Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စိန်ခေါ်မှုတွေကို ဥပမာ ပြောရရင် ကုန်မယ်တောင် မထင်ဘူး သင်ဇာဝင့်ကျော်

$
0
0
သင်ဇာက ဖြစ်နေတဲ့ ပစ္စုပ္ပန် ကိုပဲတွေးတယ်။ အနာဂတ် ကိုလည်း မတွေးဘူး။ ဖြစ်ပြီးတဲ့ အတိတ်ကို လည်း ပြန်ပြီးတော့ မစဉ်းစားဘူး။ ရေရှည်ကို မတွေး တတ်တဲ့အခါကျ တော့ ဘယ်အထိ ရောက်အောင်ငါ ဘာလုပ်မယ် ဆိုတဲ့စိတ်လည်း မရှိပါ ဘူးဆိုတဲ့ သင်ဇာဝင့်ကျော်ကို သရုပ်ဆောင် လောက အကြောင်း တစ် စေ့တစ်စောင်း လေ့လာကြည့်တဲ့ အခါ..
Q. အနုပညာလောကမှာ ပေါင်းသင်း ဆက်ဆံရေး ကအရေး ကြီးတယ်ဆိုတော့ သင်ဇာအတွက် ရော ဘယ်လောက်ထိ အရေးပါလဲ။
A. ပေါင်းသင်း ဆက်ဆံရေးက တကယ်အရေးပါ ပါတယ်။ အရင် တုန်းက အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့ အိမ်၊ ဒီအဖေ၊ ဒီအမေနဲ့ပဲ ထိတွေ့ နေရတယ်။ အပြင်သူငယ် ချင်းတွေ နဲ့တောင် သိပ်မတွေ့ဖြစ်ဘူး။ ဒီ လောကထဲဝင်တုန်း ကဆို အိမ်မှာနေ သလိုအေးဆေးပဲနေတယ်။ ဘယ် သူနဲ့မှလည်းအရောတဝင်စကားမ ပြောဘူး။ အဲဒီအတွက် သင်ဇာကို မာနကြီးတယ် လို့ပြောကြတယ်။ ဒါ ပေမဲ့ ကိုယ်ကတော့ နေတတ်သလို ပဲနေတယ်။ ဒီလောက ထဲရောက်ရင် ဟိုလူ့အရောဝင်၊ ဒီလူ့အရောဝင်နေ ရမယ်ဆိုတာ နားမလည် ခဲ့ဘူး။ နောက်ပိုင်း ဒီလောက ထဲရောက် တာကြာမှ အထာကိုသိပြီးနေလို့အ ဆင်ပြေ သွားတယ်။
Q. အဲဒီအတွက် သရုပ်ဆောင် အလုပ်အပေါ်မှာရော စိတ်မကုန် ဘူးလား။
A. ဒီအလုပ်ပေါ်မှာတော့စိတ် မကုန်ဘူး။ လူတွေအပေါ်မှာပဲစိတ် ကုန်တာပါ။ ဒီအလုပ်က ကိုယ့်ကို ဘာဆိုးကျိုး၊ ဘာဒုက္ခမှမပေးဘူး။ ဝါ သနာပါတဲ့အလုပ်ကို ပရိသတ်အ တွက်လုပ်နေရ တဲ့အတွက်ကျေနပ် တယ်။ ဒါပေမဲ့ အလုပ်နဲ့ပတ်သက် ပြီးပေါင်းရတဲ့လူတွေကတော့ Effect အမျိုးမျိုးပေးတယ်။ ဒီလောက် ပါပဲ။ အလုပ်ကိုစိတ်ပျက်တာမျိုး တော့မရှိပါဘူး။ အနုပညာနဲ့လူတွေ အပေါ်ကိုစိတ်ပျက်ချင် စိတ်ပျက် ကောင်းပျက်လိမ့်မယ်။
Q. လက်ရှိအချိန်မှာ အနုပ ညာရှင်တစ်ယောက်က အောင်မြင် မှုမှတ်တိုင်တစ်ခုစိုက်ထူနိုင်ဖို့ အတွက် ကြိုးစားရတာနဲ့အောင်မြင်ပြီး သားဘဝတစ်ခုကို ထိန်းသိမ်းရတာ ဘယ်ဟာပိုခက်မယ် ထင်လဲ။
A. အောင်မြင်အောင်ကြိုးစား တဲ့အချိန်မှာ ဘာဖိအားမှမရှိဘူး။ ဒီ အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်တယ်။ တကယ်လို့အောင်မြင် သွားတယ်ဆိုရင်တာဝန်လည်းပိုကြီး တယ်။ ပြီးရင် ဘေးပတ်ဝန်းကျင်က လူတွေက သူအောင်မြင်သွားပြီလို့ လက်ခံ လိုက်တဲ့ အချိန်မှာ အောင်မြင် အောင်ကြိုးစားရတာထက် နှစ်ဆ လောက်ပိုပြီးကြိုးစားရမယ်လို့မြင် တယ်။ အဲဒီအတွက် အောင်မြင်တာ ကိုထိန်းသိမ်းရတာ ပိုပြီးခက်ခဲပါ တယ်။ ပိုပြီးလည်းသည်းခံစိတ်ရှိရ မယ်ထင်တယ်။
