Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လိင်မှုဆိုင်ရာ အသိပညာပေးရေးနှင့် ဆယ်ကျော်သက်

$
0
0

မိန်းကလေး ကျောင်းသူတွေကို သခွားသီးမှာ ကွန်ဒုံးအစွပ်ကို အစားထိုး စွပ်ခိုင်းရတဲ့အခါ အတော့်ကို ကသိ ကအောင့် ဖြစ်ကြတာကို တွေ့ခဲ့ရတယ်။ ဒါပေမယ့် အခုလုပ်တဲ့ လိင်ပညာပေး အလုပ်ရုံ ဆွေးနွေးပွဲလေးကို တက္ကသိုလ်ကျောင်းသားတွေ ပြင်ဆင်လာကြတဲ့ အတိုင်းအထစ်အငေါ့မရှိ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်။

တက္ကသိုလ် ကျောင်းသား/သူတွေဦးဆောင်ပြီးအလယ်တန်းဆင့် ကျောင်းသားတွေကိုသင်ကြားပို့ချ ဆွေးနွေးသွား ကြတာပါ။ ဆယ်ကျော်သက် အရွယ်တွေရဲ့ ချစ်မှုကြိုက်မှုကိစ္စကိုထိန်းဖို့ဆိုတာခက်ခဲတဲ့ကိစ္စပါ။အခုလိုလိင်မှု ဆိုင်ရာ ကိစ္စကို ဆွေးနွေးဖို့ကတော့ အတော့်ကို မလွယ်ပါဘူး။

မန်တနာ ၁၅ နှစ် သမီးတုန်းက ကောင်လေး တစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်တော့ သူ့မိဘတွေကော၊ ဆရာတွေကော ဝိုင်း မေးခွန်းထုတ်ကြ၊ ကန့်ကွက်ကြတာ မခံမရပ်နိုင်အောင်ပါဘဲ။  “အဲဒီတုန်းက သူတို့ တတွေ စိုးရိမ်လို့ ပြောကြတယ် ဆိုတာကို ကျမသိတယ်။ ဒါပေမယ့် ကျမ ဘယ်လိုမှ နားမဝင်ခဲ့ဘူး” ဟု သူမက ပြောတယ်။

အခု ၂၁ နှစ် အရွယ် မန်တနာက သမာဆပ် တက္ကသိုလ်မှာ စာနယ်ဇင်းနှင့် လူထုဆက်ဆံရေးပညာ အကြီး တန်းကို တက်ရောက်နေသူပါ။ သူမရဲ့ ဆယ်ကျော်သက် အတွေ့အကြုံကို ပြန်သုံးသပ်ရင်း ရင်ခုန်တက်စ၊ ကလေး သာသာ တုန်းက လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို ဘယ်လူကြီးကမှ အတင်း ထိန်းကျောင်း ချုပ်ချယ်ချင်လို့ မရပါဘူး။ ချစ်ကြကြိုက်ကြတဲ့ ကိစ္စတွေဆို ပိုလို့တောင် လက်မခံကြဘူး။

အဲဒီအရွယ် ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ် စိတ်ခံစားမှုကို အဓိက ထားကြတယ်။ ချင့်ချိန် စဉ်းစားမှု မရှိခဲ့ဘူး။ အဲဒီလို အချိန်မှာ တကယ်လိုတာက လူကြီးသူမတွေရဲ့ နားလည်မှုရှိစွာ တည့်မတ်ပေး ဖို့ပါ လို့ သူမက ပြောပါတယ်။

