Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကျင့်ဝတ်နှင့်မညီဘဲ သတင်းယူခဲ့သည့် Eleven Media Group မှသတင်းထောက်တစ်ဦးအား NLD မှတိုင်ကြားသဖြင့် တရားဥပဒေအရ ထောင်ဒဏ်သုံးလချမှတ်

$
0
0
E.18.12
ကျင့်ဝတ်နှင့်မညီဘဲ သတင်းယူခဲ့သည့် Eleven Media Group မှ သတင်းထောက်မခိုင်
အစိုးရသစ်လက်ထက်တွင် အကျင့်ပျက်သတင်းထောက်များအား အရေးယူမှု ပထမဆုံးအဖြစ် လွိုင်ကော်မြို့မှ Eleven Media Group ၏သတင်းထောက်အား သတင်းရယူမှုနှင့်ပတ်သက်၍ အိမ်ကျော်နင်းမှုဖြင့် လွိုင်ကော်မြို့နယ်တရားရုံးမှ ဒုမြို့နယ်တရားသူကြီး ဦးမြမင်းဟန်က ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒုမြို့နယ်တရားသူကြီး ဦးမြမင်းဟန်က မခိုင်အား ဒီဇင်ဘာ ၁၇ ရက်က ပြစ်မှုပုဒ်မ ၄၅၁ အရ ထောင်ဒဏ်သုံးလ၊ ပြစ်မှုပုဒ်မ ၅၀၀ အရ ထောင်ဒဏ်တစ်လနှင့် ပြစ်မှုပုဒ်မ ၂၉၄ (ခ) အရ ထောင်ဒဏ်တစ်လတို့ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် စတင်တရားစွဲဆိုခဲ့သည့်အမှုအား ဒီဇင်ဘာ ၁၇ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး Eleven Media Group မှ အစဉ်တစိုက် ရေးသားခဲ့သည့်အတိုင်း အမှုများအား ကြံ့ကြာစေခြင်းမရှိဘဲ အချိန် တစ်လခွဲကာလအတွင်း  အမိန့် ချမှတ်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ပြစ်မှုပုဒ်မ ၄၅၁ သည် ပိုင်နက်ကျူးလွန်မှုဖြစ်ပြီး ပြစ်မှုပုဒ်မ ၂၉၄ (ခ) မှာ ညစ်ညမ်းစွာပြောဆိုမှုဖြစ်ကာ ပြစ်မှုပုဒ်မ ၅၀၀ သည် အသရေဖျက်မှုဖြစ်ကြောင်း သိရသည်။ Eleven Media Group မှသတင်းထောက်တစ်ဦးအနေနှင့် အထက်ပါပြစ်မှုများအား ကျူးလွန်ခဲ့ခြင်းမှာ စတုတ်ထမန်ဒိုင်အတွက် မဖြစ်သင့်ပေ။
သတင်းရယူသည့် သတင်းထောက်တစ်ဦးအား အိမ်ကျော်နင်းမှုဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်သုံးလချမှတ်ခြင်းသည် လက်ရှိအစိုးရသစ် တရားစီရင်ရေး၌ ပထမဆုံးဖြစ်ပြီး ညစ်ညမ်းစွာပြောဆိုမှု၊ အသရေဖျက်မှုများဖြင့် ထောင်ဒဏ်ချမှတ်ခြင်းမှာလည်း မရှိသလောက်နည်းပါးနေသေးသဖြင့် ထပ်မံ အရေးယူမှုများပြုလုပ်ရန်လိုအပ်နေကြောင်းလည်း  တရားစီရင်ရေးနယ်ပယ်နှင့် နီးစပ်သူများထံမှ သိရသည်။ 
    
ဖြစ်စဉ်မှာ သတင်းထောက်မခိုင်သည် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခွဲတွင် သတင်းမေးမြန်းရန် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်၌ နေထိုင်သူ အထက်တန်းရှေ့နေ ဒေါ်အေးအေးဖြိုး၏ နေအိမ်သို့ သွားရောက်ခဲ့ပြီး ထိုသို့ သွားရောက်ရာတွင် ၎င်းနှင့်အတူ ဦးသန်းဇော်ဝင်း၏ ဇနီး၊ ယောက်ဖတို့နှင့်အတူ သွားရောက်ခဲ့ကြောင်း သတင်းထောက်မခိုင်၏ ပြောကြားချက်အရ သိရသည်။
    
