Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ပါဝင်နေမှု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ပြောဆို

$
0
0


    “အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် တပ်မတော်ပါဝင်နေရခြင်းမှာလည်း နိုင်ငံရေးတည်ငြိမ်မှုရင့်ကျက်ခြင်း၊ ပြည်သူပြည်သားများ၏ ဒီမိုကရေစီကျင့်စဉ်များ၊ ဥပဒေနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းများအတွက် ၀ိုင်းဝန်းထိန်းသိမ်းရန် ဖြစ်ကြောင်း”ဟု တပ်မတော်ပိုင် မြ၀တီသတင်းစာ၏ ဒီဇင်ဘာလ ၁၆ ရက်ထုတ် တွင် ဖော်ပြထားသည်။

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်မိသားစုများနှင့် တွေ့ဆုံ စဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုသွားခြင်းဖြစ်သည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် နိုင်ငံရေးတွင် တပ်မတော် ပါဝင်ပတ်သက်နေမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်နှင့်ပြည်သူကို ရန်တိုက်ပေးနေသည်ဟု ဒီဇင်ဘာ ၁၄ ရက် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

    “ပြည်သူနဲ့ တပ်မတော်ဟာ တစ်သွေးတည်းတစ်သားတည်း ဖြစ်စေချင်ပါတယ်။ အခုဟာက တပ်မတော်နဲ့ပြည်သူကို ရန်တိုက်ပေးရုံမကဘူး ပြည်သူတွေ မကျေနပ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ရင် တပ်မတော်ကို တရားခံဖြစ်အောင် လုပ်ထားတယ်လို့ပဲ ကျွန်မမြင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ သည်။

    အလားတူပင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပတ်သက်၍လည်း ဒီမိုကရေစီစနစ်ကို ရယူလိုပါက လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန်လိုသည်ဟု သူက ဆိုသည်။

    “အမှန်တကယ် ဒီမိုကရေစီကို ရယူလိုပါက လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်စရာ မရှိသလို ငြိမ်းချမ်း ရေးကိုလည်း မလွဲမသွေ ရယူရမှာဖြစ်ကြောင်း”ဟု မြ၀တီသတင်းစာက ဖေါ်ပြသည်။

    အဆိုပါ ပြောဆိုမှုနှင့်ပတ်သက်၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ တွဲဖက်အတွင်ရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ တိုင်းရင်းသားတို့ကို လက်နက်စွန့်ရေး ပြောဆိုမှုသည် မှာ စောလွန်းနေပြီး လက်တွေ့တွင် မဖြစ်နိုင်သေးဟု တုံ့ပြန်ပြောဆိုသည်။

    “ငြိမ်းချမ်းရေးဆွေးနွေးဖို့ လက်နက်စွန့်ဖို့ မလိုပါဘူး။ ဒီငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာက နိုင်ငံရေးဆွေးနွေးပွဲ ပြီးဆုံးသွားရင်တော့ ဒါ လက်နက်ကိစ္စ ပေါ်လာမယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲကိစ္စ မလုပ်သေး ဘူးဆိုရင်တော့ ယုံကြည်မှုမရှိဘဲ ဘယ်သူက သွားပြီး စွန့်မှာလဲ”ဟု ခွန်ဥက္ကာက ပြောသည်။

    ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုမှုသည် တပ်တွင်းစည်းရုံးရေး လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟုလည်း ခွန်ဥက္ကာက ယူဆသည်။ “လက်နက်ကိုင် တိုင်းရင်းသားတွေကို အကြောင်းပြပြီးတော့ တပ်တွင်းညီညွတ်ရေး ပြန်ခေါ်ချင်တဲ့ သဘောမျိုးဖြစ်နိုင်တယ်”ဟု ပြောသည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုနေသော လက်နက်စွန့်ရေးသည် အစိုးရ၏ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးမူကြမ်းနှင့် တစ်ထပ်တည်း ဖြစ်နေပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် လက်နက်စွန့်ရန် မလိုအပ်သေးဟုလည်း သူက ဆက်လက် ပြောဆိုခဲ့သည်။

    ကရင်အမျိုးသားအစည်းအရုံး၏ KNU တွဲဖက်အတွင်းရေးမှူး ၂ ပဒိုမန်းမန်းကမူ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် လက်နက်စွန့်ရေး ပြောဆိုနေမည့်အစား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေ ရှင်းကြမည်ဆိုသည့် သတင်းစကားပါစေလိုသည်ဟု ဆိုသည်။

    “လက်နက်စွန့်ရေး ပြောမယ်ဆိုတာထက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြမယ်ဆိုတဲ့ စာလုံးနဲ့ဖြစ်ဖြစ်၊ ခံယူချက်နဲ့ဘဲ ဖြစ်ဖြစ်၊ အဲဒီလို ကြိုးစားဆောင်ရွက်မယ်ဆိုရင်တော့ သင့်လျော်ပါလိမ့်မယ်” ဟု ပဒိုမန်းမန်းက ပြောသည်။

    အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တို့ထံ တင်ပြထားသည့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းပါ အချက်များသည်လည်း လက်နက်ကိုင်ရေးကို ညွှန်းဆိုနေပြီး တိုင်းရင်းသားလက်နက်ကိုင်တို့က လက်မခံနိုင် ဖြစ်နေသည်။



မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ပါဝင်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အ တိုင်း ဒီမိုကရေစီကျင့်စဉ်များကို ၀ိုင်းဝန်းထိန်းသိမ်းရန်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ပြောဆိုလိုက်သည်။

From: Mizzima - News in Burmese

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>