Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အဲသလောက်ကို မုန်းရသည်+++အဲသလောက်ကို မုန်းကြမည်+++

$
0
0





မဟုတ်..တရုတ်ကတော့..တော်တော်ဒုက္ခပေးတယ်နော်။ပတ်စာခွာ ဖျာသိမ်းပြီးတာတောင် ဖိနပ်ပျောက်၊ဖျာပျောက်ရှာလို့ မဆုံးလောက်ဘူး။

အမေရိကန်ကို ဒုက္ခပေးတာလည်း ခင်ဗျ။ခင်ဗျားက ငွေတိုက်စာချုပ်တွေကိုင်ထားပြီး ဒိုင်စားသွားမှာကို..ကိုရွှေကန်တို့ချီးချမ်းအောင် ကြောက်ကြတယ်ဆိုလားပဲ။ဈေးကွက်
ဖွင့်ပြီး သူနိုင်ကိုယ်နိုင်အပြိုင်ကျဲရာမှာလည်း ခင်ဗျားက ပထမစွဲတယ်နော် ။ကြိုကာချေစနစ်သုံးပြီး ခင်ဗျားဆီက ကုန်စည်အခွန်ကို မြှင့်ကောက်တာတောင် 
ကိုရွှေကန်တို့ ခွက်ခွက်လန်နေတုန်းပဲကြားတယ်။သိပ်လည်း စိတ်လိုက်မာန်ပါ မလုပ်ပါနဲဗျာ။ကိုရွှေကန်တို့ ဒေ၀ါလီခံပြီးအကုန်လူမွဲစာရင်းသွင်းခံရ
ကျောက်ခေတ်ပြန်ရောက်ကုန်ကြရင် အရပ်ရပ်နေပြည်တော်၊ကြားလို့မှ မတော်ဗျာ။

တစ်ခါ ကိုရွှေဂျပန်။သူလည်း ဘယ်လောက်ပဲ ဆင်ဖမ်းမယ် ကျားဖမ်းမယ် ပြောပြော။ဖတ်ဖတ်သာ မောတယ်တဲ့။အကြီးဆုံးကုန်သွယ်ဘက်တွေဆိုတော့ ခင်ဗျားကို ကျောသပ်ရင်သပ်ပါပဲ။တော်ကြာ ခင်ဗျားရိုက်ခွဲလို့ သူတို့စားအိုးကွဲရင် အာရှကျားကနေ၊ နွားဖြစ်မှာလေ။

ပြီးတော့ ကိုရွှေကိုရီးယား။သူတို့ကိုလည်း သနားပါဗျာ။သူတို့မှာ ရောင်းစားစရာ နည်းပညာပဲရှိတာလေ။ခင်ဗျားက ဒါကို ဘယ်သူသေသေ ငတေမာပြီးရော သဘောထားပြီး ပန်းပဲရွာထဲ အပ်ရောင်းသွားလို့တစ်ချို့မိုဘိုင်းတွေ ရောင်းအားကျဆင်းတယ်ဆိုလားပဲ။
မတူတော့ မတုနိုင်ကြပါဘူးဗျာ။ခင်ဗျားလို လျှော့ဈေးပေါ့ဈေးနဲ့ တစ်ကျော့ပေး နှစ်ကျော့ပေး လုပ်လို့မှ မရတာကို။

အင်းလေ။အင်္ဂလန်တောင် ရင်ခံခဲ့ရတာ ခင်ဗျားကြောင့်မဟုတ်လား။လန်ဒန်အိုလံပစ် နည်းပညာသစ်တွေ ခင်ဗျားလက်၊ခင်ဗျားခြေနဲ့ ကင်းမှမကင်းတာကို။ခင်ဗျားလည်း ပြောရရင် အမေရိကန်နဲ့ မထူးပါဘူး။အမေရိကန်က သူနည်းပညာနဲ့ စစ်လက်နက်ပစ္စည်းတွေကို ကမ္ဘာအရပ်ရပ်မှာစစ်တလင်းတွေခင်းပြီး ဈေးကွက်တင်တယ်။ခင်ဗျားက ဘေကျင်း
အိုလံပစ်ကျင်းပပြီး ကမ္ဘာကို နားလှည့်ပါးရိုက်တာကိုဗျ။

