မြန်မာက အမျိုးသမီး နှစ်ယောက်တွဲလှေလှော်ပွဲမှာ နှာတစ်ဖျားနဲ့ကပ်ပြီးနိုင်တယ်။ရွှေရတယ်။ ပြိုင်နေတဲ့ကာလမှာ အသည်းတယားယားနဲ့ဆိုပါတော့။ စင်္ကာပူကလည်းကပ်လျှက်ပါလာတော့ ပိုဆိုးတာပေါ့။အမျိုးသားပွဲမှာ ကပ်ပြီးဒုတိယပဲရလိုက်တာတွေ့လိုက်ရတော့ ရင်တုန်နေတာအမှန်ပဲ။ အမျိုးသမီးပြိုင်ပွဲမှာ ရွှေဆိုတာရစေချင်တာအမှန်ပဲ။ ကျွန်တော့်ရဲ့စည်းရုံးမှုအောက်မှာ ရုံးမှာရှိနေတဲ့ ညီငယ်တွေ၊ စာရေးတွေပါပြိုင်ပွဲကို အားပေးနေကြတယ်။ တကယ့်ကို မိနစ်ပိုင်းသာသာပါပဲ။စတာထွက်တယ်။ မြန်မာက နံပါတ် (၄) လောက်မှာ ပဲရှိတယ်။ နောက် ၁၀ စက္ကန့်လောက်အတွင်းမှာ ဒုတိယနေရာကိုတက်လာတယ်။ ပန်းဝင်ဖို့နီးလာစဉ်မှာ မြန်မာနဲ့ စင်္ကာပူက သူမသာ၊ကိုယ်မသာအခြေအနေ။ ကျွန်တော်တို့ TV ကနေတဆင့် ကြည့်နေတဲ့သူတွေရဲ့အားပေးသံကို ပြိုင်နေတဲ့ အမျိုးသမီးတွေမကြားနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်အော်ဟစ်အားပေးပါတယ်။ ရုံးအဖွဲ့ကလည်း ငါတို့ဌာနက နောင်တော်ကြီးတောင်အော်သေးတာပဲ ဆိုတဲ့အတွေးနဲ့လိုက်အော်ပြီးအားပေးပါတယ်။ ရုံးကြီးတစ်ခုလုံးမှာ ကျွန်တော်တို့ဌာန ရဲ့အော်သံဆူနေတာသေချာပါတယ်။ ပန်းဝင်ပါပြီ။
နှာတစ်ဖျားအသာနဲ့ မြန်မာနိုင်ပါတယ်။ ပိုပြီးဆူညံသွားပါတယ်။ ဌာနမှာ အကြီးဆုံးအဆင့်
ကျွန်တော်ကပိုအော်ပါတယ်။ မြန်မာကွ .....ဆိုတဲ့အသံတော်တော် ကျယ်ပါတယ်။
ဒီတော့ ဘာဖြစ်သလဲဆိုတော့ ကျွန်တော်တို့ရုံးကြီးတစ်ခုလုံးမှာ အကြီးဆုံးအဆင့်(ကျွန်တော့်ထက် (၆)ဆင့်မြင့်သူ) ကခေါ်မေးပါတယ်။ ဆူဖို့ခေါ်တာပါ။ သူ့ရှေ့ရောက်တော့ ဘယ်လိုဖြစ်နေတာလဲ။ရုံးချိန်ဆိုတာမသိဘူးလား။ !@#$%^^&& စုံနေအောင်ပြောပါတယ်။ ပြီးတော့မှ ဘာလို့ဆူနေတာလဲတဲ့။ ကျွန်တော်သေချာရှင်းပြပါတယ်။ မြန်မာကိုအားပေးခဲ့တဲ့အတွက် ဒီလိုဖြစ်တာဖြစ်ကြောင်းနဲ့ ကျွန်တော့်မှာသာတာဝန်ရှိကြောင်းတင်ပြတော့ ထင်မထားတဲ့စကားတစ်လုံးထွက်လာပါတယ်။ ငါတို့ကတော့ ဒုက္ခပါပဲကွာ။ငါလဲမင်းတို့လို အားပေးချင်နေတာ။ခက်တာက ရထားတဲ့ရာထူးအရ မလုပ်သင့်ဘူးထင်လို့တဲ့။ ကဲ..ဒိတော့ အားပေးတာကို ညနေ ၃ နာရီခွဲအထိ နည်းနည်းထိန်းထား။ ၃ နာရီခွဲကျော်ရင်အော်သာအော်။ ငါလဲအိမ်ပြန်အော်မယ်တဲ့။ ယခင်က သာမန်အချိန်မှာ နာမည်ကြီးဆရာသမားဟာဒီနေ့မှာတော့ ထူးထူးဆန်းဆန်းပျော့ပြောင်းသွားတာက ထူးဆန်းနေတာအမှန်
ပါ။ ကျွန်တော်သိလိုက်တာက မြန်မာဆိုတဲ့စကားလုံးလေးနှစ်လုံးကြောင့် လူတစ်ယောက်ရဲ့
စိတ်ဓါတ်ကိုတောင် ခေတ္တ၊ ခဏပဲဖြစ်ဖြစ်ပြောင်းသွားစေနိုင်တယ်ဆိုတာပါပဲ။
ကျွန်တော်ကျေနပ်နေပါတယ်။
ပါ။ ကျွန်တော်သိလိုက်တာက မြန်မာဆိုတဲ့စကားလုံးလေးနှစ်လုံးကြောင့် လူတစ်ယောက်ရဲ့
စိတ်ဓါတ်ကိုတောင် ခေတ္တ၊ ခဏပဲဖြစ်ဖြစ်ပြောင်းသွားစေနိုင်တယ်ဆိုတာပါပဲ။
ကျွန်တော်ကျေနပ်နေပါတယ်။
ဒီပုံကိုကြည့်ပီး သူတို့မှာ ကြည့်စရာ တီဗီမရှိလို့၊ လျှပ်စစ်မီး မရှိလို့ ဒီလိုလေး ပလက်ဖောင်းမှာ ကြည့်နေရတယ်လို့ ဆိုလိုက်တယ် ဟုတ်လား..........
