Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်း ကျောင်းသားရဲဘော်များ အစုလိုက် အပြုံလိုက် အသတ်ခံရမှုအစီရင်ခံစာ ထုတ်ပြန်တော့မည်

$
0
0
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ပါဂျောင်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု စုံစမ်း ဖော်ထုတ်နိုင်ရေးအတွက် အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ် ထုတ်ပြန်မည် ဖြစ်ကြောင်း ABSDF အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ဝင် ဦးကျော်ကျော်လင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ အစီရင်ခံစာကို ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ်မည်ဟု ထုတ်ပြန် ကြေညာထားသော်လည်း အချက်အလက်များ ပိုမို မှန်ကန်မှု ရှိစေရန် ၂၀၁၄ နှစ်ဆန်းပိုင်းမှ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အဲဒီအချိန်တုန်းက ရှိခဲ့တဲ့ သူတွေကို ဆက်သွယ်ပြီးတော့ အချက်အလက် အမှန်တွေကို အတည်ပြုနိုင်ဖို့အတွက် ကြိုးစားနေပါတယ်” ဟု ၎င်းကဆိုသည်။

ABSDF မြောက်ပိုင်း ကျောင်းသားများ သေဆုံးမှုအတွက် အချက်အလက်များကို ပြန်လည် အတည်ပြုရာတွင် ABSDF မြောက်ပိုင်း ရဲဘော်ဟောင်း အချို့မှာ ဆက်သွယ် မရသောကြောင့် အစီရင်ခံစာ ထုတ်ပြန်ရန် ကြန့်ကြာနေခြင်း ဖြစ်ကြောင်း အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ထံမှ သိရသည်။

ယင်းအစီရင်ခံစာကို ရေးသားပြီးပါက သတ်ဖြတ် ခံခဲ့ရသူများအတွက် အမှန်တရားကို ဖော်ထုတ် ပေးမည် ဖြစ်ကြောင်း ABSDF ဥက္ကဋ္ဌ ဦးသံခဲက သြဂုတ်လ အတွင်းက ပြောကြားထားသည်။

ထို့ပြင် ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့် ကျောင်းသား ရဲဘော် ၁၅ ဦး သေဆုံးမှုကို တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် အထူးစစ်ဆေးရေး အဖွဲ့နှင့် အထူးတရားရုံး ဖွင့်လှစ်ရေး နိုင်ငံတော်သမ္မတထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း ABSDF ရဲဘော်ဟောင်းများ အဖွဲ့က နိုဝင်ဘာလ အတွင်းက ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ ကျောင်းသားများ သတ်ဖြတ်ခံရမှုအတွက် ABSDF ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နှင့် ရဲဘော် ဦးစိန်တို့၏ မိသားစုဝင်များက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း အမှုဖွင့်ထားကြောင်း ABSDF ရဲဘော်ဟောင်းများ အဖွဲ့ထံမှ သိရသည်။

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ABSDF ကျောင်းသား ရဲဘော်များကို အစုလိုက် အပြုံလိုက် ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်မှုများတွင် နစ်နာခဲ့သူများအတွက် သမိုင်းမှတ်တမ်း အစီရင်ခံစာ ပြုစုရန် ၂၀၁၂ ခုနှစ် မတ်လအတွင်း ABSDF အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
From: The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>