Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေသော်လည်း မည်သည့်ပါတီကိုမှ ဘက်လိုက်မည် မဟုတ်ဟု ဦးတင်အေးဆို

$
0
0
နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေခြင်းကြောင့် ဝေဖန် ခံနေရသော ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံတော်သမ္မတနှင့် နီးကပ်စွာ နေလေ့ ရှိသော်လည်း မည်သည့် ပါတီကိုမျှ ဘက်လိုက်မည် မဟုတ်ကြောင်း ပြောကြားသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ ပြု လုပ်သော ပြည်ထောင် စု ရွေးကောက် ပွဲ ကော်ရှင် မဟာဗျူဟာ စီမံကိန်းအတွက် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ ကာလသို့ ရောက်ရှိရန် တစ်နှစ်ကျော်ကျော်သာ လိုတော့သည့် အချိန်တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့ ပူးပူးကပ်ကပ် နေလေ့ရှိနေသည့် အချက်မှာ မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ပြည်တွင်းထုတ် ဂျာနယ်အချို့က ဝေဖန် ရေးသားခဲ့မှုကို ၎င်းက ယင်းသို့ ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
“ပုဂ္ဂိုလ်ရေးအရ ခင်မင်တာပါ။ ခင်မင်တာနဲ့ ဘက်လိုက်တာနဲ့ တခြားစီပဲ။ အားလုံး ဥပဒေအောက်ကပဲ သွားနေတာပါ” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နီးကပ်စွာ နေခြင်းသည် မိတ်ဆွေအဖြစ် ခင်မင်ခြင်း ဖြစ်ပြီး ပါတီနိုင်ငံရေး လုပ်ခြင်း မဟုတ်သောကြောင့် ဘက်လိုက်စရာ အကြောင်း မရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။
“နိုင်ငံရေး ခေါင်းဆောင်ပိုင်းတွေရဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို ကြည့်ပြီး ဘက်လိုက်ခြင်းရှိ မရှိ ပြောလို့မရဘူး။ အဲလို ပြောစတမ်းဆို ဘယ်သူမှလွတ်မှာ မဟုတ်ဘူး” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်း အနေနှင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတ က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းပြီး လွှတ်တော်က ထောက်ခံ ခဲ့သောကြောင့် ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>