအဖြစ် ပြောင်းလဲ သွား တာကို ကြည့်ခြင်းအားဖြင့် သြဇာအာဏာအား တစ်ဦးတည်းပေး အပ်ထား ပါက အာဏာရှင်စနစ်သို့ ရောက်ရှိသွား နိုင်သည့်အဆိုသည် ငြင်းမရသော သက်သေသာဓကပင် ဖြစ်ပေသည်။ အလားတူ NLD ၏ ၀ါရင့်နိုင်ငံရေး သမား မဖောက်မပြန်ဦးဝင်းတင်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာရှင်ဆန်မှု၊ ပုဂ္ဂိုလ်နိုင်ငံရေး ကျင့်သုံးမှုအပေါ် စိတ်ပျက်လျက် ရှိသည် ကို ဘားတေးလစ်တနာ၏ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်တွင် ဖတ်ရှုပါက သိရှိနိုင်ပေသည်။
ဒေါ်အောင်ဆန်းစုကြည်ယခုလို ပြောင်းလဲသွားခြင်းသည် သူမအပြစ် မဟုတ် ပါ။ ပြည်သူလူထု အားလုံး သူမအပေါ်အားကိုးသည့်စိတ်၊ ချစ်ခင်လေး စားယုံကြည်စွာဖြင့် လွန်ကဲစွာပေးအပ်ထားခြင်းကြောင့် ပင်ဖြစ်ပေသည်။
ဘာကြောင့်လဲဆိုတော့ သူမအနေဖြင့် လူထုသည် သူမ၏နောက်တွင် အမြဲရှိသည်ဟု အတွေး ထင်လျက်ရှိတာကို ၂၀၀၈ ဖွဲ့စည်းပုံပြင် ဆင်ရေးဟောပြောပွဲများတွင် ပြောသည့် ဒေါ်စုကြည် စကားများက သက်သေထူလျက်ရှိပေသည်။ ပြင်ဆင်ရေး လွှတ်တော်တွင်း က ဆောင်ရွက် မရပါက လူထုအားနှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုလျက်ရှိပေသည်။ ဒါ့အပြင် လူထုကို အားမကိုးလို့ ဘယ်သူ့အားကိုး ရမလဲဆိုသည့် အပြောများ သည် လူထုအား လမ်းမပေါ်သို့ပို့ဆောင်မည့်အသွင်ဆောင် နေပေ သည်။
မြန်မာ့ နိုင်ငံရေးအယူအဆများအနက် ဗုဒ္ဓလမ်းစဉ်အရ ကျင့်သုံး ရမည့်လမ်းစဉ်(၃)ရပ် ရှိပေ သည်။ (၁) လောကအတွက် ဖြစ်သည်။ (၂) နိုင်ငံနှင့်လူမျိုးအတွက် ဖြစ်သည်။ (၃) မိမိနှင့်မိမိတို့ မိသားစု အတွက်ဖြစ် သည်။ တနည်းအားဖြင့် မိမိအားလောကအတွက် အသုံးချရန်ဖြစ် ပါသည် ။လောကအား မိမိ အတွက်အသုံးမချရန် ဖြစ်ပါသည်။ “ ငါကောင်း စားရေး သာ ပထမ ” ဟူသော အယူအဆမဟုတ်ဘဲ “ လောကကောင်း စားရေးသည်သာ ပထမ ” ဟူသော စံတန်ဖိုးပင်ဖြစ်ပါသည်။ တနည်းအားဖြင့် “ အနတ္တ ပဓာနလမ်းစဉ် ” ပင် ဖြစ်သည်။
နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံတော်ကြီးကို ကောင်းသည်ထက်ကောင်းအောင်၊ တိုးတက်သထက် တိုးတက်အောင်၊ ငြိမ်းချမ်းသထက် ငြိမ်းချမ်းအောင် လုပ်ဖို့အတွက် ဖွဲ့စည်းထားသည့်အဖွဲ့အစည်းဟု ယူဆပေသည်။ ထိုသို့ ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းထားသော ပါတီတစ်ခုက ဦးဆောင်ပြီး လူထုကို လမ်းမပေါ်သို့တက်စေပြီး တည်ငြိမ်အေးချမ်းလျက်ရှိသော တိုင်းပြည်အား ဆူပူဖျက်ဆီးရန် လုပ်ဆောင်ခဲ့ပါက ပါတီ၏ပယောဂ ကင်းပါရဲ့လား စဉ်းစားစေချင်ပါသည်။
ဆန္ဒတွေမစောဖို့ မေတ္တာရပ်ခံ လိုပါ သည်။ ဆန္ဒတွေစောခဲ့လို့လည်း ဒေါက်တာ မောင်မောင် လက်ထဲမှအာဏာ၊ စစ်အစိုးရလက်ထဲ ရောက်ရှိသွားပေသည်။ယခုကာလသည် စစ်အစိုးရလက်ထက်ထက်စာလျှင် သမ္မတမှအစ အောက်ခြေ၀န်ထမ်း အဆုံး ဝေဖန်ထောက်ပြနိုင်ခွင့်များ ရရှိနေပေသည်။
၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ဖြစ်ချင်သည့်ဆန္ဒကို ဦးစားပေးပြီး ဖြစ်သင့်တာကို ဦးစားမပေးခဲ့လို့ အခြေခံဥပဒေပြင်ဖို့ လွှတ်တော်အမတ်နေရာ အလုံ အလောက်မရရှိခဲ့တာတွေက လက်တွေ့မှာ အကျိုးခံစားနေရတာတွေ ဖြစ်ပါတယ်။ ယခုလည်း ၂၀၁၅ ရွေးကောက် ပွဲမ၀င်နိုင်ဘူး၊ ဖွဲ့စည်းပုံပြင်မှဝင်မယ်ဆိုတာသည်လည်း (၃)ကြိမ်မြောက် အမှားကိုကျူးလွန်ရန် တာဆူနေပေသည်။
သြဇာအာဏာကြီးမား သည့် နိုင် ငံရေးခေါင်းဆောင်တစ်ဦး၏ ဆုံးဖြတ်ချက်မှားယွင်း မှုသည် ခေါင်းဆောင် တစ်ဦးတွင်သာခံရသည်မဟုတ်ဘဲ၎င်းအား ထောက်ခံအားပေးလျက်ရှိသည့် ပြည်သူလူထုတစ်ရပ်လုံးပါ မှားယွင်းမှုဒဏ်ကို ခံစားရမည်ဖြစ်ပါသည်။ ဒါ့ကြောင့် “ ငါကောင်းစားရေးသာ ပထမ ” မဟုတ်ဘဲ “ လောကကောင်း စားရေး သည်သာပထမ ” ဟူသော စံတန်ဖိုးကို သတ်မှတ်ထား ခြင်းဖြစ်ပေ သည်။ NLD တွင် ဒေါ်စုကြည်တစ်ဦးသာ သမ္မတလုပ်နိုင်သည့် အရည်အချင်းရှိသည့်သဘော သက်ရောက်ပေသည်။ ကျန်သည့် NLD ပါတီဝင်များအနေဖြင့် သမ္မတလုပ်နိုင်သည့် အရည်အချင်းမမီ ဟု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သတ်မှတ်သလို ဖြစ်ပေလိမ့်မည်။
NLD မှ မဟုတ်ဘဲ အခြားမိတ်ဘက်ပါတီခေါင်းဆောင်များကကော သမ္မတလုပ်နိုင်သည့် အရည် အချင်းမရှိတော့ဘူးလား၊ ဒေါ်စုတစ်ယောက်ဘဲ သမ္မတဖြစ်သင့်တာလား၊ စည်းရုံးရေး ကောင်းမွန်တဲ့ NLD အနေနဲ့ ကိုယ့်ပါတီကနေ ခွဲထွက်သွားတဲ့ ပါတီတွေကိုတောင် သင့်သင့်မြတ်မြတ် ပြန် မစည်းရုံးနိုင်လျှင် တိုင်းရင်းသားလက်နက်ကိုင်တွေကို ဘယ်လိုစည်းရုံးပြီး ငြိမ်းချမ်းရေးလုပ်ဆောင်မှာလဲ ပြန်စဉ်းစားစေချင် ပါသည်။ ဒေါ်စုကြည် အနေဖြင့် အာဃာတတွေ မထားပါဘူးဟု မည်သို့ပင်ဆိုစေကာမူ လက်တွေ့မှာတော့ အာဃာတတွေက ရင်နဲ့အပြည့် ဖြစ်နေပါသည်။ ဘာကြောင့်လဲဆိုတော့ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့မူနဲ့ သွားသည့်လက်ဝဲ အယူအဆကို ကိုင်စွဲထားလို့ဘဲ ဖြစ်ပါသည်။
ကျွန်တော်တို့ချစ်တဲ့ ဒေါ်စုကြည်အနေဖြင့် ဆန္ဒတွေစောပြီး ဆုံးဖြတ် ချက်တွေမမှား စေချင်ပါဘူး။ဆုံးဖြတ်ချက်တွေမှားခဲ့လျှင်တော့ ပြည်ခိုင်ဖြိုးပါတီက ပျော်ရွှင်နေမှာဖြစ်ပါသည်။
မြန်မာနိုင်ငံရေးဟာလည်း အတိုက် အခံပါတီမရှိတော့ဘဲ တဖြည်းဖြည်းနဲ့ အာဏာရှင်စနစ်ကို ယိမ်းယိုင်သွားမှာပဲဖြစ်ပါသည်။ ဒါ့ကြောင့် လူပီသဖို့၊ နိုင်ငံ့ခေါင်းဆောင် ပီသဖို့အတွက်ဒေါ်စုအမြဲ
ပြောပြောနေတဲ့ ပြည်သူဟာ ဒေါ်စုအတွက် မဖြစ်စေဘဲ ဒေါ်စုကသာပြည်သူအတွက် ဖြစ်စေရမည်ဟု
စကားအတိုင်း မြန်မာ့နိုင်ငံရေးတည်ငြိမ်စေဖို့ ဆုံးဖြတ်ချက်တွေမှန်စေချင်ကြောင်း ရေးသားလိုက်ရပါသည်။
www.mmdailystar.com