ခင်ဗျားက နေရာတကာ ပါလေရာနော်။ကျူးဘားလည်း ရူးသွားပါဦးမယ်။
သိပ်မလုပ်နဲ့။ပါကစ္စတန်လည်း ခင်ဗျ။ဘင်္ဂလားကျလည်း ခင်ဗျ။အာဖရိကကျလည်း ခင်ဗျ။အီရတ်နဲ့ အာဖကန်မှာတောင် စားခွက်ဝင်လုတယ် ပြောနေတယ်နော်။

မြောက်ကိုရီးယာကိုလည်း ကြယ်ရံနိုင်ငံသဖွယ်ဆိုလား ကြားသဗျား။ကမ္ဘာယမ်းအိုးကြီးတော့ တရုတ်နှစ်သစ်ကူးမှာ မီးရူးဖောက်သလို မလုပ်လိုက်ပါနဲ့ဗျာ။အားလုံး မာလက ဈန်ကြွကုန်မှာ စိုးလို့။

ပြီးတော့ ကျုပ်တို့အရှေ့တောင်အာရှကော ဘာထူးလဲ။
ထိုင်းကိုတောင် လေကြောင်းရန်ကာကွယ်ရေး နည်းပညာပေးပြီး ကျုပ်တို့ကို ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ လုပ်ဦးမယ်ဆိုလား နားစွန်နားဖျား ကြားမိသဗျာ။ကမ္ဘောဒီးယား၊လာအို၊မလေး၊အင်ဒို ဘာထူးလဲ။စင်္ကာပူနဲ့တော့ တစ်စင်ထူနေတာ မငြင်းပါနဲ့ဗျာ။

ဘာ မြန်မာ ကျန်သေး။ဟုတ်လား။ နားထားစမ်းပါဗျာ။ကျုပ်တို့ သယံဇာတတွေလည်း အရိုးပေါ်အရေတင်နေပြီဆိုပဲ။ကျွန်စုပ်တဲ့ သရက်သီးကမှ အစေ့ကျန်သေးဆိုလား။ကျုပ်တို့က မလုပ်ချင်သေးလို့ပါဗျ။မေချုတက်လာရင် ကြည့်။ခင်ဗျားကို ရှောင်လေဝေးဝေး မူးယစ်ဆေးပဲ။

သြော်..ခင်ဗျားက သွေးခွဲတာလည်း ပိုင်တယ်နော်။မြန်မာပြည်ရဲ့ အထင်ကရ၊ ၂၀၁၅မှာ အာဏာရမယ့်ပြည်သူ့အချစ်တော်ပါတီကြီးကိုလည်း လာလည်ဖို့ဖိတ်ခေါ်ထားတယ်ဆိုပဲ။ တစ်ရုတ်စက်..တစ်ရက်စုတ်တွေ လက်ဆောင်ပေးပြီး ဘေးတီးမပေးပါနဲ့။မေချုက တရုတ်ဘက်လိုက် မိုက်ဖက်မပါဘူးဗျ။ကုလားမှ ကုလား။အဘားမှ …အဘားပဲ။

