Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

"ခင်ဗျားတို့ ပြောတဲ့ ပြည်သူ့ ဆန္ဒ "

$
0
0


အမှန်ပြောရရင် ….
ခင်ဗျားတို့ ပြောတဲ့ ပြည်သူ့ ဆန္ဒ ဆိုတာကို …..
ကျွန်တော်တို့ က….လေသံတောင် မကြားချင်ပါဘူး…..
ခင်ဗျားတို့ ပြောတဲ့ ….ပြည်သူ့ အသံ ဆိုတာကို လဲ ….
ကျွန်တော်တို့ က …..လုံးဝ လက်မခံနိုင်ပါဘူး …
ခင်ဗျားတို့ ပြောတဲ့ ……ပြည်သူ ဆိုတဲ့ ဟာကြီးကိုပဲ …
ကျွန်တော်တို့ က …ဟားတိုက် ရယ်ချင်တာပါ …
ဘာဖြစ်လို့ ပါလဲ …?????
ခင်ဗျားတို့ သိတဲ့ ပြည်သူ နဲ့  ကျွန်တော်တို့ သိတဲ့ ပြည်သူ ….
လုံးဝ ကို မတူညီ လို့ ပါပဲ….

ပြည်သူ ဆိုတဲ့ စကားရပ်ကို ….
အားလုံးနားလည်အောင် အဓိပ္ပာယ် ဖွင့်ဆို ရမယ်ဆိုရင်….
ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ …..
အခြေချ နေထိုင်နေကြသော မြန်မာ နိုင်ငံသားများ လို့  ….
အဓိပ္ပာယ် ဖွင့်ရမယ် ထင်ပါတယ်….

အဲဒီတော့ ပြည်သူ့ ဆန္ဒ ဆိုတာသည် ….
နိုင်ငံတစ်ဝှမ်းလုံးက လူတွေရဲ့ ဆန္ဒပါ ….
ပြည်သူ့ အသံ ဆိုတာသည် ….
နိုင်ငံတစ်ဝှမ်းလုံးက လူတွေရဲ့ အသံပါ ….
ပြည်သူ့ သဘောထား ဆိုတာသည် ….
နိုင်ငံတစ်ဝှမ်းလုံးက လူတွေရဲ့ သဘောထားပါ ….
အားလုံးရဲ့  သဘောထား ဖြစ်ပါတယ် ….
တစ်စုံတစ်ယောက် တစ်ဦး တစ်ဖွဲ့ ရဲ့ သဘောထား ….
မဟုတ်ပါဘူးလို့ ပြောရမှာပါပဲ ….

ကျွန်တော်တို့ တပ်မတော်သားတွေဟာ ….
လုပ်ငန်းရဲ့ သဘော သဘာဝအရ ….
မြန်မာတစ်နိုင်ငံလုံး ….
တောတောင် လျှိုမြောင် ရွံ့ ညွှန် ချိုင့်ဝှမ်းမကျန် ….
တာဝန်ထမ်းဆောင် ရလေ့ရှိပါတယ်…

သာမန်အားဖြင့် တပ်ရင်း တပ်ဖွဲ့  တစ်ခုမှာ ….
၂ နှစ် ၃ နှစ် လောက်ပဲ တာဝန်ကျ လေ့ရှိပြီး …
မကြာခင်မှာပဲ မြန်မာပြည်ရဲ့  နောက်တစ်နေရာက …
နောက်ထပ် တပ်ရင်းတစ်ခုကို …..
အမြဲ ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရလေ့ ရှိတာကြောင့် ….
အသက် ၂၀ ကျော် ကျောင်းဆင်းစ ဒုတိယဗိုလ် တစ်ဦးဟာ ….
စစ်သက် အနှစ် ၂၀ နီးပါး ….
ဒုတိယဗိုလ်မှူးကြီး ရာထူး
တပ်ရင်းမှူး အဆင့်လောက်ကို ရောက်ရှိလာချိန်မှာ ….
မြန်မာပြည်ရဲ့ နေရာအနှံ့ အပြားမှာ …
တာဝန်ထမ်းဆောင်ခဲ့  ပြီးသူတစ်ဦး ဖြစ်နေမှာ ဖြစ်ပြီး ….
နေရာဒေသ အသီးသီးက ….
လူပေါင်းစုံ …..အလွှာပေါင်းစုံ…..
အသံပေါင်းစုံ ….ဆန္ဒပေါင်းစုံ ….
သဘောထားပေါင်းစုံ တို့ နဲ့  …..
တွေ့ ကြုံ ပေါင်းသင်း ဆက်ဆံ နေခဲ့ရပြီးလဲ ဖြစ်ပါတယ်….

