Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

KIA များ အတင်းအဓမ္မ စစ်သားစုဆောင်းမှု ဆန္ဒပြ

$
0
0




KIA ပြောခွင့် ဆိုခွင့် ရှိသူ ဦးလနန်မှ ဒေသခံ ရှမ်း တိုင်း၇င်းသားများကို အတင်း အဓမ္မ စုဆောင်ခဲ့ခြင်း မရှိဟု... ဇွတ်ငြင်းနေ ခဲ့သော်လည်း... အတင်း အဓမ္မ စစ်သားသစ် စုဆောင်းမှု ခံနေရသော ဒေသခံ ရှမ်းတိုင်းရင်းသားများမှ KIA တို့၏ အဓမ္မ စစ်သားသစ် စုဆောင်းမှုတွေကို အလိုမရှိ ကြောင်း ဆန္ဒဖော်ထုတ်...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ၀န်းသိုကျောင်းတိုက်အတွင်း၌ ဒီဇင်ဘာလ ၂၀ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်ကာ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဖားကန့်၊ ဟိုပင်၊ အင်းတော်ကြီး၊ ၀ိုင်မော်၊ ခက်ချို၊ မိုင်းနား၊ တာလောကြီး၊ ဇီးကျွန်း၊ နောင်ခမ်းရှမ်း စသည့်မြို့ရွာများမှ ရှမ်းမျိုးနွယ်စု (၁၀၀၀၀) ၀န်းကျင်ခန့် ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်အတွင်းမှာ စုဝေးခဲ့ကြပြီး လူထုအခမ်းအနားနဲ့ ဆန္ဒဖေါ်ထုတ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

၁။ နိုင်ငံတော်အစိုးရမှ လက်နက်မဲ့ပြည်သူများအား အကာအကွယ်ပေးပါ

၂။ ငြိမ်းချမ်းရေး အမြန်ဆုံးရအောင် ဖေါ်ဆောင်ကြပါ

၃။ အဖမ်းဆီးခံ ရှမ်းလူငယ်များအား အမြန်ဆုံးပြန်လွှတ်ပေး

၎။ KIA တို့၏ အဓမ္မ စစ်သားသစ် စုဆောင်းမှု အလိုမရှိ

၅။ KIA တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ပေး

၆။ လက်နက်ရှိသူက လက်နက်မဲ့သူအား အနိုင်ကျင့်စော်ကားမှု အလိုမရှိ

၇။ မီဒီယာများအား အမှန်တရားကို မျှတစွာ ဖေါ်ပြပါ - စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်လျက်

အဓမ္မ စစ်သားစုဆောင်းတဲ့ KIA အလိုမရှိ ၊ အဓမ္မ ဆက်ကြေးကောက်တဲ့ KIA အလိုမရှိ ၊ KIO,KOA အလိုမရှိ၊

လူထုဆန္ဒ အောင်ရမည်၊ အောင်ရမည်၊ ရှမ်းလူမျိုးများ ညီသလားဟေ့ - ညီတယ်ဟေ့ ညီတယ်ဟေ့ လို့ ကြွှေးကြောခဲ့ကြတယ်လို့ သိရှိရပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ကာ မန်စီမြို့နယ်အတွင်း ရှမ်းရွာများမှ ရှမ်းလူငယ်များအား KIA မှ ဆက်တိုက်သလို တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်ခဲ့ပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဆက်မလုပ်ဖို့ တောင်းဆိုထားတဲ့ကြားက ပြုလုပ်ခဲ့တဲ့အတွက် အခုလို လူထုအခမ်းအနားနဲ့ ဆန္ဒဖေါ်ထုတ်ဖို့ အစီအစဉ်တွေ ဖြစ်ပေါ်လာရတာဖြစ်တယ်လို့ ဦးစိုင်းစန်းဝေကပဲ ပြောဆိုပါတယ်။

