ဆီးဂိမ်းအိမ်ရှင်တိုင်း ရိုးရာကစားနည်းထည့်သွင်းကျင်းပပြီး ရွှေတံဆိပ်များ ယူချိန်တွင် Eleven အနေနဲ့ ဘာမှဝင်မပြောခဲ့ပါဘူး။ မြန်မာအိမ်ရှင်လုပ်ချိန်တွင်ခင်းလုံးကိုထည့်သွင်းကျင်းပခြင်းကို Eleven Media ကခနဲ့ သလိုရေး၍ မြန်မာဆီးဂိမ်းအပေါ် ဂုဏ်ယူနေသော မြန်မာများ ဒေါသထွက်နေကြပါတယ်။ လူမှုကွန်ယက်
ပေါ်က လူအများကြားမှာ အမျိုးသားရေးပွဲတော်ကြီးကို ယခုလို ခနဲ့တာမကောင်းကြောင်း
Eleven မီဒီယာရဲ့ ပြည်သူအပေါ် အကျိုးပြုမှုများကို လေးစားသော်လည်း
ယခုလို အစိုးရလုပ်တိုင်း ထော်လော်ကန့်လန့်တိုက်ခြင်းက မကောင်းကြောင်း
ချီးကျူးသင့်တာ ချီးကျူး၍ ဝေဖန်သင့်တာဝေဖန်တာမှ ဘက်မလိုက်သော မီဒီယာကောင်း
ဖြစ်မှာ ဖြစ်ကြောင်း Eleven မီဒီယာရဲ့ ဆီးဂိမ်းအပေါ် ဖော်ပြတဲ့ ခေါင်းစည်းသတင်းနဲ့
ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြတာတွေ့ရပါတယ်။
ဒီမယ်မီဒီယာ ........
မင်းတို့ ဟာမင့်တို့ စတုထ္ထမဏ္ဍိုင်မကလို့  ဘာကြီးပဲဖြစ်ဖြစ် စောက်ပုံမလာရင်တော့ပြောရမှာပဲ
တစ်နိုင်ငံလုံး မျိုးချစ်စိတ်ထက်သန်ပြီး အားပေးနေတဲ့အချိန်မှာ ခနိုးခနဲ့ နဲ့  သောက်ခွက်လာမပြောင်နဲ့ ။
မင်းတို့ က ဘာပွဲဖြစ်ဖြစ် အစိုးရဦးဆောင်တဲ့ပွဲဆို အတိုက်ခံလုပ်တဲ့သဘောလို့ သုံးသပ်ရတော့မယ်။ အေး..ဒါကအမျိုးသားရေးပွဲကွ။
တစ်ခါမှမပြိုင်ဘူးတော့ရော ဘာဖြစ်တုန်း။ ဒါငါတို့ ရိုးရာ ဒါငါတို့ အားကစား
ဝူရှုးကိုတကမ္ဘာလုံး ပြိုင်နေပြီ လေ ။ တရုတ်ရဲ့ ရိုးရာ အားကစား ကမ္ဘာကျော်ခဲ့တာမဟုတ်ဘူးလား။ ငါတို့ ခြင်းလုံးကိုလဲ ကမ္ဘာကိုထုတ်ပြတယ်ကွာ ဘာဖြစ်တုန်း။ ရွှေရနိုင်တဲ့အားကစားမှာ ရွှေရအောင်ကြိုးစားတဲ့ ကစားသမားတွေကို
မင့်တို့  က ခနဲ့ သလို ရွဲ့ သလိုနဲ့  စောက်ချိုးကအတိုက်ခံစောက်ချိုး။
ငါတို့ကအိမ်ရှင်။ ဒါငါတို့ မြေ ဒါငါတို့ ရေ။ ငါတို့ နိုင်ငံရဲ့ မြေပေါ်မှာ ၄၄ နှစ်ကြာမှပြန်ကျင်းပတဲ့ ပွဲ ။ ငါတို့ ရိုးရာ ယဉ်ကျေးမှု ကိုဖော်ထုတ်တဲ့ပွဲ။
တစ်နိုင်ငံလုံးသူရဲကောင်းတွေပေါ်ထွက်လာမယ့်ပွဲ။ မျိုးချစ်စိတ်ရှင်သန်လာမယ့်ပွဲ။
တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထက်သန်လာမယ့်ပွဲ။ ဒီပွဲမှာ ငါတို့ ရိုးရာ အားကစားကိုထုတ်ဖော်တယ်။ ရွှေရနိုင်လို့ ရွှေယူတယ်။ ညစ်ခဲ့တာတစ်ခုမှမရှိဘူး။
အနိုင်ကျင့်ခဲ့တာတစ်ခုမှမရှိဘူး။ ရိုးသားစွာနဲ့ အနိုင်ယူခဲ့တဲ့ မြန်မာ့ရိုးရာခြင်းလုံးအားကစားကို မြန်မာကနေ ကမ္ဘာထိ ထိုးဖောက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ မင့်တို့ လို လောက်ကောင်တွေရှိတာ
အရိုးထဲကနာတယ်ဟေ့ကောင်တွေ။
From:http://newmyanmarpyi.blogspot.comပေါ်က လူအများကြားမှာ အမျိုးသားရေးပွဲတော်ကြီးကို ယခုလို ခနဲ့တာမကောင်းကြောင်း

www.mmdailystar.com