Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အရွယ်မရောက်သေးသည့်မိန်းကလေးငယ်တစ်ဦးအားသားမယားပြုကျင့်သူနှင့် ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူများအား ပြစ်ဒဏ်များအသီးသီးချမှတ်

$
0
0
အရွယ်မရောက်သေးသည့် မိန်းကလေးငယ်တစ်ဦးအား သားမယားအဖြစ် ပြုကျင့်ကာ ပြည့်တန်ဆာ အဖြစ် ရောင်းချခဲ့သည့် ပထွေးဖြစ်သူအပါအဝင် ဆက်စပ်ပတ်သက်သူ အားလုံးကို ထိရောက်သောပြစ် ဒဏ်များချမှတ် ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် ဩဂုတ်လလယ်ခန့်တွင် ဖျာပုံခရိုင် ဘိုကလေးမြို့နယ် အသက် (၁၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ပထွေးဖြစ်သူ ဦးဝင်းနိုင်က သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အပြင် ပြည့်တန် ဆာ ခေါင်းအိမ်များသို့ ပြည့်တန်ဆာအဖြစ် ရောင်းချခဲ့သဖြင့် တရားဥပဒေအရ ဆောင်ရွက်ပေးပါရန် အုပ်ထိန်းသူအဘွားကဘိုကလေးမြို့အမှတ်(၇)ရပ်ကွက်လူထုအခြေပြုကလေးသူငယ်ကာကွယ်စောင့်ေ ရှာက်ရေး အဖွဲ့ သို့ စာဖြင့်ရေးသားအကူအညီ တောင်းခံခဲ့မှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်မှူ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကစိစစ်ဖော်ထုတ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖော်ထုတ်ချက်အရ ပထွေးဖြစ်သူ ဦးဝင်းနိုင်က သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး မော်လမြိုင်ကျွန်းမြို့ ရှိ ပြည့်တန်ဆာလုပ်ကိုင်သူ သံမဏိ(ခ) ကျော်ချစ်ဦးနှင့် မမေဖူးတို့ထံ ငွေကျပ် နှစ်သောင်းဖြင့် လည်းကောင်း ၊ ပုသိမ်မြို့ရှိ ပြည့်တန်ဆာခေါင်း ထွန်းထွန်းနှင့် မဇာလွင်မြင့်တို့ထံ ငွေကျပ် ၃၀ဝ၀ဝ ဖြင့် လည်းကောင်း ရောင်း ချခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ တရားခံဝင်းနိုင်အား ပြစ် မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နှင့် ပုဒ်မ ၃၇၂ အရ ထောင်ဒဏ် ၁၀ နှစ်တို့ ကို သီးခြားစီကျခံစေရန် ဖျာပုံခရိုင်တရားရုံးက ဇန်နဝါရီလ ၈ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သံမဏိ (ခ) ကျော်ချစ်ဦးနှင့်မမေဖူးတို့အားလူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ၂၄အရအလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီကို ဩဂုတ် ၉ ရက်တွင်လည်းကောင်း၊ တရားခံထွန်းထွန်းနှင့် မဇာလွင်မြင့်တို့အား ပြည့်တန် ဆာနှိပ်ကွပ်ရေး ဥပဒေပုဒ်မ ၈(၁)နှင့် ၅(၁)တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်စီကို ပုသိမ် မြို့နယ် တရားရုံးက နိုဝင်ဘာ ၅ ရက်တွင်လည်းကောင်း အသီးသီးချမှတ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

From:စင်္ကာပူဖီး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...