မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်နှင့် ဝန်ဇင်းရပ်ကွက်ကြားတွင် မတ်လ ၂၁ ရက်နေ့ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် မီးငြိမ်းသွားပြီ ဖြစ်ကြောင်း မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် သေဆုံးသူ မရှိသော်လည်း ဒဏ်ရာရသူ အချို့ရှိကြောင်း သိရသည်။
ယနေ့နံနက် ၈ နာရီဝန်းကျင်က မိတ္ထီလာခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် မန္တလေး တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနို င် တို့တွေ့ဆုံပြီး လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ တည်ငြိမ်အောင် ဆောင်ရွက်ရန်နှင့် ပတ် သက်ပြီး ဆွေးနွေးခဲ့ကြောင်း မိတ္ထီလာမြို့သို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်၏ သတင်းပေး ပို့ချက်အရ သိရှိရသည်။
အဆိုပါတွေ့ဆုံမှုတွင် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူနှင့် ရွှေညဝါဆရာတော်တို့ ပါဝင်ခဲ့ပြီး လူထု အသိပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်သွားရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးဝီရသူသည် လူအုပ်ကြီး ရွှေဆိုင်တိုက်များကို ဖျက်နေချိန်မှ စ၍ ဖုန်းဖြင့် အချိန်ပြည့် မေတ္တာရပ် ခံခဲ့ကြောင်း၊ သံဃာများကလည်း ဗလီဘက်ကူးမ သွားအောင် စောင့်ရှောက်နေ ခဲ့ကြောင်း၊ လူအင် အားက များပြားလာခြင်း၊ ဘုန်းကြီးတစ်ပါး အသတ်ခံရသည့်သတင်း ကြားသည့်အချိန်မှ စ၍ ဦးဝီရသူ မန္တလေးမှ အမြန်ထွက်လာခဲ့ကြောင်း၊ ည(၈း၀၀)ခန့်တွင် ရောက်သော်လည်း အခင်းဖြစ်နေ ရာများ ကို သွား ခွင့်မသာခဲ့ကြောင်း၊ တွေ့ရာလူများကို ကိုယ့်ရပ်ကွက်ထဲမှာပဲ နေပြီး ကိုယ့်အိုးကိုယ့် အိမ်ကို ပဲ စောင့်ရှောက်ဖို့၊ သူများရပ်ကွက်ထဲ ကျွံမသွားဖို့ လမ်းထွက်ပြီး လျှောက်မသွားဖို့၊ သြဝါဒပေး လျက်ရှိကြောင်း သိရသည်။
စစ်/ရဲ လုံခြုံရေးများ အမြဲတမ်း ကင်းလှည့်နေပြီး၊ မိတ္ထီလာသည် အဓိကရုဏ်းမီးများ ငြိမ်း စပြုနေပြီး ဖြစ်သော် လည်း တစ်ဖက်နှင့်တစ်ဖက် ကောလာဟလများကြောင့် တစ်မြို့လုံးမအိပ်ကြဘဲ ရရာလက်နက်ဆွဲ ကိုင်ကာ လမ်းထွက်စောင့်ကြည့် ရှိကြောင်း သိရပါသည်။