ကျွန်တော် သေချာပေါက် ပြောနိုင်တာ တစ်ခုရှိပါတယ်…
အဲဒါကတော့ ….
အခု အွန်လိုင်းက ရဲရဲတောက် နေတဲ့  …..
ဒီမိုဇာတ်ပျက် ပါတီ လော်ဘီအတော်များများ ရဲ့ ဆန္ဒဟာ ….
မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက ….
လူတန်းစား အလွှာပေါင်းစုံ ပြည်သူပေါင်းစုံကို ….
လုံးဝ ကိုယ်စားမပြုဘူးဆိုတာပါပဲ ……

ရှမ်းပြည်မြောက်ပိုင်း က ….
ရှမ်း ၊ အခါ နဲ့  ကိုးကန့် ၊ ၀ တိုင်းရင်းသားတို့ ရဲ့ အသံ…
အဝေးဆုံး ရောက်ဖူးတဲ့ မြို့ .. ကွမ်းလုံ လို့ ဖြေတဲ့ …
တိုင်းရင်းသား အဖိုးကြီး တစ်ဦးရဲ့ အသံ ….
မြေလတ်ပိုင်း အညာဒေသ ….
ဖုန်ထူတဲ့ တပ်ရင်းလေးဘေးက ..
မုန့် တီသုပ်ရောင်းနေတဲ့ အမေအို ကြီးရဲ့ အသံ …
ချင်းတောင်တန်း နာဂရွာတွေကြားက …
တောလိုက်ဖို့ ပြင်နေတဲ့ နာဂလူငယ်တစ်ဦးရဲ့ အသံ …
ကချင် ဒုက္ခသည်စခန်းက သားသည်အမေ တစ်ဦးရဲ့ အသံ ….
တနင်္လာရီ ကမ်းရိုးတန်း ငါးဖမ်းစက်လှေ တစ်စီးပေါ်က….
ရေလုပ်သား လူလတ်ပိုင်း တစ်ဦးရဲ့ အသံ ….
အနောက်ဘက် စည်းရိုးက ….
ည စိတ်ချလက်ချ မအိပ်ရဲတဲ့ ရခိုင် လုံမပျို တစ်ဦးရဲ့ အသံ……
ဒီလို ….လူမျိုးစုံ အသံမျိုးစုံ တို့ ရဲ့ …..
ရင်ဖွင့်စကားသံတွေကို လဲ ….
ကျွန်တော်တို့ နားမဆံ့အောင် နားထောင်ခဲ့ ရဖူးပါတယ်….

သေချာတာကတော့ …
သူတို့ ရဲ့ နံပါတ်တစ် လိုအင်ဆန္ဒ ဟာ….
ဘယ်သူဘယ်ဝါ သမ္မတ ဖြစ်မှ ရယ်လို့ တော့ ….
လုံးဝ မဟုတ်ဘူး ဆိုတာပါပဲ …