Q. သင်ဇာ့ အနေနဲ့ လက်ရှိအ ချိန်ထိ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ရင် ဆိုင်ခဲ့ရလဲ။
A. စိန်ခေါ်မှုတွေကတော့အ မျိုးမျိုးပါပဲ။ သွေးတိုးစမ်းချင်တဲ့လူ တွေရော၊ ကိုယ့်ရဲ့နူးညံ့တဲ့စိတ်ကို ဆိုးရွားအောင်လုပ်ချင်တဲ့လူတွေပါ အမျိုးမျိုးပါပဲ။ ဥပမာပြောရမယ်ဆို ရင် ကုန်မယ်တောင်မထင်ဘူး။ ဘာ လို့လဲဆိုတော့ ကျော်လွှားလာခဲ့ရ တဲ့နှစ်သက်တမ်းကလည်း ခုနစ်နှစ် ရှစ်နှစ်လောက်ရှိပြီဆိုတော့ ဒီဒဏ် တွေကိုအများကြီးခံခဲ့ရတယ်။ ဒါပေ မဲ့အကုန်လုံးကို မေတåာပဲထားလိုက် တယ်။ အဲဒီအတွက် ဒီအချိန်မှာ ကိုယ့်အတွက် အသေးအမွှားဖြစ် သွားပါပြီ။ ဘာမှမပြောပလောက် တော့ဘူး။
Q. ခုနောက်ပိုင်း သရုပ်ဆောင် လောကထဲကို မျက်နှာသစ်တွေများ စွာဝင်လာတဲ့အတွက် သင်ဇာ့ရဲ့ လက်ရှိနေရာအတွက်ကိုရော စိုးရိမ် စိတ်ဖြစ်မိလား။
A. သင်ဇာနောက်တက်လာ တဲ့သူတွေကိုလည်း ရှင်းရှင်းပြောရ ရင် မကြောက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ကိုယ်တိုင်အရည်အ ချင်းရှိတယ်လို့ယုံကြည်ထားရင် ဘယ်သူ့ကိုမှကြောက်စရာမလိုဘူး။ ဒီအလုပ်ကို ကိုယ်တကယ်လုပ်နိုင် တယ်ဆိုရင် ကိုယ့်နေရာမှာမြဲနေမှာ ပဲလေ။ ဖယ်ပေးရမယ်လို့တော့မ ထင်ဘူး။ အဲဒီအတွက်ဖိအားတွေမ ရှိပါဘူး။
Q. ပွင့်ပွင့်လင်းလင်း နေထိုင် တတ်တဲ့ သင်ဇာ့ကို ဘေးလူတွေက အပြစ်မြင်ကြတဲ့ အပေါ်ဘာပြော ချင်လဲ။
A. ပြောချင် တာပြောကြပါ စေ။ ဒါကတော့ ကိုယ့်ပုံစံနဲ့ကိုယ်ပဲ။ ပွင့်ပွင့်လင်းလင်းပြောတ လို့လည်း သင်ဇာဝင့်ကျော်ဆိုပြီး လူတိုင်းသိ သွားတယ်။ အဲဒီအတွက် သူတို့ကို လည်း အပြစ် မတင်ပါဘူး။ လူတစ် ကိုယ်အကြိုက်တစ်မျိုးစီပဲလေ။ ချစ် တဲ့လူလည်း ရှိချင်ရှိမယ်။ မုန်းတဲ့လူ လည်းရှိတယ်။ ငါကို မုန်းနေလို့ ပြန်မုန်းလို့မှ မရတာ။ သူချစ်မယ့် ပုံစံမျိုး ကိုယ်က နေပြရမယ်။
Q. တက်တူးနဲ့ပတ်သက်ပြီး တော့ ရှေ့ဆက်ဘယ်လို မျိုးပုံစံတွေ လုပ်သွားဖို့ရှိလဲ။
A. တက်တူးကတော့ထိုးမှာ ပါ။ ကြိုက်လည်းကြိုက်တယ်။ ဝါ သနာလည်းပါတယ်ဆိုတော့ ဆက် ပြီးတော့ထိုးသွားမယ်။ အခုကိုယ် လိုချင်တဲ့ပုံရှာမတွေ့သေးလို့ရပ်ထား တာပါ။
Q. နောက်ဆုံးအနေနဲ့ ၂ဝ၁၄ ခုနှစ်မှာ မင်္ဂလာပွဲကျင်းပကြတော့ မယ့် အနုပညာညီအစ်မတွေအ တွက် စကားလက်ဆောင်ပြောပေး ပါဦး။
A. သူတို့အတွက် ဂုဏ်ယူပါ တယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဘဝ အတွက် တစ်သက်တာ လက်တွဲဖော် ကိုရွေးချယ် သွားနိုင်ပြီဆိုတော့ သူ တို့အစား ဂုဏ်လည်း ယူတယ်။ ဝမ်း လည်းဝမ်း သာတယ်။ သူတို့တွေတ ကယ်ချစ်တဲ့လူနဲ့ သေတစ်ပန်သက် တစ်ဆုံး ရွှေလက်တွဲပြီး ခိုင်မြဲကြပါ စေလို့ ဆုတောင်းပေး ပါတယ်။ 

From:ရိုးရာလေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>