ဒီကိစ္စဟာ မိသားစုဝင် အချင်းချင်းကြားမှာ ဖြစ်တတ်တဲ့ ဆက်ဆံရေး ပြဿနာတင် မဟုတ်ပဲ၊ ထိုင်းနိုင်ငံရဲ့ လူငယ်တွေကို လိင်မှုဆိုင်ရာ အသိပညာပေးရေးကို ချဉ်းကပ်ရာမှာ စိန်ခေါ်မှု တစ်ခု ဖြစ်တယ်လို့ သူမ က ဖြည့်ပြောပါတယ်။ လူကြီး မိဘတွေနဲ့ လိင်ကိစ္စ၊ ကာမဆက်ဆံမှု ကိစ္စတွေနဲ့ ပတ်သက်ပြီး၊ ပွင့်ပွင့်လင်း လင်း မပြောဆိုရဲဘူး၊ မဆွေးနွေးရဲဘူး။ သူတို့က ကိုယ့်အပေါ် ပုံစံတမျိုးမြင် သွားမလားဆိုတဲ့ သံသယက လွှမ်းမိုးနေတယ်။ အဲဒီအချက်က လိင်မှုဆိုင်ရာ ပညာပေးဖို့ အတွက် အဓိက အခက်အခဲပဲလို့ သူမရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။

အခု သူမပါဝင် လုပ်ဆောင်နေတဲ့ "ဆယ်ကျော်သက်တို့ အတွက် ဘဝတွက်တာ"ဆိုတဲ့ လိင်ပညာပေး အလုပ်ရုံ ဆွေးနွေးမှုက ပိုနည်းလမ်းကျတဲ့ ချည်းကပ်မှုလို့ ဆိုတယ်။ ဒီအစီအစဉ်ကို သူမတက်ရောက်နေတဲ့ စာနယ်ဇင်းနှင့် လူထုဆက်ဆံရေး ပညာဌာနနဲ့ ပလန် ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) တို့ ပူးပေါင်း လုပ်ဆောင်နေကြတာပါ။

အခု လုပ်နေတဲ့ လိင်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲက ကျောင်းသားတွေကို လိင်နှင့် လိင်ဆက်ဆံမှု အသိပညာ ကိစ္စတွေနဲ့ ဆွေးနွေးပို့ချရာမှာ အချက်အလက် မှန်ကန်ဖို့၊ လက်တွေ့ကျဖို့၊ နားလည်သိမြင် လွယ်ဖို့ ဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်ပါတယ်လို့ ပလန်ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ မာဂျာကူဘာရူဘီရာ က ပြောပါတယ်။

သူမက ဆက်ပြီး "ငယ်ရွယ်သူတွေ အနေနဲ့ အချက်အလက် အမှန်ကိုရမယ်၊ အဲဒီ အပေါ်မူတည်ပြီး အသိနဲ့ ဆုံးဖြတ်လာတက်ဖို့ကို ပထမဦးဆုံး လုပ်ယူပါတယ်။ ကျမတို့ ငယ်တုန်းကလည်း ဒီလို ချစ်ကြကြိုက်ကြပြီး၊ ရူးရူးမူးမူးနဲ့ အမှားအမှန် ဝေခွဲရခက်ခဲ့တာပဲ။”

"ထိုင်းမှာ ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ဆောင်သည် ပြဿနာက တကယ့်ကို အကြီးကြီး ရှိနေတယ် ဆိုတာ အားလုံး အသိပဲ။ ဘာကြောင့် ဒီလိုဖြစ်ကြသလဲ ဆိုတော့ လိုအပ်တဲ့ အသိပညာ ဗဟုသုတ မရှိကြလို့ပဲ။”

“သူတို့ကို ကာမဆက်ဆံမှု မလုပ်ကြနဲ့လို့တော့ ပြောလို့ရမှာ မဟုတ်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ဆက်ဆံ မယ်၊ လုပ်မယ် ဆိုရင်တောင် မလိုချင်တဲ့ ကိုယ်ဝန် ရမလာအောင်၊ လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေ မကူးစက်နိုင်အောင် ဘယ်လို လုပ်ရမယ်ဆိုတာကို သူတို့ သိနေရင် မဖြစ်သင့်တဲ့ အခြေအနေတွေကို ကာကွယ်နိုင်တာပေါ့။”