သတင်းထောက်မခိုင်နှင့်အတူပါသည့် ဦးသန်းဇော်ဝင်းသည် ဆင်ဆာမဲ့ခွေများ ငှားရမ်းမှုဖြင့် လွိုင်ကော်မြို့နယ်တရားရုံးက ဒဏ်ငွေတစ်သိန်း (ငွေဒဏ်) ချမှတ်ခံထားရသူ ဖြစ်သည်။ 
    
ယင်းငွေဒဏ်ချမှတ်ခံရသည့်အမှုတွင် သိမ်းဆည်းခံရသော ဆင်ဆာမဲ့အခွေများတွင် ဦးသော်တာသိန်းဆိုသူ၏ မူပိုင်မြန်မာဇာတ်ကား ၁၃ ကားပါဝင်ကြောင်းနှင့် ယင်းအမှုတွင် ဦးသော်တာသိန်းက တရားလိုအဖြစ် ထွက်ဆိုခဲ့ကြောင်း သိရသည်။
    
ဦးသော်တာသိန်းသည် ရှေ့နေဒေါ်အေးအေးဖြိုး၏ တရားလိုဖြစ်ပြီး ဦးသော်တာသိန်းက ရှေ့နေငှားရမ်းခနှစ်သိန်း ဒေါ်အေးအေးဖြိုးသို့ သွားပေးရန် ဦးသန်းဇော်ဝင်းကို တောင်းဆိုထားခြင်းကြောင့် ဦးသန်းဇော်ဝင်းက ယင်းကိစ္စ ညှိနှိုင်းရန် ဒေါ်အေးအေးဖြိုးထံသို့ ၂၇ ရက်တွင် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စကိုသတင်းရယူရန် သတင်းထောက်မခိုင်က လိုက်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထောက်မခိုင်က"ကယားပြည်နယ်မှာ ဆင်ဆာမဲ့ဗီဒီယိုခွေတွေကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ တရားခံတွေကို တွေ့ဆုံမေးမြန်းပြီးတော့ ဦးသော်တာသိန်းရဲ့ သီရိမွန် ဗီဒီယိုဖြန့်ချိရေး (ရှမ်းမြောက်ပိုင်း) ရပ်ကွက်နေတဲ့သူကို တွေ့ဆုံမေးမြန်းလိုပေမယ့်လို့ မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် ဦးသော်တာသိန်းနေအိမ်ကို တွေ့ဆုံမေးမြန်းဖို့ တရားခံတွေက ရှေ့နေခပေးချေတဲ့နေ့မှာ လိုက်လာဖို့ပြောတဲ့အတွက် ၂၇ ရက်ညမှာ သွားရောက်ဖြစ်ခဲ့ပါတယ်။ အိမ်ရှင်ဒေါ်အေးအေးဖြိုးက ဦးသန်းဇော်ဝင်းဇနီးနဲ့ ယောက်ဖဖြစ်သူတို့ကို တံခါးဖွင့်ပေးခဲ့တာပါ။ ဦးသန်းဇော်ဝင်းတို့က ရှေ့နေခမပေးနိုင်တဲ့အတွက် တောင်းပန်တဲ့အခါကျမှ ကျွန်မက မေးမြန်းခွင့်ပြုဖို့ ရှေ့နေဒေါ်အေးအေးဖြိုးကို ခွင့်တောင်းတဲ့အခါ သူမက ခွင့်ပြုခဲ့ပါတယ်။ ကျွန်မကမမေးမြန်းခင်မှာ ကျွန်မ Eleven က သတင်းထောက်ဖြစ်ကြောင်းကို ပြောပြီးမှ မေးမြန်းခဲ့ပါတယ်။ မေးမြန်းတဲ့အခါမှာ ရှေ့နေခဘယ်လောက်ပေးလဲလို့ မေးလိုက်တဲ့အခါ ဒေါ်အေးအေးဖြိုးက စိတ်ဆိုးသွားပြီး သူမရဲ့ဖခင်ဖြစ်သူ ဦးအောင်ရှိန်ကိုခေါ်ပါတယ်။ 