သူတို့ ရဲ့ စိတ်ကူး ...
သူတို့ ရဲ့ အိပ်မက်တွေထဲမှာ …
ခြေဥ ချက်ချင်းပြင်ဆိုတာ လုံးဝ မပါပါဘူး…
ပုဒ်မ ၁၈ ဖျက်ဖို့ လဲ လုံးဝ စိတ်မ၀င်စားပါဘူး …
နိုင်ငံတကာက ဖိအားပေးဖို့ လိုတယ်လို့ လဲ လုံးဝ မထင်ပါဘူး …
ဒီလူမှ သမ္မတ မဖြစ်ရင် ကိုယ်ကျိုးနည်းပြီ လို့ လဲ ….
တစ်ခါမှ မတွေးဖူးပါဘူး…

တကယ်တော့ ….
ပြည်သူတွေဟာ ကိုယ်ဖြတ်သန်းနေရတဲ့ ….
နေ့ စဉ်လူမှုဘ၀ပေါ်မူတည်ပြီး …
လိုအင်ဆန္ဒ သဘောထားတွေ အမျိုးမျိုးကွဲပြားပါတယ်….
ကချင်ဒေသ က …
ဒေသခံတစ်ဦးရဲ့ အဓိက လိုအပ်ချက်ဟာ …
စစ် ဆက်မဖြစ်ရေး ဖြစ်ပြီး ….
ရခိုင်ဒေသ က ရခိုင်လုံမေတစ်ဦးကတော့ …
သူ့ ရွာနံဘေးမှာ ….
စိတ်အေးလက်အေး ထင်းခွေနိုင်ရေး ဖြစ်ပါတယ်….

မုံးစီး ဒေသ ပတ်ချာလည်က ရှမ်းအဖိုးကြီး ရဲ့ စိတ်ပူပန်မှုဟာ….
သူ့ ဘိန်းခင်းလေး အဖျက်မခံရရေး ဖြစ်ပြီး…
ဧရာဝတီတိုင်းက လယ်သမားတစ်ဦး ဖြစ်ချင်နေတာကတော့…
သိမ်းဆည်းခံထားရတဲ့ သူ့ လယ်လေး ပြန်ရရေး ဖြစ်ပါတယ်…

ကိုယ်ဖြစ်ချင်တဲ့  ဆန္ဒ ….
ကိုယ့်ပါတီ ဖြစ်ချင်နေတဲ့ ဆန္ဒကို ….
ပြည့်သူ့ ဆန္ဒ …ပြည့်သူ့ ဆန္ဒလို့ …..
တစ်ချိန်လုံး ဟစ်နေမယ်ဆိုရင် ….
ကျွန်တော် အချက်အလက်လေး တွေ နဲ့ မေးပါရစေ ……

ကျွန်တော်တို့ မြန်မာပြည်မှာ ….
ပြည်နယ်နဲ့ တိုင်း ၁၄ ခုရှိပါတယ်…..
ကောက်ခံထားတဲ့ စာရင်းဇယားတွေ အရ ….

ကချင်ပြည်နယ်ဟာ ၃၄, ၃၇၉ စတုရန်းမိုင်ရှိပြီး ….
လူဦးရေ ၁, ၃၉၃, ၃၃၀ ယောက်မှာ …
ဂျိန်းဖော ၂၅.၂၉ % ဗမာ ၂၉.၁၂ % ရှမ်း ၂၃.၃၉ %
ချင်း ၀.၂၇၃ % ကရင် ၀.၂၅ % အခြား ၂၁.၆၇ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ ….
ဗုဒ္ဓဘာသာ ၅၇.၈၂ % ခရစ်ယာန် ၃၆.၄၀ %
ဟိန္ဒူ ၁.၁၅ % အစ္စလာမ် ၁.၅၇ % အခြား ၀.၀၆ % ရှိပါတယ်…..

ကယား ပြည်နယ်ဟာ ၄, ၅၃၀ စတုရန်းမိုင်ရှိပြီး …
လူဦးရေ ၃၀၁, ၁၈၇ယောက်မှာ …
ကယား ၂၇.၇၄ % ဗမာ ၂၀.၅၆ % ရှမ်း ၈.၅၀ %
ကရင် ၅.၃၈ % အခြား ၃၇.၈၂ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ ….
ဗုဒ္ဓဘာသာ ၄၆.၂၂ % ခရစ်ယာန် ၃၉.၆၉ %
ဟိန္ဒူ ၀.၁၀ % အစ္စလာမ် ၁.၂၁ % အခြား ၁၂.၇၈ % ရှိပါတယ်…..

