Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသော ဘင်္ဂါလီ ခုနစ်ဦးကို မှော်ဘီမြို့တွင် ဖမ်းမိ

$
0
0
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဘက်မှ ရန်ကုန်မြို့တော်သို့ ခိုးဝင်လာသူ ဘင်္ဂါလီ ခုနစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပြည်လမ်း တပ်ကြီးကုန်းကျေးရွာ လေတပ်ကွေ့ ကားမှတ်တိုင် အနီးတွင် နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းမြို့နယ် အမှတ် (၄) လမ်းမကြီးရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ပါဂျဲရိုးယာဉ်ကို တရားမဝင် ကျွန်းသစ်များ သယ်ဆောင်လာသည်ဟု သံသယရှိ၍ စစ်ဆေးရန် တားဆီးစဉ် မောင်းနှင် ထွက်ပြေးခဲ့သဖြင့် လိုက်လံ ဖမ်းဆီးရာမှာ လေတပ်ကွေ့ ကားမှတ်တိုင်အနီးတွင် ဖမ်းမိခဲ့ပြီး ကျွန်းသစ်များ တင်လာသည်ကို မတွေ့ရှိသော်လည်း အဆိုပါယာဉ်မှာ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်ပြီး ယာဉ်အတွင်း လိုက်ပါလာသူများကို စစ်ဆေးရာမှ ဘင်္ဂါလီလူမျိုး ခုနစ်ဦးနှင့် ယာဉ်မောင်းကို ဖမ်းမိခဲ့ကြောင်း မှော်ဘီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ယာဉ်ပေါ် လိုက်ပါလာသူများတွင် White Card ကိုင်ဆောင်ထားသူ နှစ်ဦး အပါအဝင် ဘင်္ဂါလီ ခုနစ်ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ပိုက်သည်ရပ်ကွက် ကန်ပေါက်ကျေးရွာတွင် နေထိုင်သူများ ဖြစ်ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း မှော်ဘီမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် White Card ကိုင်ဆောင်ထားသူများမှာ ဒေသန္တရ စည်းမျဉ်းအရ ရခိုင်ပြည်နယ် အတွင်းသာ သွားလာခွင့် ရှိသော်လည်း ရပ်ဝေးဒေသသို့ ခရီးသွားလိုပါက နေထိုင်သူ၏ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ဦးစီးဌာနထံမှ ပုံစံ ၄ ထုတ်ယူပြီးမှသာ သွားလာနိုင်ကြောင်း မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးမှ အရာရှိတစ်ဦးက ရှင်းပြသည်။

၎င်းတို့ ခုနစ်ဦးကို ကျောက်တော်မြို့နယ် ပိုက်သည်ရပ်ကွက် ကန်ပေါက်ကျေးရွာ ဈေးတံတားအနီးတွင် နေထိုင်သူ ဘင်္ဂါလီလူမျိုး အသက် ၄၃ နှစ်အရွယ် ကိုကျော်မောင် (ခ) ရှိုဘီက ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့အရောက် တစ်ဦးလျှင် ကျပ်ငါးသိန်း ရယူခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခန့်က မကွေးတိုင်းဒေသကြီး မင်းဘူးနှင့် ပဒါန်းကြား မိုင်တိုင်အမှတ် (၁၇) မှ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ ကားဂိတ်သို့ ယာဉ်မောင်း အောင်မိုးထိုက်ကို ပို့ဆောင်ခ ငွေကျပ် ၃၂ သိန်းဖြင့် စရန်ငွေ ရှစ်သိန်း ပေးချေကာ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

အဆိုပါ လိုင်စင်မဲ့ယာဉ်ကို မောင်းနှင်ကာ ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ခေါ်ဆောင်လာသူ ရေနံချောင်းမြို့နယ် တွင်းကုန်း ရပ်ကွက်တွင် နေထိုင်သည့် ကိုအောင်မိုးထိုက်မှာ မင်္ဂလာဒုံမြို့နယ် ရဲစခန်းက ပြစ်မှုပုဒ်မ ၃၆၇/၃၇၀ ဖြင့် အမှုဖွင့်ထားခံရသူ ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေသူ ဖြစ်ကြောင်း၊ ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ခေါ်ဆောင်လာမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနထံသို့ တင်ပြထားကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

From: The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>