Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာ့နိုင်ငံရေးအကွဲအပြဲနဲ့ ဒေါ်စုအကြောင်းတစ်စေ့တစ်စောင်း

$
0
0

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲဆိုတာလွှတ်တော်တစ်ရပ်အတွက်သာဖြစ်တယ်
၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော်နဲ့သွားတူတယ်ပြောရမယ် ။

အဆိုပါရွေးကောက်ပွဲမှာ ဒေါ်စုဟာ ဗဟန်း ၁ မဲဆန္ဒနယ်မှကိုယ်စားလှယ်ပေါ့ဗျာ အဲ့မဲဆန္ဒနယ်ကနေ ထပ်မံကိုယ်စားလှယ်အနေနဲ့ ဦးလဘန်ဂရောင်း (ပင်လုံစာချုပ် လက်မှတ်ရေးထိုးပွဲပါဝင်သူ ကချင်တိုင်းရင်းသားခေါင်းဆောင်)က ဒေါ်စုကိုဒီလိုကန့်ကွက်ခဲ့ပါတယ်

>>>ဒေါ်စုဟာ နိုင်ငံခြားမှာ ၂၈ နှစ်ကြာခဲ့ပီး မိခင်မကျန်းမာ၍ပြန်လာသူသာဖြစ်ကြောင်း အစိုးရထံသူမလိပ်စာပေးရာ၌ 15 park town,Oxford Englandဟုပေးခဲ့ကြောင်း အင်္ဂလိပ်လူမျိုးနှင့်လက်ထပ်၍ကလေးနှစ်ယောက်မွေးခဲ့ကြောင်း အင်္ဂလိပ်လူမျိုးနဲ့လက်ထပ်သည်ကိုလည်းကောင်း ကလေးနှစ်ယောက်ဖွားမြင်သည်ကိုလည်းကောင်း မြန်မာ့သံရုံးသို့ ဆက်သွယ်သတင်းမပို့ခဲ့ကြောင်း အန္ဒိယ နယူးဒေလီတွင် အလုပ်လုပ်စဉ်ကာလ၌လည်း လုပ်ခလစာမှအခွန်ငွေ ရူပီး၁၆၀၀၀၀ ကျော်ကို မြန်မာသံရုံးသို့မပေးသွင်းပဲ အင်္ဂလိပ်သံရုံးသို့သာအခွန်ဆောင်ခဲ့ကြောင်း နိုင်ငံခြားသား (သို့)နိုင်ငံခြားသားဖြစ်သူခံစားရှိသော အကျိုးကျေးဇူး ခံစားသူများသည် မြန်မာ့လွှတ်တော်ရွေးကောက်ပွဲများတွင် အရွေးခံခွင့်မရှိဟု ၁၉၄၇အခြေခံဥပဒေပုဒ်မ၇၄ ဖဆပလခောတ်ရွေးကောက်ပွဲဥပဒေ ၁၉၈၉ခုနှစ် ရွေးကောက်ပွဲဥပဒေများ၌တားမြစ်ထားကြောင်း နှင့် ၁၉၈၉ခုနှစ် ရွေးကောက်ပွဲဥပဒေတွင် သောင်းကျန်းသူနှင့် ဆက်သွယ်သူများရွေးကောက်ခံခွင့်မရှိဟု ပြဌာန်းထားကြောင်းဆိုရာ ABSDF မှ စိုးမြတ်သူ နှင့် သန်းထွန်းစိုးခေါ် ထိပ်ပိတ်တို့ကို ဒေါ်စုမှလက်ခံထားကြောင်း သက်ဆိုင်ရာမှဒေါ်စုအိမ်သို့ဝင်ဖမ်းရာမိခဲ့ကြောင်း တင်ပြကန့်ကွက်ခဲ့သည် <<<

သို့ပေမယ် ၉၀ ရွေးကောက်ပွဲမှာ NLD အများစုအရွေးခံခဲ့ရပါတယ် သို့ဖြစ်၍ NLD မှ နိုင်ငံတော်အာဏာလွှဲအပ်ပေးရန် တောင်းဆိုရာ အစိုးရက အခြေခံဥပဒေမရှိပဲ လွှဲမပေးနိုင်ဟု ၁/၉၀ ထုတ်ပြန်အတိအလင်းကြေငြာခဲ့ပါတယ
NLD မှအခြေခံဥပဒေနောက်မှဆွဲမည်ဟုဆို၍ အာဏာကိုသာတွင်တွင်တောင်းဆိုခဲ့ပါတယ်

မြန်မာ့သမိုင်းဖြစ်တည်မှုကိုပြန်ကြည့်ရင် ကွန်မြူနစ်ရှစ်ကွဲကိုးကွဲ ဆိုရှယ်လစ် (လက်ဝဲ လက်ယာ ကြားနေ )ဆယ်ကွဲ ဆယ့်နှစ်ကွဲ အနောက်ဝါဒစုံ အကွဲပေါင်းဒါဇင်ကျော်နဲ့ လွတ်လပ်ရေးရပီးကာစမှပင် အာဏာအတွက် အချင်းချင်း လဗြောင်းသတ်အောင် တိုက်ခိုက်ခဲ့ကြပီးဖြစ်တယ် တိုက်ခိုက်နေကြဆဲဖြစ်တယ်ဆိုတာ လက်တွေ့မြင်ရတာဖြစ်လို့ အစိုးရက ခြေဥ မပီပြင်ခင်မှာ အာဏာလွှဲအပ်မတုန့်ပြန်ခဲ့ခြင်းက မှန်ကန်တဲ့လုပ်ရပ်အဖြစ် တွေးဆရပါမယ်

နိုင်ငံ့သမိုင်းမှာ စစ်အစိုးရကို ဘယ်သူကဘယ်လိုအကြောင်းအရာတွေကြောင့် နိုင်ငံရေးလောကထဲ ဆွဲခေါ်ခဲ့ပါသလဲ သူ့ဟာသူ အာဏာသိမ်းပါတယ်ဆိုပီးတက်လာတာပါလားဆိုတာ စဉ်းစားကြစေလိုပါတယ်

ဒီလိုနဲ့ဒေါ်စုဟာ ((((တွေ့ဆုံဆွေးနွေးခြင်းနဲ့ အလုံးစုံပျက်သုဉ်းခြင်း))) လမ်းသွယ်နှစ်ခုအနက် မည်သည့်လမ်းကိုရွေးမလဲဟု အစိုးရကို အကြပ်ကိုင်ခြိမ်းခြောက်ပြောဆို အကြပ်ကိုရင်း နောက်ထပ်နှစ်ပေါင်းနှစ်ဆယ်ကျော် ပြည်သူကို အကြပ်အတည်းနွံထဲဆွဲချခဲ့ပါကြောင်း ဒူဝေဝေပါဗျာ ။
 
From: Aunghtut Thet

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


TTA Oreo Gapp Installer


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>