အဲဒီအခါ ဦးအောင်ရှိန်က မင်းငါ့ကိုသိလား။ ငါကခရိုင် NLD ဥက္ကဋ္ဌ မှုခင်းသတင်းထောက်ရှေ့နေလည်း ဖြစ်တယ်လို့ပြောဆိုပြီး သတင်းမပေးနိုင်ကြောင်း ပြောပါတယ်။ဒါ့အပြင် ဒီခရိုင်မှာ ဘယ်သတင်းထောက်မှ သတင်းလာယူခွင့်မရှိဘူးဆိုတာ မသိဘူးလားလို့ ပြောပါတယ်။ အဲဒီနောက် ဒေါ်အေးအေးဖြိုးက ကျွန်မသတင်းထောက် ကတ်ကိုတောင်းလို့ ပြခဲ့ပါတယ်။ ပေးတော့မပေးခဲ့ပါဘူး။ ကျွန်မက ဥပဒေတွေကိုမသိလို့ ဦးသန်းဇော်ဝင်းနဲ့ လိုက်လာပြီး မေးမြန်းခြင်းဖြစ်ကြောင်းကို ပြောပြပါတယ်။ အဲဒီအခါဦးအောင်ရှိန်က သမီးဖြစ်တဲ့ ဒေါ်အေးအေးဖြိုးကို စခန်းမှူးကို ဖုန်းဆက်ခေါ်လို့ပြောပြီး ခြိမ်းခြောက်ပါတယ်။ ပြီးတော့ မောင်းထုတ်လို့ ဦးသန်းဇော်ဝင်းက တောင်းပန်ပြီးထွက်လာတော့ ကျွန်မတို့ကို ခြံပြင်ရောက်တော့ သူခိုးသတင်းထောက်လို့ အော်ဟစ်မောင်းထုတ်ပါတယ်"ဟု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နိုဝင်ဘာလအတွင်းက ပြောကြားခဲ့သည်။
    
အောက်တိုဘာ ၂၇ ရက် ညပိုင်းက မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့ ရှေ့နေနေအိမ်သို့ သွားရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ အောက်တိုဘာ ၂၉ ရက်တွင် မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့အား တရားရုံးကဆင့်ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ ထိုသို့ဆင့်ခေါ်ရခြင်းမှာ ရှေ့နေဒေါ်အေးအေးဖြိုးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    
မခိုင်သည် နို့တစ်စာ အချခံထားရသူနှင့် လိုက်လာကြောင်း၊ ရှေ့နေများ၊ ဥပဒေများ၊ တရားသူကြီးများကို ဂျာနယ်ထဲတွင် ကြော်ငြာထည့်ရလိမ့်မည်ဆိုသည့် ပုံစံမျိုးဖြင့် အိမ်ပေါ်သို့ အဓမ္မတက်လာကြောင်း၊ ၎င်းအနေဖြင့် မခိုင်အားမပြောသော်လည်း သန်းဇော်ဝင်းအား နှင်ထုတ်ခဲ့ကြောင်း "မင်းဘာဖြစ်လို့ ခေါ်လာတာလဲ"ဟုဆိုကာ ၎င်းကိုယ်တိုင် မောင်းထုတ်ခဲ့ကြောင်း၊ အဲ့ဒါနဲ့ပတ်သက်ပြီး မင်းဥပဒေမဲ့ မလုပ်ရဘူးဟု ပြောခဲ့ကြောင်း၊ ထိုအခါတွင် အဲဒီသူကဆဲသွားကြောင်း၊ အဲဒါနှင့်ပတ်သက်ပြီး တရားစွဲထားကြောင်း၊ တရားလိုမှာ မအေးအေးဖြိုးဖြစ်ပြီး ၎င်းအနေဖြင့် သက်သေလိုက်မည်ဖြစ်ကြောင်း တရားလို မအေးအေးဖြိုး၏ ဖခင်ဦးအောင်ရှိန် (လွိုင်ကော်ခရိုင် NLD ဥက္ကဋ္ဌ) က နိုဝင်ဘာလဆန်းပိုင်းက ပြောကြားခဲ့သည်။
    