ကရင် ပြည်နယ်ဟာ ၁၁, ၇၃၁ စတုရန်းမိုင်ရှိပြီး ….
လူဦးရေ ၁, ၆၀၇, ၅၂၃ ယောက်မှာ …
ကရင် ၅၀.၉၃ % မွန် ၁၇.၇၂ % ဗမာ ၁၄.၁၄ % ရှမ်း ၂.၉၄ %
ကယား ၀.၅၄ % ရခိုင် ၀.၂၆ % အခြား ၁၃.၄၇ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ ….
ဗုဒ္ဓဘာသာ ၈၃.၇၂ % ခရစ်ယာန် ၉.၃၆ %
ဟိန္ဒူ ၀.၇၆ % အစ္စလာမ် ၅.၁၉ % အခြား ၀.၉၇ % ရှိပါတယ်…..

ချင်းပြည်နယ်ဟာ ၁၃, ၉၀၇ စတုရန်းမိုင်ရှိပြီး ….
လူဦးရေ ၅၀၂, ၅၁၇ ယောက်မှာ …
ချင်း ၉၂.၉၄ % ရခိုင် ၃.၇၀ %
ဗမာ ၀.၇၉ % အခြား ၂.၅၇ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ ….
ဗုဒ္ဓဘာသာ ၁၀.၇၈ % ခရစ်ယာန် ၇၂.၆၆ %
ဟိန္ဒူ ၀.၀၃ % အစ္စလာမ် ၀.၀၆ % အခြား ၁၆.၄၇ % ရှိပါတယ်…..

မွန်ပြည်နယ်ဟာ ၄, ၇၄၇.၈ စတုရန်းမိုင်ရှိပြီး ….
လူဦးရေ ၂, ၇၃၅, ၄၀၃ ယောက်မှာ …
မွန် ၃၈.၂၂ % ဗမာ ၃၇.၁၅ % ရှမ်း ၀.၅၈ %
ရခိုင် ၀.၂၄ % ကရင် ၁၂.၆၇ % အခြား ၁၁.၁၄ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ …..
ဗုဒ္ဓဘာသာ ၉၂.၂၂ % ခရစ်ယာန် ၀.၅၂ %
ဟိန္ဒူ ၁.၁၆ % အစ္စလာမ် ၀.၀၆ % အခြား ၁၆.၄၇ % ရှိပါတယ်…..

ရခိုင် ပြည်နယ်ဟာ ၁၄, ၂၀၀ စတုရန်းမိုင်ရှိပြီး ….
လူဦးရေ ၂, ၉၆၈, ၃၇၅ ယောက်မှာ …
ရခိုင် ၆၄.၃၄ % ဗမာ ၀.၇၀ %
ချင်း ၃.၁၄ % အခြား ၃၁.၈၂ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ ….
ဗုဒ္ဓဘာသာ ၆၉.၆၇ % ခရစ်ယာန် ၀.၃၉ %
ဟိန္ဒူ ၁.၁၆ % အစ္စလာမ် ၂၈.၅၇ % အခြား ၂၈.၅၇ % ရှိပါတယ်…..

ရှမ်း ပြည်နယ်ဟာ ၆၀, ၁၅၅ စတုရန်းမိုင်ရှိပြီး ….
လူဦးရေ ၅, ၁၄၁, ၅၂၀ ယောက်မှာ …
ရှမ်း ၃၅.၂၃ % ကယား ၀.၀၉ % ဗမာ ၁၁.၄၄ % ဂျိန်းဖော ၂.၃၅ %
ကရင် ၀.၃၈ % ချင်း ၀.၁၉ % ရခိုင် ၀.၂၀ % အခြား ၅၀.၁၁ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ ….
ဗုဒ္ဓဘာသာ ၈၃.၇၂ % ခရစ်ယာန် ၉.၃၆ %
ဟိန္ဒူ ၀.၇၆ % အစ္စလာမ် ၅.၁၉ % အခြား ၂၈.၅၇ % ရှိပါတယ်…..

