Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ သည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အရက်ရောဆုံး ဟု CAF ထုတ်ပြန်

$
0
0



မြန်မာနိုင်ငံသည် ၂၀၁၃ခုနှစ်၏ ကမ္ဘာ့အရက် ရောဆုံးနိုင်ငံများစာရင်း (World Giving Index 2013) တွင် ကမ0x081ဘာ့ အဆင့်နံပါတ်(၂)နေရာ၌ ရှိနေ ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက်  Charities Aid Foundation (CAF) ၏ ထုတ်ပြန်ချက်အရ သိ ရသည်။ အဆိုပါစာရင်းများကို ယခု လအတွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ် ပြီးလူမှုအဖွဲ့အစည်းများအား ငွေ လှူဒါန်းမှု၊ စေတနာ့ဝန်ထမ်းလုပ် ကိုင်ခြင်းနှင့် သူစိမ်းများအပေါ် အကူအညီပေးမှုများ စသည်တို့ ကို တွက်ချက် မေးမြန်း ထားခြင်း ဖြစ်ပြီး ကနေဒါ၊ နယူးဇီလန်နှင့် ပူးတွဲကာ အဆိုပါနံပါတ်(၂)နေ ရာသို့ ရောက်ရှိခြင်းဖြစ်သည်။

Charities Aid Foundation (CAF) သည်  World Giving Index 2013  စာရင်းရရှိရန်အ တွက် နိုင်ငံပေါင်း၁၃၄နိုင်ငံသို့ သု တေသနပြု ကောက်ယူခဲ့ခြင်းဖြစ် ပြီး မြန်မာနိုင်ငံရှိအရွယ်ရောက် ပြီး လူဦးရေ၏ရာခိုင်နှုန်း ၈ဝသည် လှူဒါန်း မှု လုပ်တတ်ခြင်းကြောင့် ဖြစ်ပြီး ယင်းအဖွဲ့မှအကြမ်းဖျင်း လူ၁ဝဦးတွင် ကိုးဦးမှာ ဗုဒ0x081ဓဘာသာ ဝင်ဖြစ်သည့်အတွက် အလှူဒါန ပြုခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် ၂၀၀၆ခုနှစ်မှ စတင်ကာ
ကမ္ဘာ့အရက်ရောဆုံး စာရင်းအ ဆင့် ၂ဝထဲ တွင် စတင်ရပ်တည် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသားများသည် အလှူအတန်းနှင့် ပတ်သက်ပြီး မိမိ၏ လုပ်အားဖြင့်ရထားသော ငွေများဖြင့်သော်လည်းကောင်း၊ မိမိကိုယ်တိုင် ပါဝင်ခြင်းအားဖြင့် ဘုန်းတော်ကြီးသင် ပညာရေးစာ သင်ကျောင်းများ၊ မိဘမဲ့ဂေဟာ များ၊ မျက်မမြင် ကျောင်းများ စသည့် ပရဟိတနှင့်သက်ဆိုင်သည့် နေရာများတွင် သွားရောက်လှူ ဒါန်းတတ်ကြကြောင်း ပြည်တွင်း ရှိလူမှုရေးအသင်းများဆီမှ သိရ သည်။

တော်ဝင်နှင်းဆီဖောင်ဒေး ရှင်းမှ ဦးစိုးညွန့်က ''ဒီသတင်းကို အခုမှကြားရတာပါ။ မြန်မာလူ မျိုးတွေရဲ့ထုံးစံကလဲ အလှူဒါန ကို လက်နဲ့မပြတ်ချင်ကြတဲ့ သူတွေ၊ အခုနောက်ပိုင်းဆိုရင် ဘာသာရေး ထက် လူမှုရေးလုပ်ငန်းတွေမှာ ပို ပြီး ပါဝင်လာ ကြတာကို တွေ့ရ တယ်။ အခုပြည်တွင်းမှာဖြစ်နေ တဲ့ နာဂစ်လိုမျိုးကိုလဲ အရေးကြီး ရင် သွေးနီးတဲ့ပုံစံမျိုးနဲ့လှူဒါန်း ကြတယ်။ အခြားသောပကာသန ဆန်တဲ့အရာတွေကို လုပ်မယ့်အ စား လူမှုရေးလုပ်ငန်းတွေမှာ ထပ် တိုးလုပ်ဖို့ လိုအပ်နေ ပါတယ်''ဟု ပြောသည်။

အလှူဒါနပြုလုပ်လေ့ရှိသူ မန္တလေးမှ ဦးဇော်ဝင်းအောင်က ''မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် က ရယူခြင်းထက် လှူဒါန်းတာ ကို သဘောကျကြတယ်။ ဘာသာ ပေါင်းစုံကလဲ ထွန်းကားတော့ မည်သည့်ဘာသာ၊ မည်သည့်လူ မျိုးကိုမဆို ဘေးဒုက္ခတွေ့ ချိန်ဆို ကူညီလေ့ရှိပါတယ်။ မကြာမီက ပြည်တွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိ ပက္ခတွေ၊ နာဂစ်လိုမျိုးသဘာဝ ဘေးအန္တရာယ်တွေမှာဆိုရင် တစ် စုံတစ်ဦးက တိုက်တွန်းနှိုးဆော် ခြင်းမရှိဘဲ နိုင်ငံအနှံ့ကပြည်သူ တွေ လှူဒါန်းကြ တာတွေကို ကြည့် ရင် သိနိုင်ပါတယ်''ဟု ပြောသည်။
From: YMG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>