"ဒါပေမဲ့ သာမန်အားဖြင့်တော့ သတင်းထောက်တစ်ယောက်ဟာ သတင်းကိစ္စနဲ့ သွားရင်းလာရင်းနဲ့ ပိုက်နက်ကျူးလွန်မှုနဲ့ တရားစွဲပြီး အပြစ်ပေးခံရတယ်ဆိုတာတော့ ဒါကတော့ သတင်းထောက်ဘက်က နစ်နာတာပေါ့။ စတုတ္ထမဏ္ဍိုင် ဆိုတာကတော့ သမ္မတကြီးလည်း ပြောပါတယ်။ တစ်ဦးဦးရဲ့ လုပ်ဆောင်ချက်တွေကို စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေကနေ စောင့်ကြည့်နေကြတယ်။ မှန်မှန်လုပ်ကြပါ။ မျှမျှတတလုပ်ကြပါလို့ သမ္မတကြီးက ပြောထားတာ ရှိတယ်လေ။ အဲ့ဒီတော့ ဒီလိုခေတ်ကြီးမှာ စတုတ္ထမဏ္ဍိုင်အတွက် တာဝန်ယူလုပ်တဲ့၊ မိမိတာဝန်အရ မိမိလုပ်ကိုင်ရတဲ့ သတင်းထောက်တစ်ယောက်ကို ဒီလိုပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့။ သေသေချာချာ မသိရသေးတော့ ဘယ်သူမှန်တယ်။ မှားတယ်ဆိုတာတော့ မပြောလိုဘူး။ ဒါပေမဲ့ ဒါမျိုးအဖြစ်ကတော့ မဖြစ်သင့်ဘူးလို့ပဲ မှတ်ချက်ပေးလိုပါတယ်။ ဖြစ်စဉ်အပေါ် သုံးသပ်ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းထောက်တစ်ယောက်ရဲ့ သတင်းရယူခွင့်ထဲကဆိုရင်တော့ ဒါမျိုးဟာ မဖြစ်သင့်ပါဘူး"ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဒုတိယဥက္ကဋ္ဌနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးဝင်းရွှေက ပြောကြားသည်။
    
"မြန်မာ့ယဉ်ကျေးမှုအရ ပိုင်နက်ကျူးလွန်မှုဆိုတဲ့ကိစ္စကို စဉ်းစားစစ်ဆေးသင့်တယ်။ ရှေ့နေနဲ့ တရားသူကြီးဆိုတာက အပြန်အလှန်အပေးအယူရှိတယ်လို့ ယူဆနိုင်တဲ့အတွက် အလျဉ်အမြန် မဆုံးဖြတ်သင့်ဘူး။ အသရေဖျက်တာလည်း ယူဆလို့မရဘူး။ တစ်ဦးတစ်ယောက်ကို အသရေဖျက်တယ်ဆိုတာ ဘယ်လိုဟာမျိုးဆိုတာကို ထုတ်ပြန်သင့်တယ်။ ဒါက စတုတ္ထမဏ္ဍိုင်ကို စော်ကားသကဲ့သို့ ဖြစ်နေလို့ စိတ်မကောင်းဖြစ်ရတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နောက်ထပ် သတင်းထောက်တွေ သတင်းလိုက်တဲ့အခါ ကြောက်ရွံ့နေမယ်ဆိုရင် မကောင်းဘူး။ အမှန်တရားကို မျက်ကွယ်ပြုရာရောက်မယ်။ ဒါကြောင့် ဒီကိစ္စက ဒီမိုကရေစီနိုင်ငံတည်ထောင်နေတဲ့ အနေအထားမှာ သတိထားဆင်ခြင်သင့်တယ်"ဟု စာရေးဆရာနှင့် သတင်းစာဆရာ ဒေါက်တာခင်မောင်ညိုက ပြောကြားသည်။
 
From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>