Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ထိုင်းစူပါစတားများ အတွက် ဘာသာပြန်ပေးခဲ့လို့ ပရိသတ် သတိပြုမိတယ်လို့ ထင်တဲ့ ဖူးပွင့်သခင်

$
0
0

ထိုင်းမင်းသား MOS နှင့် ပီးမက်ဇာတ်ကားမှ ထိုင်းမင်းသမီးတို့ ဆီးဂိမ်းအကြို ပရိသတ်များနှင့် တွေ့ဆုံပွဲ တွင် ထိုင်းစကားပြန်အဖြစ် ဆောင်ရွက်ပေးခဲ့သော ကြောင့် ပရိသတ်များ သတိထားမိလိမ့်မည်ဟု ထင်မြင် မိကြောင်း သရုပ် ဆောင် ဖူးပွင့်သခင်က ပြောသည်။

 
 
““ညီမက သရုပ်ဆောင်လောကထဲဝင်တာ သိပ်မကြာသေးဘူးဆိုတော့ ညီမ ဒီစကားကိုတတ်တယ်ဆို တာ ပြောပြဖို့ အခွင့်မရှိခဲ့ဘူး။ အခုလိုမျိုး ပါဝင်ခွင့် ပေးတော့ ပရိသတ်ကလည်း သတိထားမိမယ်ထင်တယ်။ ထိုင်းစကားကို ပြောတတ်တယ်ဆိုတဲ့ အသိလေး ရစေမယ် ထင်ပါတယ်။ ပါဝင်ခွင့်ပေးတဲ့ ဆရာတွေ၊ အစ်ကိုတွေကို ကျေးဇူးတင်ပါတယ်”” ဟု ဖူးပွင့်သခင်က ပြော သည်။

နာမည်ကျော်ကြားသည့် ထိုင်းအနုပညာရှင်များအတွက် စကားပြန်လုပ်ပေးရ သည့်အတွက် ၀မ်းသာမိပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေကြောင်း ၎င်းကပြောသည်။

““ညီမက သင်တန်းဆင်းတစ်ယောက်မဟုတ်ပါဘူး။ အဲဒါကြောင့် ပရိသတ်ကို တောင်းပန်ပါတယ်။ တချို့ နားလည်တဲ့ သူတွေရှိတဲ့အတွက်ကြောင့် ထိုင်း စကားပြောလိုက်တဲ့ အချိန်မှာ လိုအပ်ချက်ရှိရင် ပြောပါ။ မှားတာရှိရင် ခွင့်လွှတ်ပါ။ အရင်ကဆို အမြဲ ဘန်ကောက်ကို Shopping ထွက်ဖြစ်တယ်။ ဘန်ကောက်က သူငယ်ချင်းတွေနဲ့ ဖုန်းပြောဖြစ်တယ်။ ညီမဒီရောက်တော့ စာတွေလေ့လာဖြစ်တယ်။ အခုနောက်ပိုင်း မှာကတော့ ရှုတင်တွေရှိလာတော့ အဆက်အသွယ်ပြတ်သွားတယ်”” ဟု ဖူးပွင့်သခင်က ပြောသည်။

အကယ်ဒမီဗန်းကိုင်အဖြစ် အနုပညာလောကသို့ စတင်ဝင်ရောက်လာသည့် ဖူးပွင့်သခင်က လက်ရှိတွင် ဖြိုးငွေစိုးနှင့် ဇာတ်ကားရိုက်နေပြီး ကိုဇော် (အရုဏ်ဦး) ရိုက်သည့် ““လူးရတနာသိုက်”” ရုပ်ရှင်နှင့် နောက် ထပ်ရုပ်ရှင်ကား တစ်ကား ထပ်မံရိုက်ကူးထားကြောင်း သိရသည်။
 
From:7day Daily

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>