ဧရာဝတီ တိုင်း ဟာ ၁၃, ၅၆၆ စတုရန်းမိုင်ရှိပြီး ….
လူဦးရေ ၇, ၃၁၈, ၁၇၀ ယောက်မှာ …
ဗမာ ၇၅.၇၇ % ကရင် ၂၀.၁၃ % ရခိုင် ၁.၁၀ %
ချင်း ၀.၁၅ % မွန် ၀.၀၇ % အခြား ၂.၇၈ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ ….
ဗုဒ္ဓဘာသာ ၉၂.၈၁ % ခရစ်ယာန် ၅.၅၈ %
ဟိန္ဒူ ၁.၁၁ % အစ္စလာမ် ၁.၂၂ % အခြား ၀.၂၈ % ရှိပါတယ်…..

ပဲခူးတိုင်း ဟာ ၁၅, ၂၁၄ စတုရန်းမိုင်ရှိပြီး ….
လူဦးရေ ၅, ၄၁၉, ၆၁၄ ယောက်မှာ …
ဗမာ ၈၈.၈၆ % ကရင် ၄.၆၅ % ရှမ်း ၀.၆၇ %
ချင်း ၀.၈၀ % မွန် ၀.၄၀ % ရခိုင် ၀.၂၅ % အခြား ၄.၃၇ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ …..
ဗုဒ္ဓဘာသာ ၉၄.၂၇ % ခရစ်ယာန် ၂.၃၂ %
ဟိန္ဒူ ၁.၇၄ % အစ္စလာမ် ၁.၁၆ % အခြား ၀.၅၁ % ရှိပါတယ်…..

မကွေးတိုင်း ဟာ ၁၇, ၃၀၅ စတုရန်းမိုင်ရှိပြီး ….
လူဦးရေ ၄, ၉၇၅, ၇၃၆ ယောက်မှာ …
ဗမာ ၉၆.၆၉ % ချင်း ၂.၂၉ %
ရခိုင် ၀.၀၇ % အခြား ၀.၉၅ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ ….
ဗုဒ္ဓဘာသာ ၉၈.၉၄ % ခရစ်ယာန် ၀.၃၆ %
ဟိန္ဒူ ၀.၀၅ % အစ္စလာမ် ၀.၃၁ % အခြား ၀.၃၄ % ရှိပါတယ်…..

မန္တလေး တိုင်း ဟာ ၁၄, ၂၉၅ စတုရန်းမိုင်ရှိပြီး ….
လူဦးရေ ၇, ၄၀၆, ၈၉၆ ယောက်မှာ …
ဗမာ ၉၅.၃၆ % ရှမ်း ၀.၈၂ % ဂျိန်းဖော ၀.၁၈ %
ကရင် ၀.၃၁ % ချင်း ၀.၁၃ % ရခိုင် ၀.၁၁ % အခြား ၃.၁၉ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ ….
ဗုဒ္ဓဘာသာ ၉၅.၉၇ % ခရစ်ယာန် ၀.၇၄ %
ဟိန္ဒူ ၀.၂၄ % အစ္စလာမ် ၂.၉၇ % အခြား ၀.၀၈ % ရှိပါတယ်…..

