Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မန်မာလူမျိုးတွေက အိပ်ယာဝင်ရင် ဘုရားကို ဦးသုံးကြိမ်ချဖို့ သတိမရဘဲ နေချင်နေလိမ့်မယ်။ ဘာသာ သာသနာကို ထိလာရင်တော့ အားလုံးက အသက်စွန့်ဖို့ အသင့်ပါပဲ။ ဒါကတော့ ရဲရဲပြောရဲတယ်

$
0
0
“အဟံအဖွဲ့ချုပ် စတင်တည်ထောင်သူ ဦးမင်းလွင်နှင့် ဆွေ့ဆုံခြင်း”

OIC အနေနဲ့ ရုံးစိုက်ခွင့်ရမယ်ဆိုရင် မြန်မာပြည်အနေနဲ့ ကိုယ်ပိုင်လွှတ်တော်၊ ကိုယ်ပိုင်နိုင်ငံ၊ ကိုယ်ပိုင်ယဉ်ကျေး မှု၊ ကိုယ်ပိုင်ဥပဒေရှိနေပြီးသားပဲ။ ကျွန်တော့်အနေနဲ့ သိပ်လက်ခံနိုင်လိမ့်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ အရင်က မြန်မာလူမျိုးတွေနဲ့ မွတ်ဆလင်တွေက ချစ်ချစ်ခင်ခင် နေလာခဲ့ကြတာ။ ဘာမှ ကြီးမားတဲ့ပြဿနာတွေ မရှိခဲ့ဘူး။ တစ်ခုတော့ ရှိတာပေါ့လေ။ နိုင်ငံရေးပယောဂကြောင့် လှည့်စားခံခဲ့ကြတာပဲရှိ ခဲ့ကြပါတယ်။ အခုနောက်ပိုင်းဖြစ်တဲ့ ပြဿနာတွေက ဘာလဲဆိုတော့ အမေရိကန် World Trade Centre အတိုက်ခံရပြီးတဲ့နောက်ပိုင်း တစ်ကမ္ဘာလုံးမှာ သွေးကြွမွတ်ဆလင်တွေက သူတို့ရဲ့အောင်ပွဲတစ်ခုလို သတ်မှတ်လာပြီးမှ လူငယ်တွေက ထိန်းသိမ်းရခက်လာသလိုဖြစ်လာတယ်။ အခု OIC ဝင်ခဲ့မယ်ဆိုရင် ပြဿနာတွေက ပိုကြီးထွားလာဦးမယ်။ အရင်က ဘာOIC မှလည်းမလိုဘူး။ သူတို့တွေ ထိန်းကျောင်းပေးရ မှာက ကိုယ့်လူတွေ ကိုယ်ထိန်းကျောင်းပေးရမယ်။ သူတို့ကို အသိအမှတ်ပြုရမှာက သူတို့တွေက ကြိုးစားခဲ့ တယ်။ မြန်မာပြည်ကို သူတို့ဝင်လာခဲ့တာ အနိမ့်စားစီးပွားရေးတစ်ရပ်အနေနဲ့ ဝင်လာခဲ့ကြတယ်။ အနိမ့်စား ဘဝတွေက ဝင်လာပြီး လက်ရှိကြည့်လိုက်တဲ့အခါ ကန်ထရိုက်ကြီးတွေ တကယ့်ကို ကြီးကြီးကျယ်ကျယ် ကြီးတွေ ဖြစ်နေတယ်။ သူတို့ရဲ့ ကြိုးစားမှုစွမ်းအားတွေပေါ့။မြန်မာလူမျိုးတွေက ပျင်းလို့လားဆိုရင် မြန်မာလူမျိုးတွေက တကယ် အလုပ်လုပ်တဲ့ လူမျိုးတွေ။ စက်မှုဇုံမှာ သွားကြည့်လိုက်။ မြန်မာလူမျိုးတွေက သိပ်အလုပ်လုပ်ကြတာ။ အလုပ်မလုပ်လို့ဆင်းရဲတာမဟုတ်ဘူး။ ကျွန်တော်တို့ လူမျိုးတွေမှာ ခေါင်းဆောင် ကောင်းမရှိခဲ့လို့ မြန်မာလူမျိုးတွေ ဒုက္ခရောက်ခဲ့ကြတာ။ နိုင်ငံခြားမှာ ကျွန်သွားခံရတယ်။ အသတ်အဖြတ်ခံ ရတယ်။ အသတ်အဖြတ်ခံရတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက ပျင်းလို့ဖြစ်တာ မဟတ်ုဘူး။ သယံဇာတ မကြွယ်ဝလို့လည်းမဟုတ်ဘူး။ သယံဇာတအကုန်ရှိတယ်။ ကမ္ဘာမှာ ကျွန်ထွက်တဲ့နိုင်ငံ သုံးနိုင်ငံလောက် ရှိတဲ့အထဲက မြန်မာကျွန်းက နံပါတ်တစ်အကောင်းဆုံး။ အစအစအရာရာရှိတဲ့ နိုင်ငံက ကျွန်တော်တို့လူမျိုးတွေ ဘာကြောင့် ဆင်းရဲလဲဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်း မရှိခဲ့လို့ပဲ။ တချို့လူမျိုးတွေမှာ အလုပ်မရှိလို့ ဆင်းရဲကြတယ်ဆိုတာ သူတို့မှာ ဘာသယံဇာတမှ မထွက်ဘူး။ အလုပ်မရှိဘူး။ ဆင်းရဲကြတယ်။ ကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိတယ်။ ဘာကြောင့် ဆင်းရဲခဲ့လဲ ဆိုရင် မြန်မာလူမျိုးတွေကို အခွင့်အရေးမပေးခဲ့လို့ အများကြီး ဆင်းရဲခဲ့ကြတယ်။ မြန်မာလူမျိုးတွေမှာလည်း ခံစားချက်တွေ အများကြီးရှိကြပါတယ်။ ဒါကိုလည်း ကမ္ဘာက ဝင်ကြည့်ပေးဖို့ လိုသလို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အုပ်ချုပ်တဲ့လူတွေကလည်း မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ လိုလာပြီ။ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေက မြန်မာ့နိုင်ငံရေးသမားတွေ ဖြစ်တဲ့အတွက် မြန်မာပြည်ကို ကိုယ်စားပြုပြီး ဦးဆောင်နေတဲ့ သူဖြစ်တော့ မြန်မာကို ကိုယ်စားပြုတဲ့ ဆုံးဖြတ်ချက်တွေကိုပဲ ချမယ်လို့ မျှော်လင့်ပါတယ်။
OIC ဟာ မြန်မာနိုင်ငံကို ဝင်လာမယ်ဆိုရင် ဘယ်လိုအကြောင်းနဲ့ ဝင်လာမယ်လို့ မြင်မိလဲ။


ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမယ်။ နောက်ပြီးတော့ ဖြစ်ပွားခဲ့တဲ့ နေရာတွေကို စုံစမ်းရေး ကော်မတီသဘောမျိုးနဲ့ ဝင်မယ်။ ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို တိုက်ရိုက် ထိရောက်လိုက်တာပဲ။ ဒီနိုင်ငံရဲ့ အုပ်ချုပ်ရေး ယန္တရားက ဘာမှတန်ဖိုး မရှိတော့ဘူးဆိုတာ ပြသလိုက်တဲ့ သဘောပဲ။ လက်ခံလိုက်တယ် ဆိုရင်လည်း အစိုးရက သူတို့ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်မှာ ချပြလိုက်တာပဲ။ ကိုယ်ပိုင် လုံခြုံရေးရှိတယ်။ ကိုယ်ပိုင် ယဉ်ကျေးမှု ရှိတယ်။ ပြည်တွင်းရေး ပြဿနာကို