Quantcast
Viewing all articles
Browse latest Browse all 4837

ဆီးဂိမ်းမှာ ပုဂ္ဂလိက အင်တာနက်မြန်နှုန်းထက် မလျော့ကျစေရဟု မြန်မာ့ဆက်သွယ်ရေး ကတိပေး

ဆီးဂိမ်း ပွဲတော်တွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများ၏မြန်နှုန်းထက် မ လျော့ကျစေ ရန် ဆောင်ရွက်ထား ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ဆီးဂိမ်းကျင်းပပြုလုပ်မည့် နေရာများဖြစ်သည့် ရန်ကုန်၊ နေ ပြည်တော်၊ မန္တလေးနှင့် ငွေဆောင် အစရှိသည့်နေရာများတွင် ဝိုင် ဖိုင်စနစ်ဖြင့် အင်တာနက်အသုံး ပြုမှုများကို ပုဂ္ဂလိကကုမ္ပဏီနှစ် ခုဖြစ်သည့် Redlink နှင့် ရွှေသံ လွင်ကုမ္ပဏီတို့က မြန်မာ့ဆက် သွယ်ရေးလုပ် ငန်းနှင့် နေရာ ခွဲဝေ ၍ ဆောင်ရွက်ထားကြောင်း သိ ရသည်။

''ဆက်သွယ်ရေးက လေးနေ ရာစလုံးမှာ ဝိုင်ဖိုင်စနစ်ပေးမယ်။ နေပြည်တော် မှာတော့ နေရာတော် တော်များများမှာပေါ့။ ဇေယျာ သီရိ၊ ဝဏ္ဏသိဒ္ဓိ အားကစားရွာေ တွ ပြီးရင် Social Zone စတဲ့နေရာ တွေမှာ သုံးနိုင်မယ်။ အင်တာနက် မြန်နှုန်းကိုတော့ အတိအကျသတ် မှတ်ထားတာမျိုးမရှိဘူး။ ပုဂ္ဂလိက ကုမ္ပဏီတွေထက်တော့ လျော့မှာ မဟုတ်ပါဘူး။ ကစားကွင်းမှာ ဝိုင်ဖိုင်သုံးတာ အားလုံးစမ်းသပ် ပြီးသွားပါပြီ''ဟု မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

အဆိုပါမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်တာနက်အသုံး ပြုခွင့်ကို ဝန်ဆောင်မှုနှစ်မျိုးပေး ထားပြီး အများပြည်သူအသုံးပြု နိုင်သည့် အင်တာနက်ကို Security စနစ်ခံထားမည်မဟုတ် ဘဲ ဆီးဂိမ်းနှင့်သက်ဆိုင် သည့်လုပ် ငန်းပိုင်းအသုံးပြုခြင်းကိုလည်း ဝန်ဆောင်မှုပေးသွားမည်ဖြစ် သည်ဟု သိရသည်။

''အင်တာနက်မြန်နှုန်းမြင့် အောင်တော့ အတတ်နိုင်ဆုံးလုပ် ထားပါတယ်။ ဒါပေမဲ့ လူသိပ် များလာတဲ့နေရာမှာတော့ အင် တာနက်လိုင်းကျမှာပါ။ မီဒီယာ တွေ တခြားအချက်အလက်တွေ ပေး ပို့မှုမြန်အောင်လို့ နှစ်မျိုးခွဲ ခြား ထားပါတယ်''ဟု ယင်းက ထပ်မံ ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ပြန်လည်ခွဲပေးသည့် အင် တာနက် Bandwitchကို ပုဂ္ဂလိ ကအင်တာနက်ဆားဗစ်ပရိုဗိုက် တာကုမ္ပဏီများ မှတစ်ဆင့် ပြန် လည်ထုတ်လွှင့်ပေးနေရခြင်း ဖြစ် ရာ မြန်မာ့ဆက် သွယ်ရေး အ နေဖြင့် အင်တာနက်မြန်နှုန်းကို ပုဂ္ဂလိကကုမ္ပဏီများထက် ပိုမို လျင်မြန်အောင်ဆောင် ရွက်ပေး နိုင်ခြင်းလည်းဖြစ်သည်။
From: Yangon Media Group

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>