စစ်ကိုင်း တိုင်း ဟာ ၃၆, ၅၃၅ စတုရန်းမိုင်ရှိပြီး ….
လူဦးရေ ၅, ၇၇၆, ၆၁၀ ယောက်မှာ …
ဗမာ ၈၈.၅၈ % ချင်း ၂.၉၁ % ရှမ်း ၄.၂၈ %
ဂျိန်းဖော ၀.၁၆ % ကရင် ၀.၁၇ % အခြား ၄.၀၀ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ ….
ဗုဒ္ဓဘာသာ ၉၃.၇၅ % ခရစ်ယာန် ၄.၁၆ %
ဟိန္ဒူ ၀.၀၆ % အစ္စလာမ် ၁.၀၅ % အခြား ၀.၉၈ % ရှိပါတယ်…..

တနင်္သာရီ တိုင်း ဟာ ၁၆, ၇၃၅ စတုရန်းမိုင်ရှိပြီး …
လူဦးရေ ၁, ၄၈၉, ၇၉၅ ယောက်မှာ …
ဗမာ ၈၃.၃၅ % ကရင် ၆.၅၁ %
မွန် ၂.၅၆ % ရှမ်း ၀.၀၈ % အခြား ၇.၅၀ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ ….
ဗုဒ္ဓဘာသာ ၈၈.၇၁ % ခရစ်ယာန် ၄.၇၃ %
ဟိန္ဒူ ၀.၂၅ % အစ္စလာမ် ၅.၉၇ % အခြား ၀.၃၄ % ရှိပါတယ်…..

ရန်ကုန်တိုင်း ဟာ ၃, ၉၂၇.၁၅ စတုရန်းမိုင်ရှိပြီး …
လူဦးရေ ၆, ၁၈၇, ၆၈၅ ယောက်မှာ …
ဗမာ ၈၃.၅၃ % ကရင် ၄.၈၀ % ရခိုင် ၁.၁၁ % မွန် ၀.၆၄ %
ရှမ်း ၀.၄၅ % ချင်း ၀.၁၈ % ဂျိန်းဖော ၀.၀၇ % အခြား ၉.၂၂ % ရှိပါတယ်….
ကိုးကွယ်မှု ဘာသာ အနေနဲ့ ….
ဗုဒ္ဓဘာသာ ၉၁.၁၂ % ခရစ်ယာန် ၂.၇၅ %
ဟိန္ဒူ ၀.၉၆ % အစ္စလာမ် ၄.၈၆ % အခြား ၀.၃၁ % ရှိပါတယ်…..

အဲဒီတော့ ….အဲဒီ စာရင်းထဲမှာ ….
ခြေဥကို အခုပြင်မှ ဖြစ်မယ်….
ကာချုပ် နဲ့ အခု တွေ့ မှ ရမယ်….
၂၀၁၅ သမ္မတ ဖြစ်မှကို ဖြစ်မယ် ဆိုတဲ့ သူ ….
ရာခိုင်နူန်း ဘယ်လောက်လောက် ပါ ပါသလဲ …..?

နောက်တစ်ခု ထပ်မေးပါရစေ….
ခြေဥ ပြင်မရလို့  …..
၂၀၁၅ အတိုက်အခံပါတီ ခေါင်းဆောင် သမ္မတ မဖြစ်ရင် …
အဲဒီ စာရင်းထဲက ဘယ်နှစ်ရာခိုင်နူန်းက …
လုံးဝ လက်မခံပါဘူး လဲ ….?

ထပ်ပြီး မေးပါရစေအုန်း …
အခု အွန်လိုင်းပေါ်က စိတ်ဓာတ် ပြင်းထန်လွန်းပါတယ်ဆိုတဲ့ …..
ရဲရဲတောက် အကောင့်တွေထဲကရော….
ခြေဥ ပြင်မရလို့  …..
၂၀၁၅ အတိုက်အခံပါတီ ခေါင်းဆောင် သမ္မတ မဖြစ်ရင် …
ကိုယ့်ကိုယ်ကို သတ်သေမယ့်လူ ရှိပါသလား….?

