Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိတ္ထီလာမြို့မှ ပဋိပက္ခများ ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင် အား တိုးမြှင့်ထားဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

$
0
0

မိတ္ထီလာမြို့တွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် မတ်လ ၂၀ ရက် ညမှစ၍ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး နေပြည်တော်နှင့် မန္တလေးတစ်ဝိုက်မှ ရဲ၊ လုံခြုံရေး တပ်ရင်းနှစ်ရင်းဖြင့် မြို့ပေါ်ရှိ လုံခြုံရေးအင်အားကို ထပ်မံဖြည့်တင်းလိုက်ကြောင်း သမ္မတ၏ ပြောရေး
ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

မတ်လ ၂၀ ရက်တွင် စတင်ဖြစ်ပွားခဲ့သော ရွှေဆိုင်မှ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြသည့် ပိုင်ရှင် ဦးထွန်းထွန်း၊ ၎င်း၏ဇနီး ဒေါ်မြင့်မြင့်အေးနှင့် ဆိုင်လုပ်သား မင်းအောင်ခေါ် ညီညီတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများနှင့် အမှုဖွင့်ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ၎င်းက ပြောသည်။

ထိုပဋိပက္ခကြောင့် သံဃာတစ်ပါး မီးလောင်ဒဏ်ရာနှင့် ပျံလွန်တော်မူ၍ အမျိုးသားသုံးဦးသေဆုံး ကာ ဆေးရုံ တွင် ဒဏ်ရာရလူနာ ၂၀ ဦး စာရင်းရရှိထားကြောင်း ၎င်းက အတည်ပြုပြောသည်။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့အခြေအနေမှာ လုံခြုံရေးအခြေအနေ နည်းပါးနေပြီး တာဝန်ရှိသူများ၏ ပဋိပက္ခအပေါ် ကိုင်တွယ်ဖြေရှင်းမှု အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည့်အပေါ် ဦးရဲထွဋ်
က "ဒီနေ့လည်း အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ရဲရော၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရော၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရောနိုင်ငံရေးပါတီ အဖွဲ့အစည်းက လူတွေရော ၀ိုင်းဝန်းလုပ်ဆောင်နေ
ပါတယ်။ ဒီနေ့ ညနေပိုင်းမှာ အထက်ကို တင်ပြအတည်ပြုပြီးရင် သတင်းလည်းထုတ်ပြန်ပါမယ်" ဟု   ပြောကြား သည်။

လုံခြုံရေးအင်အားအရေအတွက်ကို လတ်တလောတွင် ၎င်းအနေဖြင့် အတည်ပြုပြောနိုင်ခြင်း မရှိသေးဘဲ ပဋိပက္ခဖြစ်ပွားရာ နေရာရှိ ဒေသခံများအနေဖြင့် ကောလာဟလများကို မယုံကြည်ရန်နှင့် မိတ္ထီလာမြို့အ
နီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့်လည်း ကောလာဟလများကြောင့် မြို့ပေါ်တက်လာခြင်း၊ လူအုပ် စုဝေးခြင်းများ မပြုလုပ်ကြခြင်းဖြင့် တာဝန်ကျလုံခြုံရေးများကို ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ဦးရဲထွဋ်က ပြောကြားထားသည်။

"သာမန်ဈေးဆိုင်နဲ့ ဈေးဝယ်ဖြစ်တဲ့ကိစ္စ၊ ရဲကလည်း အရေးယူထားပြီး သားကိစ္စကို ကောလာ ဟ လတွေ ဖြန့်ပြီးတော့မှ ပဋိပက္ခကို ကြီးသ ထက်ကြီးအောင် လုပ်တာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ပဲ ထင်ပါတယ်" ဟု ၎င်းက ပြောသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခမှာ ယနေ့မွန်းလွဲ ၃ နာရီခွဲအချိန်ထိ ထိန်းသိမ်းနိုင်ခြင်းမရှိသေးဘဲ ထိုမြို့ရှိ အောင်ဇေယျရပ်ကွက်ရှိ နေအိမ်များ မီးလောင်လျက်ရှိပြီး မြို့ခံအချို့မှာ အခြားဒေသ များ သို့ ရွှေ့ပြောင်းနေကြသူများရှိကြောင်း မိတ္ထီလာမြို့ရောက် 7Day News သတင်းထောက်က သတင်းပေး ပို့သည်။

From: 7Day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>