Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုလအတွက် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို အလုံးရေ ၁၃၀၀၀ တိုးမြှင့်ရောင်းချပေးမည်

$
0
0
ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ်များကို ယခုလအတွက် အလုံးရေ ၁၃၀၀၀ တိုးမြှင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် လစဉ်ရောင်းချပေးနေသည့် တန်ဖိုးနည်းဆင်းမ်ကတ်များကို မြို့နယ်အလိုက် ခွဲတမ်း ပိုမိုချထားပေးနိုင်ရန် ရည်ရွယ်၍ ဒီဇင်ဘာ ရက် ၂၀ ကျော်တွင် ဂျီအက်စ်အမ် အလုံးရေ ၅၀၀၀၀ နှင့် WCDMA အလုံးရေ ၄၃၀၀၀ စုစုပေါင်း ၉၃၀၀၀ ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

“ဒီလအတွက်ကတော့ ရန်ကုန်ကို ကိုးသောင်းကျော် ချပေးမှာဆိုတော့ ဒီတစ်လ အများဆုံးလို့ ပြောလို့ရပါတယ်။ အရင်လတုန်းက ကတ်ရေ ရှစ်သောင်း ရောင်းပေးခဲ့တယ်။ မြို့နယ်အလိုက် ခွဲတမ်းတွေပိုရရှိအောင် စီစဉ်တဲ့သဘောပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ရောင်းချပြီးသော လိုင်းများသာမက ထပ်မံချထားပေးမည့် တန်ဖိုးနည်း ဆင်းမ်ကတ်လိုင်းများအတွက်ပါ ဖုန်းလိုင်းအင်အား ပိုမိုကောင်းမွန်စေရန်အတွက် အင်တာနာများကို အရည်အသွေး ပိုမိုကောင်းမွန်သည့် အင်တာနာများ တပ်ဆင်ပေးထားကြောင်း သိရသည်။ “ဖုန်းရောင်းချမယ့် ရက်ကိုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သတ်မှတ်မှာပါ။ 

 ဘယ်နေ့ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ရက်၂၀ ကျော်လောက်ပဲဖြစ်မှာပါ။ မြို့နယ်ခွဲတမ်းတွေ အတွက်လဲ အစိုးရအဖွဲ့က ခွဲဝေပေးမှာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။ အဆိုပါတန်ဖိုးနည်း ဆင်းမ်ကတ်များကို မြို့နယ်မှတစ်ဆင့် ရပ်ကွက်အလိုက် မဲနှိုက် ရောင်းချပေးခြင်းဖြစ်ပြီး ရပ်ကွက်တချို့တွင် သန်းခေါင်စာရင်းဖြင့် နေထိုင်သူများသာ ဆင်းမ်ကတ်မဲပေါက်လျှင် ဝယ်ယူနိုင်ပြီး ဧည့်စာရင်းဖြင့် နေထိုင်သူမျာကို မဲနှိုက်ခွင့် ရပ်နားထားကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


ပန်းပျိုးလက်ကချိုးသောပန်း


လူတွေမသိသေးတဲ့ ၀င်းဦး(သို့မဟုတ်) စွယ်စုံရအနုပညာရှင်ကြီး အကြောင်း


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန်...


အလောင်းမင်းတရား၏ ဟံသာဝတီမြို့  သိမ်း တိုက်ပွဲ (၁)


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကျူထိုးတဲ့ဂိမ်း [8.4 MB] [apk]


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>