ခင်ဗျား… ဟိုစပ်စပ်..ဒီစပ်စပ်..၀င်ပတ်သက်နေတာ ရပ်တမ်းက ရပ်ပါတော့ဗျာ။ခုဆီးဂိမ်းတောင် ခင်ဗျားဝင်နှောက်လို့ စည်းလုံးမှုပျောက်နေပြီ။မြစ်ဆုံတည်းက ခေတ်ကုန်ပြီဆိုတာ သိဖို့ကောင်းတယ်။ခုလို အကူညီတွေ တနင့်တပိုးပေးပြီး ဖွင့်ပွဲကြီးကို မီးရူးမြိုင်မြိုင် အလင်းလှိုင်လှိုင်ဝေလိုက်တော့ မမြင်ဖူး မူးမြစ်ထင်ကြတာပေါ့။လှူချင်ရင် ဒီပြင်နိုင်ငံတွေလှူပါဗျာ။ကျုပ်တို့ နိုင်ငံကလူတွေက ဒီလောက်လှပတဲ့ မီးရောင်ထိန်ထိန်ဆိုတာ မနှင်းတို့အိမ်လောက် ကြားဖူးကြတာ။မိုးဇက်ဝိုင်တုန်းကလည်း ဘယ်တော့မှ မသေတဲ့ ဘိုင်းရပ်စ်တွေ လွှတ်ထည့်လိုက်တာ ကျုပ်ရိပ်မိတယ်နော်။

ပြီးတော့ ခင်ဗျားတို့သိအောင် ကိုယ်ပေါင်ကိုလှန်ထောင်ပြဦးမယ်ဗျ။
တရုတ်မ ပေါင်လိုဖွေးဖွေးတော့ မဟုတ်ဘူး။အမွှေးလက်တစ်ဆုပ်နဲ့ မည်းကျုတ်ကျုတ်။
ကျုပ်တို့ အမျိုးတွေက မနာလို တိုရှည်အမျိုးတွေဗျ။နောက်ပြီး ဘယ်သူမှ တပည့်မရှိဘူး။ အားလုံးဆရာ ချည်းပဲ။ရှေ့ဆောင်နွားလားဆိုတာ အလကား။ဒုန်းဆိုင်းပြေးတဲ့နွားတွေ။
ကိုယ်ထင်ရာ ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်ဆိုတာ မကြားဖူးဘူးတူတယ်။
မြန်မာပြည်ကို လူလည်လုပ်ချင်ရင် မြန်မာစကားအရင်သင်ခဲ့ဦး။

နောက်ဆုံး ကုန်ကုန်ပြောမယ်ဗျာ။ခင်ဗျားတို့ ကျုပ်တို့အိမ်ရိပ်တောင်မနင်းနဲ့။ကမ္ဘာတစ်ခုလုံး ခင်ဗျားနည်းပညာသုံးသုံး ကျုပ်တို့မသုံးဘူး။ကျောက်ခေတ်ရောက်ရောက် ဘာရောက်ရောက် ဟုတ်ပြီလား။အဆုံးစွန်ထိ ပြောရရင် အီးအီးကုန်းတာတောင် ခင်ဗျား စက္ကူမသုံးဘူး။အရင်ကလို တုတ်ထင်းချောင်းသုံးမယ်။

လေလည်ရင်တောင် ကျုပ်တို့ဘက် လှည့်မလည်နဲ့။တော်ကြာ ကျုပ်တို့နိုင်ငံငယ်လေး နာဂစ်ထက် လစ်သွားမှာစိုးလို့။

ကဲ…ရွှေမြန်မာတို့ ခင်ဗျားတို့ လက်ကိုင်ဖုန်းကအစ တိုလီမုစ္စအဆုံး တရုတ်ပစ္စည်း လုံးဝမသုံးကြနဲ့။

အမေချုခေတ်ရောက်ပြီ ရွှေမြန်မာပြည်…

တရုတ်ကင်းသည် ရွှေမြန်မာပြည်…

အာပနားတို့မဟီ ရွှေမြန်မာပြည်လို့ သုံးကြိမ်တိုင်အောင် ကြွေးကြော်ပြီးသကာလ…ရှိခိုးဦးချ ကန်တော့လိုက်ကြရအောင်ဗျားးးးးးးး……(သာဓု)၁၀၀။

(အောင်ဇေ)
ဓာတ်ပုံလေး ယူသုံးမိတာ ခွင့်လွှတ်ပါဗျာ။နည်းပညာ မချမ်းသာလို့ပါ။   
 
From: Aung Zay

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>