ယင်းတော်မှ ကုလား(၅၀၀)ကျော်ကားများဖြင့် ချီတက်လာ စည်းကုန်ကြီးမှ ရွာခံကုလားများနှင့် မြို့ထဲမှ ထွက်ပြေး လာသော ကုလားများ (တစ်ထောင်ကျော်) ခြေလျင်ချီတက်လာ သတင်းများကြောင့် မနက်(၁း၀၀) ခန့် မှာ တစ်ကြိမ်၊ (၂း၀၀)တစ်ကြိမ် တစ်မြို့လုံး သံချောင်းခေါက်ပြီး လူစုကြ အသင့်ပြင်ကြသော် လည်း လေးနာရီထိ ဘာမှ မထူး၍ လူခြုံရေးများ ရုတ်သိမ်းသွားကြသည်။ လုံခြုံရေးများ ရုတ်သိမ်းသွားသည်နှင့် မင်္ဂလာဇေယျုံ ရပ်ကွက်ရှိ ကုလားများက ဗေဒါကန်ဘေး ဝက်လံပင်တော ထဲမှ “ဗမာဆိုရင် သတ်ပစ်”သံပြိုင်ကြွေးကြော်ကြသည်။ ဂွဖြင့်ပစ်ကြသည်။ ဦးဇင်း တစ်ပါး ခေါင်းပေါက်သွားသည်။ သံဃာများ မကျေနပ်၍ ဗေဒါကန်ရပ်ကွက်ထဲ ချီတက်သွားကြသည်။ GTC-ကျောင်း သားများကို ကုလားများ တိုက်ခိုက်နိုင်၍ လုံခြုံရေး အမြန်ခေါ်ကြသည်။ သံဃာများနှင့် လူများတား ဖို့ ပြင်ဆင်ကြသည်။
(၆း၀၀)အချိန်တွင် မင်္ဂလာဇေယျုံရပ်ကွက်ကို ဗမာများက စတင်မီးရှို့ခဲ့ကြသည်။ မင်္ဂလာဇေယျုံ ရက်ကွက်သည် ကုလားရပ်ကွက်ဖြစ်ကြောင်း၊ အိမ်ခြေစိပ်ခြင်း၊ တဲအိမ်ငယ်များပြားခြင်းတို့ကြောင့် မီးများ ထိန်းမနိုင်ဖြစ်ခဲ့သည်။ ကုလားများ အော်ဟစ်ကြိမ်းမောင်းခြင်း ရပ်သွားကြသည်။ (၆း၁၅)နာရီတွင် မီးညွှန့်များ ကျိုးသွားသည်။ မီးလောင်ချိန် (၁၅)မိနစ်ခန့် ကြခဲ့သည်။ (၆း၃၀)ခန့်တွင် ၄င်းရပ်ကွက်ထဲမှ မီးခိုးလုံးကြီးများ တက်လာသည်။ မီးသတ်ကား တစ်ဆင်းသာရောက်သေး သည်။ အော် ဟစ်ကြိမ်း မောင်းခဲ့သော ကုလား(၁၀၀-မှ ၁၅၀/၂၀၀ခ)ခန့် ပိတ်မိနေသည်။ (၆း၃၀)မိနစ်ခန့်တွင် မီးသတ် ကား တစ်စီးထပ်ရောက်လာပြီး ကုလားတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့မှ သတင်း ရသည်။
ကုလားတစ်ယောက် ထွက်ပြေးလာပြီး လူအုပ်ကြီးထဲမှာ လူအချို့ ဝိုင်းရိုက်သည်။ ကုလားတစ်ယောက် လဲကျသွားသည်။ လဲပြီးနောက်ပိုင်း ထပ်မရိုက်ကြတော့ ကြောင်း သိရသည်။ ခေါင်းထောင်ပြီး ကြည့်ေ နနိုင်သေး သည်။ ထွက်ပြေးလာစဉ် လက်နက်ဘာမျှ မပါဟု ဆိုသည်။
(၆း၃၀)မိနစ်ကျော်ကျော်တွင် ရွှေညဝါဆရာတော်ရောက်လာသည်။ (၇း၀၀)တွင် မင်းကိုနိုင် အဖွဲ့ရောက် လာသည်။ အားလုံး Dr-စန်းလှိုင်တိုက်မှာ နားကြသည်။
(၇း၀၀)နာရီတွင် မီးညွှန့်ကျိုးသွားသည်။ ပိတ်မိနေသော ကုလားများမှာ မောလဝီစာသင်ကျောင်းမှ အများစုဖြစ်ပြီး လူငယ်လူရွယ်များ ဖြစ်ကြသည်။ အုပ်ချုပ်ရေးမှူးက ဝှက်ပေးထားပါလျက် “ဗမာဆို အလိုမရှိ၊ ဗမာမြင်ရင် သတ်ပစ်၊”အော်ဟစ် ကြိမ်းမောင်းရာမှ ပြည်သူများသိသွားခြင်းဖြစ်သည်။
ရွှေညဝါဆရာတော်၊ မစိုးရိမ်ဆရာတော်၊ မင်းကိုနိုင်တို့အဖွဲ့သည် မြို့လူထုနှင့် တွေ့ဆုံဖို့ ကြိုးစားနေကြပြီး၊ မြို့ထဲသို့ ကုလားများ မဝင်အောင် လုံခြုံရေး တာဝန်ယူပေးဖို့ စီစဉ်ပေးရန် မေတ္တာရပ်ခံနေသည်။
www.mmdailystar.com