"အချို့ လူကြီးတွေက လိင်မှုဆိုင်ရာ အသိပညာပေး ကိစ္စကို ငယ်ငယ်ရွယ်ရွယ်နဲ့ မဟုတ်မဟပ်ကိစ္စတွေ လုပ်လာအောင် အားပေးအားမြှောက် လုပ်တဲ့ကိစ္စလို့ ယူဆနေကြတယ်"ဟု မန်တနာက ဖြည့်ပြောသည်။
“တကယ်က သူတို့ ယူဆနေတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ လိင်မှုဆိုင်ရာ အသိရှိထားတော့တစ်ယောက်ယောက် ကများ လိင်ဆက်ဆံဖို့ ကြံရင်တောင် အရိပ်အခြေကို သိတော့ ရှောင်ထွက်နိုင်တယ်၊ မတော်တဆ ကိုယ်ဝန် မရအောင်လည်း ကာကွယ်နိုင်လိမ့်မယ်။ အဲဒီသိခြင်းက အသုံးမတည့်ဘူးလား” လို့ သူမက ဆက်ပြော သည်။

အခု အစီအစဉ် တစ်ခုလုံးကို သမာဆပ်တက္ကသိုလ်မှ ကျောင်းသား/သူ ၃၀ က စီစဉ်ပုံစံချ သင်ပြခဲ့ တာ ဖြစ်ပြီး၊ လိုအပ်တဲ့ အချက်အလက်၊ ပညာရပ်ပိုင်း ဆိုင်ရာ အကူအညီများကို ပလန် ဖောင်ဒေးရှင်းမှ အားဖြည့် ထောက်ပံ့ပေးခဲ့သည်။ ကွန်ဒုံးကို အသုံးပြုပုံ၊ ကိုယ်ဝန်တားဆေး၊ အကျပ်အတည်း ကြုံလာရင် ဘယ်လို ငြင်းမလဲ၊ သတိထားစရာ အခြေအနေတွေကို ပို့ချဆွေးနွေးသည်။

ယခု အလုပ်ရုံဆွေးနွေးပွဲကို စူဝမ်ခိုလတ်ဝီထိရာလိုင် ရန်စစ်ကျောင်းမှ အသက် ၁၃ နှစ်နှင့် ၁၄ နှစ် ဝန်းကျင် ကျောင်းသား/သူများနဲ့ ပြုလုပ်ခဲ့ကြသည်။ဒီအရွယ်တွေက အရာရာကို စူးစမ်းချင်လာပြီ၊ စတင်ဖွံ့ဖြိုးတဲ့ အချိန်၊ သတင်းပလင်းပုံစံ မျိုးစုံ ကလည်း နေရာ တကာမှာ ရှိပြီး၊ သူတို့ သိချင်ကြတယ်။

ဒါကြောင့် ဒီအရွယ် အုပ်စုကို ဦးတည်ချက်ထား လုပ်ဆောင်တာခြင်း ဖြစ်တယ်လို့ သမာဆပ် တက္ကသိုလ်၊ စာနယ်ဇင်းနှင့် လူထု ဆက်ဆံရေး ပညာဌာန တွဲဖက်ပါမောက္ခ ကလျာကွန်က ဆိုပါတယ်။အခုအစီ အစဉ် က ပို့ချတဲ့ အသိပညာတွေကို လက်ခံနိုင်တဲ့ အရွယ်၊ မဖြစ်သင့် မဖြစ်ထိုက်တာကို မဖြစ်အောင် ကာကွယ်နိုင်သေးတဲ့ အရွယ်တွေ အတွက် တိကျသေချာတဲ့အချက်အလက်တွေနဲ့ ပြင်ဆင်ပေးထားပါတယ်။
(ဒုတိယပိုင်း အနေဖြင့် ဆက်လက် ဖော်ပြပါမည်)

Bangkok Post သတင်းစာပါ Arusa Pisuthipan ရေးသားသော Sex from Students' Perspective ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
From: HIV INFORMATION FOR MYANMAR

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>