ပလက်ဖောင်းပေါ်မှာ ထိုင်ကြည့်တိုင်း သူတို့မှာ တီဗိမရှိဘူးထင်ရင် မှားလိမ့်မယ်ဗျာ...... ဝမ်းရေးအတွက် လမ်းဘေးမှာ ဈေးရောင်းနေပေမယ့် သူတို့လည်း ကြည့်ချင်တဲ့အခါမှာ နီးစပ်ရာ ဝင်ကြည့်တာပါပဲ......
LED ဘုတ်နဲ့ဆိုတော့ ကြီးကြီးမားမား ကြည့်ရလို့ အားရပါးရ ကြည့်တဲ့လူတွေလည်းရှိကြပါတယ်..... တစ်ခြားမကြည့်ပါနဲ့ ဆိုင်ကယ်ဦးထုပ်နဲ့ လူကအစ ထိုင်ကြည့်နေတာကိုကြည့်ရင် သိနိုင်ပါတယ်ဗျာ.......
အိမ်မှာ အပေါ်စက်၊ အောက်စက်၊ စလောင်း အပြည့်အစုံရှိပေမယ့် လက်ဘက်ရည်ဆိုင် / ဘီယာဆိုင်မှာ ဘောပွဲလေး သွားကြည့်လိုက်ရမှ အရသာရှိတယ်ဆိုတဲ့ အညာသားတွေရဲ့ ခံစားချက်လေးကိုလည်း ထည့်စဉ်းစားမိရင်...... ဒီအပေါ်က ပြည်သူတွေ ရိုးရိုးသားသား ပျော်တာကို အရောင် မဆိုးပါနဲ့တော့ဗျာ......
From:Voice of James Mintပလက်ဖောင်းပေါ်မှာ ထိုင်ကြည့်တိုင်း သူတို့မှာ တီဗိမရှိဘူးထင်ရင် မှားလိမ့်မယ်ဗျာ...... ဝမ်းရေးအတွက် လမ်းဘေးမှာ ဈေးရောင်းနေပေမယ့် သူတို့လည်း ကြည့်ချင်တဲ့အခါမှာ နီးစပ်ရာ ဝင်ကြည့်တာပါပဲ......
LED ဘုတ်နဲ့ဆိုတော့ ကြီးကြီးမားမား ကြည့်ရလို့ အားရပါးရ ကြည့်တဲ့လူတွေလည်းရှိကြပါတယ်..... တစ်ခြားမကြည့်ပါနဲ့ ဆိုင်ကယ်ဦးထုပ်နဲ့ လူကအစ ထိုင်ကြည့်နေတာကိုကြည့်ရင် သိနိုင်ပါတယ်ဗျာ.......
အိမ်မှာ အပေါ်စက်၊ အောက်စက်၊ စလောင်း အပြည့်အစုံရှိပေမယ့် လက်ဘက်ရည်ဆိုင် / ဘီယာဆိုင်မှာ ဘောပွဲလေး သွားကြည့်လိုက်ရမှ အရသာရှိတယ်ဆိုတဲ့ အညာသားတွေရဲ့ ခံစားချက်လေးကိုလည်း ထည့်စဉ်းစားမိရင်...... ဒီအပေါ်က ပြည်သူတွေ ရိုးရိုးသားသား ပျော်တာကို အရောင် မဆိုးပါနဲ့တော့ဗျာ......
www.mmdailystar.com