Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်စုကို ၂ဝ၁၅ မဲမရအောင် ရည်ရွယ်တိုက်ခိုက်တာမဟုတ်ဟု ဦးဝီရသူ ပြော

$
0
0
သမ္မတဦးသိန်းစိန်ကို လူသိရှင်ကြား ထောက်ခံနေတဲ့ ၉၆၉ လှုပ်ရှားမှုရဲ့ခေါင်းဆောင် ဦးဝီရသူက လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မဲမရအောင် ရည်ရွယ်တိုက်ခိုက်တာ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မဲမရအောင် တိုက်ခိုက်တာ မဟုတ်သလို စိတ်ထဲကတောင် မကြံစည်ခဲ့တဲ့အကြောင်း၊ သမ္မတဖြစ်ခွင့် မပေးဖို့လည်း မဟောခဲ့ဘူးလို့ ကမာရွတ်မီဒီယာနဲ့ သီးသန့်တွေ့ဆုံပြီး ဖြေကြားခဲ့ပါတယ်။

နိုင်ငံခြားသားကို အိမ်ထောင်ပြုခဲ့တဲ့အတွက် မျိုးမစောင့်တဲ့သူအဖြစ်   မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်တဲ့ ဦးဝီရသူရဲ့ ပြောဆိုချက်တွေဟာ ၁၉၈၈ခုနှစ်နောက် ပိုင်း အာဏာ သိမ်း စစ်အစိုးရရဲ့ တိုက်ခိုက်တဲ့ စကားလုံးတွေနဲ့ တူညီနေပါတယ်။ ဆရာတော် ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထောင်ဖက်သာ တိုင်းရင်းသားဖြစ်မယ်ဆိုရင် ထိုးနှက်မှုခံရမှာမဟုတ် သလို သမ္မတအရည်အချင်းနဲ့ပတ်သက်တဲ့ ပုဒ်မ ၅၉(စ)ကို အသည်းအသန်ပြင်နေစ ရာ မလိုဘူးလို့ ဆိုပါတယ်။

ဦးဝီရသူက သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို တော်လှန်ရေးသမားကောင်းအဖြစ် အသိအမှတ်ပြုပေမယ့်လည်း အုပ်ချုပ်ရေးအားနည်းပြီး ပါတီတွင်းဒီမိုကရေစီမရှိဘူး လို့ ဝေဖန်ပါတယ်။   နောက်တစ်ခုက ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီး လူများစုဟာ လူနည်းစုအပေါ် သဘောထားကြီးရမယ်လို့ ပြောဆိုခဲ့တဲ့အပေါ် မျှတမှုလုံးဝ မရှိသူလို့ မြင်နေပါတယ်။

ရဟန်းသံဃာတွေဟာ မဲပေးပိုင်ခွင့်မရှိသလို လောကီနိုင်ငံရေးထဲ ဝင်မစွက်ဖက်ရဘူးဆိုတဲ့ တားမြစ် ချက်တွေ ရှိနေ တဲ့ မြန်မာပြည်မှာ သူ့အနေနဲ့ နယ်ကျွံတာမဟုတ်တဲ့ အကြောင်း၊ နိုင်ငံတကာ နဲ့ ပြည်တွင်းမီဒီယာတွေမှာ အမုန်းတရားဟောပြောသူအဖြစ် သူ့ကိုစွပ်စွဲနေတာ မဟုတ်ဘူးလို့ ဦးဝီရသူက ငြင်းဆိုပါတယ်။


From:Kamayut Media



www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အသိမ်းသန်တဲ့ ဒို့နိုင်ငံ-တက္ကသိုလ်ဘုန်းကြွယ်


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


လူ(၄)ဦးသေဆုံး သည့်ယာဉ်တိုက်မှု ဖြစ်ပွား


အိမ်သာထဲ၌ ဆယ်ကျော်သက်အရွယ်ခယ်မလေးကို အဓမ္မကျင့်နေတုန်း ယောက္ခမနဲ့ မိသောအခါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