ရှမ်းနီပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က KIA စတင်တည်ထောင်ချိန်မှ စ၍ နှစ်ပေါင်း ၅၀ ကျော်သော ယနေ့အချိန်ထိ ရှမ်းနီလူမျိုးများနေထိုင်ရာ ရှမ်းမြို့ရှမ်းရွာများတွင် အဓမ္မ စစ်သားသစ် စုဆောင်းမှုများ ပြုလုပ်လေ့ရှိခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လယ်ယာနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးချ စေခိုင်းခြင်း၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေးအရ ခြိမ်းခြောက်ခိုင်းစေခြင်းများ ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ရက်သတ္တပတ်များအတွင်း KIA မှ တပ်သားသစ် စုဆောင်းမှုဦးရေ ၁၀၀ ကျော်ထိ ရှိခဲ့ရာမှ ရှမ်းတိုင်းရင်းသား ဦးရေစာရင်း ၆၀ ကျော်ရရှိခဲ့တယ်လို့ ရှမ်းနီပါတီက ပြောဆိုထားပြီး၊ ဒီရက်ပိုင်းအတွင်း KIA က ရှမ်းနီလူမျိုး ၂၆ ဦး ပြန်လွတ်မြောက်လာခဲ့တယ်လို့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ကပြောဆိုထားပါတယ်။

ကျွန်တော်တို့ သူတို့ ဗိုလ်မှူးတွေနဲ့ သွားတွေ့ခဲ့ပါတယ်... သွားတွေ့တဲ့ အခါ ဘာပြောသလဲ ဆိုလို့ရှိရင်... KIA ဗိုလ်မှူး ဦးခွန်နောင်က... နောက်ပြီး ဦးဆင်ဝါး အဲဒီ ဗိုလ်မှူး နှစ်ယောက်ကို သွားတွေ့တဲ့အခါ.. ကချင်ပြည်ကြီးကို ထူထောင်နေတဲ့ အခါမှာတဲ့... ရှိတဲ့ လူအင်အားကို ကျွန်တော်တို့ ဆွဲပြီး အသုံးပြုရမှာပါတဲ့... နိုင်ငံတော် အစိုးရကို တော်လှန်တဲ့ နေရာမှာ ကျနော်တို့ အင်အားနဲ့ တခြားလူမျိုးတွေကိုလဲ ကျနော်တို့ စစ်သား စုဆောင်းရမှာပါတဲ့... သူတို့ အဲဒီ စကားတစ်ခွန်းပြောခဲ့ တယ် ကျနော့်ကို.... ဒါပေမယ့်... ၀မ်းနည်း စရာ ကောင်းပါတယ်... သူတို့ ဆွဲတာက တစ်ရွာ တစ်ယောက်... လမ်းပေါ်မှာ ဒါမှ မဟုတ်... ခရီးသွားရင်း ဆွဲမိရင် ကျနော်တို့ မသိတဲ့... ဟာတွေလဲ ရှိခဲ့ဘူးပါတယ်... အခုဟာက မန်ဖရွာ တစ်ရွာတည်း ကို... လူသုံးဆယ်ကျော် လေးဆယ် နီးပါး ဆွဲသွားတာကတော့ အနိုင်ကျင့်တယ်လို့... ကျနော်ထင်ပါတယ်... နောက်ပြီး စစ်သားစုဆောင်းရာ မကျပဲ ခေါ်သွားတဲ့ ကလေးတွေကို... သူတို့က ဘယ်လို လုပ်လဲ ဆိုတော့... ၁၅ သိန်း သိန်း ၂၀ နဲ့ လာရွေးခိုင်းတာတွေလဲ ရှိပါတယ်... ဒါဟာ လူမျိုးရေး မဟုတ်တော့ ပါဘူး ဒါဟာ ဓါးမြ သာသာပဲ ဖြစ်ပါတယ်လို့... ကျနော် ပြောချင်ပါတယ်...

>>ဦးစိုင်းထွန်းရင် - ရှမ်းမျိုးနွယ် စု ရေးရာအဖွဲ့...<<

တပ်မတော် အဖွဲ့က စုဆောင်းရေး ဆွဲတာ မရှိဘူးရှင်... KIA တွေပဲ ရှိပါတယ်... ကျမတို့သားတွေ သမီးတွေ KIA ထဲကို မ၀င်ချင်တာကို သူတို့က ဖမ်းဆီးပြီး ခေါ်ဆောင်ပါတယ်ရှင့်... နောက်ပြီးတော့ ဆက်ကြေးတွေ... ဘာတွေ... ငွေတွေ ဘာတွေလဲ ကောက်ခံ တယ် ရှင့်... အဲဒါတွေကို ကျမတို့က မခံ မရပ်နိုင်လို့... ဒီရှမ်းလူမျိုးစု ရှမ်းငါးမျိုးရဲ့... ဆန္ဒဖော်ထုတ်ပွဲကို လာရပါတယ် ရှင့်...

>> ဒေါ်နန်းအိကြိုင် - မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ <<

Video >> https://www.facebook.com/photo.php?v=427490534045079
From:

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>