Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိတ္ထီလာမြို့တွင်းနေ မွတ်ဆလင်လူမျိုးအား မြို့ပြင်ဘောလုံးကွင်းသို့ ပို့ဆောင်ပေးလျက်ရှိ

$
0
0

မိတ္ထီလာမြို့အတွင်း မတ်လ ၂၀ရက်နေ့ မွန်းလွဲပိုင်းအချိန် ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော လူမျိုးရေးပဋိ ပက္ခများ ကြောင့် မတ်လ ၂၁ရက်နေ့တွင် သီရိလင်္ကာရပ်ကွက်နေ မွတ်ဆလင်လူမျိုးပေါင်း ပထမ အသုတ်ဖြစ် သည့် လူဦးရေ ၁၀၀၀ကျော်မှာ မြို့အတွင်း ဆက်လက်မနေထိုင်ရဲသော ကြောင့် မြို့ခံလူငယ် အချို့မှ ကာကွယ်ဝန်းရံပေးကာ မြို့နှင့် မိုင်၃၀ဝေးသည့် ခရိုင်ဘောလုံးကွင်းသို့ လိုက်ပါပို့ဆောင် လျက် ရှိကြောင်း မိတ္ထီလာမြို့ခံတစ်ဦးဖြစ်သူ ဒေါက်တာ စန်းလှိုင်က ပြောကြားသည်။ “အခု ညနေ ၄ခွဲ အကျော်ပေါ့။

လမ်းမပေါ်မှာ မွတ်ဆလင် ၁၀၀၀နီးပါးလောက် လက်တွေမြှောက်ပြီး လမ်းလျှောက် နေတယ်။ သိရတာ ကတော့ သူတို့က မြို့ပြင်ကိုထွက်ချင် တယ်ဆိုလို့ လက်နက်ချ လက်တွေမြှောက်ခိုင်းပြီး မြို့ခံ လူငယ်တွေ က မြို့နဲ့ မိုင်၃၀ဝေးတဲ့ ခရိုင်ဘောလုံးကွင်းကို လိုက်ပို့ပေးနေတယ်။ ဘာအဖွဲ့အစည်း အာဏာပိုင်တွေမှ မပါဘူး”ဟု ၎င်းက ပြောကြားသည်။ ယင်းသို့ မြို့ခံလူငယ်အချို့မှ မွတ်ဆလင်လူမျိုး ၁၀၀၀နီးပါး ခန့်ကို လိုက်ပို့နေစဉ် မွတ်ဆလင်လူမျိုး လူဦးရေ ၅၀၀ခန့်အား သက်ဆိုင်ရာ အာဏာပိုင် ၂၀နီးပါးမှ ၎င်းတို့အ ဖွဲ့နောက်မှ ကာကွယ်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိတ္ထီလာမြို့နှင့် မိုင်ပေါင်း ၄၈မိုင်ဝေး သည့် ဆူးလေ ကုန်းကျေးရွာတွင်လည်း ဒုက္ခသည် မွတ်ဆလင်လူမျိုး လူဦးရေ ၃၀၀နီးပါးခန့် ထားရှိထားကြောင်း ဒေါက်တာ ဦးကျော်တင့်၏ ပြောကြားချက်အရ သိရသည်။
From:Myanma Age

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...