Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တီရှပ်ဝတ်ရင်း သူဌေး ဖြစ်သူ

$
0
0
တီရှပ်ဝတ်ရင်း သူဌေးဖြစ်နိုင်မယ်လို့ ဘယ်သူမှ ထင်မထားပါဘူး။ ပုံမှာ တွေ့မြင်နေရတဲ့ Jason Sadler ကတော့ သူဌေး ဖြစ်ပြီး ယခုဆိုရင် ဝန်ထမ်းများစွာနဲ့ သူ့လုပ်ငန်းကို လည်ပတ်နေပြီ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် တုန်းကပါ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေချိန် အတွေး တစ်ခု ဝင်လာပါတယ်။
ဒါကတော့ ဘေလ်ဘုတ်ကြော်ငြာပဲ ဖြစ်ပါတယ်။ လူသား ဘေလ်ဘုတ် ကြော်ငြာစနစ် မရှိသေးပါဘူး။ ဒီတော့ သူက စတင်ဖို့ စိတ်ကူးရပြီး ဝဘ်ဆိုဒ် တစ်ခု လုပ်ပါတယ်။ ကုမ္မဏီ နဲ့ ထုတ်ကုန်ပစ္စည်းအကြောင်း ကြော်ငြာထားတဲ့ တီရှပ်ကို တစ်ရက်ဝတ်ခ ၁ ဒေါ်လာနှုန်းနဲ့ စတင်ပါတယ်။
ယင်းထုတ်ကုန်ပစ္စည်းကြော်ငြာထားတဲ့ တီရှပ်ကို မနက်အိပ်ယာထက စလို့ ညအထိ ဝတ်ဆင်ပြီး ရောက်တတ်ရာရာ သွားပါတယ်။ လူစည်ကားရာ သွားပါတယ်။ ဆန်းလဲဆန်းတော့ လူသိများလာပြီး သူ့ဝဘ်ဆိုဒ်လည်း လူဝင်ကြည့်များ၊ သူ့ကြော်ငြာစနစ်ကိုလည်း စိတ်ဝင်စားလာ ကြပါတယ်။

နောက်တော့ တစ်ရက် ၁ ဒေါ်လာ ကနေ ၂ ဒေါ်လာ၊ ၃ ဒေါ်လာ၊ ၄ ဒေါ်လာ ဈေးအဆင့်ဆင့် တက်လာပြီး ၂၀၀၉ ခုနှစ် တစ်နှစ်ထဲမှာကို အမေရိကန်ဒေါ်လာ ၈၃၀၀၀ တောင် ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပထမ နှစ်ကိုအခြေခံလို့ ဒုတိယ နှစ်မှာ တစ်ယောက်တည်း မဟုတ်တော့ပဲ အဖွဲ့လိုက်လုပ်ပါတယ်။ ကုမ္မဏီပေါင်း များစွာလည်း လာရောက်ပြီး စာချုပ်ချုပ်ပါတယ်။ တစ်လ ဝတ်ဆင်ကြော်ငြာပေးခ၊ ၆ လ ကြော်ငြာပေးခ အစရှိသဖြင့် ရရှိတဲ့ ဝင်ငွေတိုးလာပြီး ကြော်ငြာအေးဂျင့် ကုမ္မဏီကြီး တစ်ခုလို ဖြစ်လာပါတယ်။
ယနေ့မှာဆိုရင် လုပ်ငန်းကို အမေရိကန်မှာတင် မဟုတ်တော့ပဲ ကမ္ဘာအနှံ့ နယ်ချဲ့ တော့မှာ ဖြစ်ပါတယ်။ ယင်း ကြော်ငြာစနစ်က အတွေးကောင်းတဲ့ Jason Salder ကို တီရှပ်ဝတ်ရင်း ပိုက်ဆံရသူလို့ ယနေ့တိုင် လူသိများစေခဲ့ကြောင်း သိရပါတယ်။ 
From:ရိုးရာလေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>