Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

"ရင်နာတယ် အမေရယ် "

$
0
0
"ရင်နာတယ် အမေရယ် "
===============
ချစ်ခဲ့ပါတယ် အမေရယ် ...
အမေ့ကို မြင်မြင်ချင်း ...
မျက်ရည်လည်း ကျခဲ့ဖူးတယ် ...

အမေ လက်ဝှေ့ယမ်း ပြတဲ့အခါ ...
"ဟေး "ခနဲ အော်လိုက်တဲ့ လူတွေထဲ
သား လည်း ပါခဲ့ဖူးတယ် . . .

အမေ ရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ....
အမေ ရွေးကောက်ပွဲ မ၀င်သည်ဖြစ်စေ....
အမေဟာ ကျနော်တို့ရဲ့ခေါင်းဆောင်
အမေဟာ ကျနော်တို့ရဲ့အမေ
တခါမှ မငြိုငြင်ခဲ့ဘူး ...အမေ . . .

အမေဟာ ဗမာ တို့ရဲ့အမေ မဟုတ် ....
အမေဟာ ကရင် တို့ရဲ့အမေ မဟုတ် ....
အမေဟာ ကချင် တို့ရဲ့အမေ မဟုတ်
အမေဟာ ကျနော်တို့ရခိုင် တွေရဲ့အမေ မဟုတ် ...
ပြည်ထောင်စု တစ်ခုလုံးရဲ့အမေ လို့ ...
ဟောဒီ ရင်ထဲမှာ ဆူးစူးသလို ...
မှတ်ယူ နစ်ဝင် နေခဲ့တာပါ အမေ . . .

ကျောက်နီမော်က ရခိုင်သူလေးလည်း
အမေရဲ့ သမီးပါပဲ အမေ ...
သူဟာ ....
လူမဆန်သူသုံးယောက်ရဲ့
အနိုင်ကျင့် စော်ကား ခံရရုံသာမက ...
လည်မျိုနုန ကို ဓါးနဲ့ဟက်တက်လှီး ...
မသေခင် ဘယ်လောက် ညည်းတွားခဲ့ရမယ်ဆိုတာ ...
ကြားယောင်ကြည့်ပေါ့ အမေ . . .

တောင်ကုတ်မှာ မွတ်ဆလင်ဆယ်ယောက် ...
ကျနော်တို့ လူမျိုးတွေထဲက ....
စိတ်ဆတ်သူတွေ သတ်မိတော့
အမေပြောတဲ့စကားကို ကြားယောင်ပြီး ....
သိပ် ရှက်မိပါတယ် အမေ ....
အားကြီးသူဆိုတာ အားငယ်သူကို ...
စာနာသနားရတယ် ဆိုလား ...ဘာဆိုလား ...
ဟုတ်ပ ဟုတ်ပ . . .
ကျနော် အကိုတွေ
မလိမ်မာ တခါမိုက်
ရာဇ၀င်တောင် တွင် လိုက်သေးတယ် အမေ . . .

ဆူးလေ မှာလည်း ...
ရန်ကုန်က မြန်မာမွတ်ဆလင်ပါ ဆိုသူတွေ ဆန္ဒပြ ...
အမေက လည်း မော်လ၀ီ ဆိုသူကြီးတွေကို နှစ်သိမ့် ...
ပြဇာတ် ကနေကြတဲ့အလား တညီတညွတ် ...
ကျနော်ဆို ...
ပြည်ထောင်စုသား ....
ရခိုင်လူမျိုးဆိုတဲ့ ဂုဏ်တောင် ....
ရှိလား ... မရှိလား မသိတော့ ....

ကျနော်တို့ဟာ ....
အဘိုး ဗိုလ်ချုပ်ကို ယုံလို့
ပြည်ထောင်စု အလံအောက်ကို ခိုခဲ့ကြတာပါ အမေ ....
ကျနော်တို့ထက် ...
သူတို့က ပို အရေးကြီးနေသလား ???

အခု မောင်တောမြို့မှာ ....
ကျနော်တို့ သားချင်းတွေ
မီးလောင်တိုက် သွင်းခံရ ..
ဓါး နဲ့ ခုတ် ခံရ ...
ဒုတ် နဲ့ရိုက် ခံရ ....
ကိုယ့်မြေ .... ကိုယ့်ရေ ....ကိုယ့်ဒေသ မှာ ....
ဒီလို လုပ် ခံရတာ အမေ . . .
ပြောပါဦးလေ ....
အားကြီးသူတွေ . . . အားနွဲ့သူတွေ . . .

အခုတော့နားလည်သွားပြီ အမေ ....
မော်လ၀ီ တွေကို နှစ်သိမ့်ခဲ့သမျှ ...
ပြည်ထောင်စုသား ရခိုင်တွေ ဘက်
လှည့်တောင် အကြည့်မခံ ရတဲ့ဘ၀ ...
နာတယ် .... အမေ နာတယ် ...
ဟောဒီ ရင်ဘတ်က တဆစ်ဆစ် နာတယ် . . .

ဟိုး နှစ်ပေါင်း ထောင်ချီဆီက ...
အမေတို့နဲ့ တစ်နွယ်တည်း ....
စီးဆင်းခဲ့တဲ့ သွေးတွေကလည်း
နာတယ် .... အမေ နာတယ် ....
ဟောဒီ ရင်ဘတ်က တဆစ်ဆစ် နာတယ် . . .

အခုတော့ ကျနော်တို့ ရခိုင်တွေမှာ
အဘိုး ဗိုလ်ချုပ်လည်း ....
ကွယ်လွန် သွားပြီ ....
အမေ ကိုလည်း မေ့လိုက်ပါပြီ ....
နေသာသလို နေပါအမေ ....
မနေသာတဲ့ ....
သားတို့ ညီအကို နိုင်ငံသားတွေ ...
လေညာက ဆင်းပြီး ၀င်ပါ ကြပါလိမ့်မယ် . . .

နေသာ သလိုသာ နေလိုက်ပါတော့ အမေ ...
ကျနော်တို့လည်း နာသာ သလိုသာ နာလိုက်ပါတော့မယ် . . .။ ။



( Credit to မာဃလုလင် via ရွာလယ်က သီဟလူချော )


PS ။ မှားခြင်း ... မှန်ခြင်း ...
လက်ခံခြင်း ... မခံခြင်း ...ဆိုသည်ထက် ...
တစ်မြေတည်း နေ ...
တစ်ရေတည်း သောက် ...
ရခိုင် ညီငယ် တစ်ယောက်၏ ...
နာနာကျင်ကျင် ငြီးတွားသံကို ....
ဝမ်းနည်း စိတ်မကောင်း ဖြစ်မိသဖြင့် ...
အသိအမှတ်ပြု ဖော်ပြအပ်ပါသည်.....။ ။

From:Ye Moe

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>