ပြောချင်တာကတော့ ….
ပြည်သူ့ ဆန္ဒ …ပြည်သူ့ ဆန္ဒ ဆိုပြီး ….
အိုဗာတွေ သိပ်မလုပ်ပါနဲ့ ……
ပြည်သူ့ ဆန္ဒ …ပြည်သူ့ ဆန္ဒ ဆိုပြီး ….
ရင်းနှီးမြုပ်နှံမှုတွေ မလာပါနဲ့ အုန်း မတားပါနဲ့ …..
ပြည်သူ့ ဆန္ဒ …ပြည်သူ့ ဆန္ဒ ဆိုပြီး ….
လူဦးရေ ထိန်းချုပ်တာဟာ ….
လူအခွင့်အရေးအရ မဖြစ်သင့်ဘူး မပြောပါနဲ့ ….
ပြည်သူ့ ဆန္ဒ …ပြည်သူ့ ဆန္ဒ ဆိုပြီး ….
နိုင်ငံတကာ က ထပ် ဖိအားပေးပါဦး မတိုက်တွန်းပါနဲ့ ….
ပြည်သူ့ ဆန္ဒ …ပြည်သူ့ ဆန္ဒ ဆိုပြီး ….
ကိုယ့်ပါတီက ဒီမိုကရေစီနဲ့ အညီဆုံးလို့ လျှောက် မပွားပါနဲ့ …

တကယ်တော့ ဒါတွေဟာ ….
ပြည်သူ့ ဆန္ဒလား …..ကိုယ့်ဆန္ဒလား ...
ပြည်သူ့ သဘောထားလား ….
ကိုယ့် သဘောထားလား ဆိုတာ ….
ပါတီစွဲ မရှိတဲ့ သူ အားလုံးက သိကြ မြင်ကြ ပါတယ်….

ကျွန်တော်တို့ တစ်ခုပဲ ပြောပါရစေ ….
အတိုက်အခံပါတီ ခေါင်းဆောင် ဟာ…
အရည်အချင်း ရှိတယ်လို့ လက်ခံပြီးသားပါ….
အစိုးရ အဖွဲ့ ထဲ ….
လွှတ်တော်ထဲမှာလဲ ပါစေချင်ပါတယ်…
ဒါပေမယ့် ခင်ဗျားတို့ လို ….
ဘာ ရာထူးဖြစ်မှ … ညာရာထူး ဖြစ်မှ ရယ်တော့ သိပ်မရှိလှပါဘူး….

ကျွန်တော်တို့ နဲ့ အမြဲ အစေးမကပ်တဲ့ ကိစ္စတွေက …
နိုင်ငံခြားရောက်တိုင်း ….
ကိုယ့်တိုင်းပြည်ကို ပြန် ပြန် အတင်းအုပ်နေတဲ့ ကိစ္စရယ်…..
တပ်မတော် နဲ့  ဆက်ဆံရေးကောင်းအောင် လုပ်ရမယ့်အစား ….
မိန့် ခွန်းပြောတိုင်း ….
ခနိုးခနဲ့  မထိတထိ ပြောတတ်တာတွေရယ်…
ကိုယ် …. အနောက်အုပ်စု နဲ့ အဆင်ပြေတိုင်း ….
ကိုယ့်ပါတီ အာဏာမရသေးလို့ ….
အကိုတို့ ရေ …..
ပိတ်ဆို့ ထားတာလေးတွေ အကုန်မဖွင့်ပါနဲ့ အုန်း ဆိုတဲ့ …..
အတွေးအခေါ်လေးတွေရယ်….
အဲဒါလေးတွေ ပြင်ရင်ကို အတော်အဆင်ပြေပါတယ်….

တိုတိုနဲ့ လိုရင်း ပြောရရင်တော့ ….
ပြည်သူ့ ဆန္ဒ …ပြည်သူ့ ဆန္ဒ ဆိုပြီး …
အိုဗာတင်းတွေ မဖျော်ဖို့ ပါပဲ ဗျာ……။ ။

( အိုဗာတင်း မကြိုက်တဲ့  ရဲမိုး )
From:Ye Moe

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>