Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဦးလေးဖြစ်သူကို ကွက်မျက်ပြီးနောက် ကင်ဂျုံအန် နောက်ထပ် ဖယ်ရှားမည့်သူ ဘယ်သူဖြစ်ဦးမလဲ?

$
0
0

မြောက်ကိုရီးယားက နိုင်ငံ၏နံပါတ် ၂ ခေါင်းဆောင်၊ ကင်ဂျုံအန်၏ ဦးလေးဖြစ်သူကို နိုင်ငံတော် သစ္စာဖောက်မှုဖြင့် အပါအ၀င် အခြားသော စွဲချက်တစ်သီးတစ်တန်းနှင့် သေ ဒဏ်ပေးလိုက်ကြောင်း ဒီဇင်ဘာ ၁၃ရက်က တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

ကင်ဂျုံအန်သည် တစ်ချိန်က မိမိကို စင်ပေါ်တင်ပေးခဲ့သော ဦးလေးဖြစ်သု Jang Song Thaek ကို စစ်ခုံရုံးတင်ကာ ခပ်မြန်မြန်ကွပ်မျက်စေခဲ့ခြင်းသည် သူ၏ နေရာကို လာလှုပ်သည့် မည်သူ့ကိုမျှ မျက်နှာမ
ထောက်နိုင်ဟု ပြောင်ပြောင်တင်းတင်း တုန့်ပြန်ပြလိုက်ခြင်း ဖြစ်လေသလားဟု နိုင်ငံတကာ အသိုင်းအ၀န်းက သုံးသပ်နေကြသည်။

တရုတ်ပြည်နှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ တစ်ဦးကို ကွပ်မျက်မှုသည် ပြုံးယမ်းနှင့် ဘေကျင်းအကြား အပြန်အလှန် သတိထားဆက်ဆံရမည့် အရေးကိစ္စဖြစ်လာခဲ့ပြီ။

တစ်နည်းအားဖြင့် မြောက်ကိုရီးယား၏ စီပွားရေးပြန်လည်တည်ဆောက်မှုနှင့် နျူလက်နက် လျော့ ချရေး အစီအစဉ်အတွက် တရုတ်ကို သံသယနှင့် ဆက်ဆံမှုများ ပိုမိုတိုးပွားလာရန် တွန်းအားပေးလိုက်သလိုပင်။
ဆစ်ဒနေတက္ကသိုလ်မှ အရှေ့မြောက်အာရှလုံခြုံရေး ကျွမ်းကျင်ပညာရှင် ဂျင်ဒေါင်ယမ်းက သင်ဟာ ဂက်စ်ပိုက်လိုင်းတစ်ခုပေါက်သလို အခြေအမျိုးနှင့် ရင်ဆိုင်နေရလျှင် နောက်ထပ်မီးပွင့်တစ်စ တစ်လေမှ မကျရန် အလွန့် အလွန် သတိထားရတောမည်ဟု ဆိုသည်။

သူ့အဆိုအရ ယခုဖြစ်ရပ်သည် အန္တရာယ်ယိုပေါက်တစ်ခု ပွင့်သွားခြင်းဖြစ်၍ နှစ်နိုင်ငံ အဆက်အဆံမပျက် ရင်ကြားအပ်နိုင်ရန်မှာ နောက်ထပ် ဖြစ်ရပ်ဆိုးတစ်ခုမှထပ်ကြုံ၍မရနိုင်တော့သောအခြေအနေမျိုး ဖြစ်လာသည်။

Jang Song Thaek သည် ကင်ဂျုံအန်၏ အုပ်ထိန်းသူတစ်ဦးဟု ဆိုနိုင်သလို ကင်ဂျုံအီလက်ထက်ကတည်း က တရုတ်နှင့် နီးကပ်စွာဆက်ဆံရေးတွင် အခရာကျသူတစ်ဦးဖြစ်ခဲ့သည်။

ယခုအချိန်တွင်တရုတ်နိုင်ငံသားများက မြောက်ကိုရီးယားနှင့်ပတ်သတ်လျှင် ခေါင်းမာသောသစ္စာရှိနိုင်ငံအဖြစ် ရပ်တည်ပေးခြဲ့ခင်း၊ အစဉ်ထောက်ပံ့ ကူညီနေခဲ့ခြင်းများ အပေါ် အစိုးရကို မေးခွန်းထုတ်လျှက်ရှိသည်။

ကင်ဂျုံအန်အသက်၃၀နှစ်၏ဆုံးဖြတ်ချက်ဖြစ်သောအဒေါ်အရင်း၏ခင်ပွန်းကိုအကြီးမားဆုံး ပြစ်ဒဏ်ဖြင့် မြောက်ကိုရီး ယား နိုင်ငံရေးဇာတ်ခုံမှ ဆွဲထုတ်လိုက်ခြင်း သည်သူ၏ဖခင်နှင့်အဖိုးထက်ပင် သွေးအေးပုံပေါက်နေသည်ဟု ကမ္ဘာတစ်ဝန်းမှ မြောက်ကိုရီးယားအရေးစောင့်ကြည့်သူများက ဆိုသည်။

ကင်ဂျုံအန်၏ ဖခင်နှင့် အဖိုး လက်ထက်ကလည်း ထိုသို့သောလုပ်ရပ်များ အမြောက်အများ ရှိခဲ့သော် လည်း သွေးသားနီးစပ်လွန်းသူများအပေါ်တွင် ပါးနပ်သော နည်းလမ်း များသုံးကာ အဝေးပို့ ဖယ်ရှားခဲ့ကြ သည်။ Jang Song Thaek သေဒဏ်မပေးမီ ရက်ပိုင်းအတွင်းကလည်း သူ၏ နောက်လိုက်နှစ်ဦးကို ကွပ်မျက်ခဲ့ ဖူးသည်။

အာဏာရှင်ဆန်သည့် နိုင်ငံများတွင် ထိုသို့သော ကိစ္စများကိုင်တွယ် ဖြေရှင်းသည့်အခါ တစ်ဦးတစ်ယောက် တည်းနှင့် အဆုံးသတ်လေ့မရှိဘဲ မီးခိုးကြွက်လျောက် အသိုက်အ၀န်းတစ်ခုလုံး လောင်မြိုက်တတ်သော သဘောရှိသည်။ထို့အတွက် မြောက်ကိုရီးယား၏အတွင်းလူများထဲမှကင်ဂျုံအင်ရှင်းထုတ်ဦးမည် နောက်ထပ်တစ်ဦး ကျန်ရှိ၊ မရှိကို နိုင်ငံတကာ အသိုင်းအ၀န်းက ဂရုတစိုက် စောင့်ကြည့်နေကြသည်။

From: The Myanma Age

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>