ဝင်ရောက်စွက်ဖက်တာ ပဲ။ ဝင်ရောက်ပြီး အနိုင်ကျင့်တဲ့ သဘောမျိုးပဲ။ ကျွန်တော်အနေနဲ့ လက်ခံစရာအကြောင်းတော့ မရှိဘူး။ မြန်မာမှာလည်း ကိုယ်ပိုင်ဥပဒေတွေရှိတယ်။ အရင်ကလည်း မြန်မာနဲ့ မွတ်ဆလင်ဆိုတာ ချစ်ချစ်ခင်ခင် နေလာခဲ့ကြတာ။ အလုပ်လက်တွဲဖော်တွေဖြစ်တယ်။ World Trade Centre အပြီးမှာ သွေးကြွလာတဲ့ မွတ်ဆလင်လူငယ်တွေကနေပြီးတော့ ကမ္ဘာကြီးမှာ အောင်ပွဲရလာပြီဆိုတဲ့ သဘောနဲ့ သွေးကြွလာကြတယ်။ တိုးတိုးတိတ်တိတ် ယူဂျီသဘောမျိုးနဲ့ အစွန်းရောက်တဲ့အဆင့်ကနေ ခေါင်းစဉ်တပ်ပြီး အလံတလူလူလွှင့် ထူပြီး အကြမ်းဖက်ရက်စက်နေကြတာ အားလုံးအသိပဲ။ သူတို့လည်း ညီညွတ်လာကြတယ်ပေါ့။


 ဘယ်လောက် ညီညွတ်လာကြသလဲဆိုတော့ မြန်မာပြည်မှာ သမ္မတကြီးသီးသိန်းစိန် အာဏာရပြီဆိုကတည်းက မြန်မာပြည်မှာ ပထမဆုံး ဆန္ဒပြတာ ဘယ်နိုင်ငံရေးသမားမှ မဟုတ်ဘူး။ သာကေတမာန်ပြေ ၁၈ လမ်းမှာ ဗလီဆောက်ခွင့် ရဖို့ ဆိုပြီး မွတ်ဆလင် ကလေးလေးတွေကစပြီး ဆန္ဒပြတာ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အတွက်ကြောင့် ဘာသာရေး လွတ်လပ်ခွင့်ပေးပါဆိုပြီး မြန်မာပြည်မှာ ဆန္ဒပြတာ သူတို့တွေပဲ။ သူတို့တွေက နိုင်ငံရေးမှာလည်း အခြေအနေ အချိန်အခါအလိုက် အခွင့်အရေးယူတတ်တယ်။ ကျွန်တော်တို့ လူမျိုးတွေက အိပ်ပျော်နေကြတယ်။ အချင်းချင်းတွေ အဖွဲ့တွေခွဲကြတယ်။ အဖွဲ့လေးတစ်ဖွဲ့ နာမည်ကြီးတော့မယ်ဆိုရင် နောက်တစ်ဖွဲ့ ခွဲထွက်မယ်။ စည်းစည်းရုံးရုံးမရှိခဲ့ကြဘူး။ သူတို့က စည်းရုံးတယ်။ အဲဒါကို ကျွန်တော်တို့က အသိအမှတ်ပြု ရမယ်။ သူတို့ကိုကြည့်ပြီး ကျွန်တော်တို့ ညီညွတ်မှုကို ဘယ်လိုတည်ဆောက်ကြမလဲ။ ကျောင်းသားဆိုရင် လည်း အဖွဲ့တွေ ကွဲနေတယ်။ အများကြီး ပြန်စုစည်းရဦးမယ်။
တကယ်လို့များ OIC ဖွင့်ဖြစ်မယ်ဆိုရင် ဘယ်လိုထင်မိလဲ။
ပြည်သူတွေက ဆန္ဒပြပွဲတွေ ဆက်တိုက်ထိန်းမရအောင် ပေါ်ပေါက်လာကြလိမ့်မယ်။ မီးမလာလို့ ပြကြတယ်။ လက်ပံတောင်တောင်းကို ပြကြတယ်။ မြေနေရာမရလို့ ပြကြတယ်။ ဒါပြတာ အစိတ်အပိုင်းတစ်ခုပဲ။ ဘာသာရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေက အိပ်ရာဝင်ရင် ဘုရားကို ဦးသုံးကြိမ်ချဖို့ သတိမရဘဲ နေချင်နေလိမ့်မယ်။ ဘာသာ သာသနာကို ထိလာရင်တော့ အားလုံးက အသက်စွန့်ဖို့အသင့်ပဲ။ ဒါကတော့ ရဲရဲပြောရဲတယ်။ မြန်မာလူမျိုးတွေမှာ ဘာသာသာသနာကို ထိရင်မခံဘူးဆိုတဲ့စိတ်က အမြုံစိတ်တွေထဲ မှာ ရှိကြတယ်။ OIC ရုံးစိုက်ရင် ပြဿနာတွေ အများကြီး ကြီးထွားလာကြမယ်။ နောက်ကွယ်က နိုင်ငံရေးသဘောတရားတွေတော့ မြင်ကြမှာ မဟုတ်ဘူး။ မြင်လောက်တဲ့ စွမ်းအားကလည်း မြန်မာလူမျိုးတွေမှာ အဆင်သင့် မရှိသေးဘူး။


ဝင်လာရင် OIC ဟာ မွတ်ဆလင်လူမျိုးတွေအတွက် မွတ်ဆလင်မြှင့်တင်ဖို့ပဲ ဝင်လာတယ်လို့ အများက ယူဆနေကြမယ်။ ဒီထဲမှာ နဂိုကတည်းက သွေးကြွနေတဲ့သူတွေ ရှိတယ်။ အဓိကရုဏ်းတွေ ဆက်တိုက်ဖြစ် လာမယ်။ ပိုပြီးဆိုးဝါးနိုင်တယ်။ ထိန်းသိမ်းရခက်လာမယ်။ ပိုဆိုးတာက ဒီတစ်ခါဖြစ်လာတာက လိုင်ဇာကို ခြေကျင်လျှောက်ပြီး ဆန္ဒပြတာမျိုးလည်း မဟုတ်ဘူး။ ဒီတစ်ခါဖြစ်လာရင် တစ်နိုင်ငံလုံး အတိုင်းအတာကြီးနဲ့ ကိုဖြစ်လာနိုင်တယ်။


တကယ်တမ်း အစိုးရအနေက မြန်မာလူမျိုး မြန်မာနိုင်ငံဆိုတော့ မူလပိုင်ရှင်တွေ မူလလူမျိုးတွေကို ကိုယ်စားပြု တဲ့ အစိုးရဆိုခဲ့ရင် စောစောက ပြောသလို ရိုဟင်ဂျာတွေကို နိုင်ငံသား အဖြစ်ခံယူဖို့၊ မခံယူဖို့ကိစ္စက ဖြစ်လာ ဖို့တော့မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ပြည်ထောင်စု ဆိုပြီး မြန်မာနိုင်ငံက ကိုယ်ပိုင် အမွေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဖြစ်လာတယ်။ ပြည်ထောင်စုက လွတ်လပ်ရေးရပြီး လက်တွဲကြစို့ဆိုပြီး စာချုပ်ချုပ်ပြီးမှ ညီရင်းမောင်နှမလို လက်တွဲကြတယ်။ ကချင်လူမျိုးဆိုရင်လည်း ဗလာ လာတာမဟုတ်ဘူး။ ကချင်လူမျိုး ဆိုရင် လူမျိုးရှိတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုတွေရှိတယ်။ ကိုယ်ပိုင်သယံဇာတတွေလည်းရှိတယ်။ တောင်တန်းတွေနဲ့ မြန်မာတွေနဲ့ ပူးပေါင်းတယ်။ လက်တွဲမယ်။ အလားတူပဲ တခြားတိုင်းရင်းသား တွေလည်း ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင် သယံဇာတ၊ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ရှိကြတယ်။ ရိုဟင်ဂျာကျတော့ ကိုယ်ပိုင်မြေလည်း ပါမလာဘူး။ မြန်မာပြည်မှာနေပြီး တိုင်းရင်းသား တစ်ရပ်အနေနဲ့ထည့်ရင် လက်ခံကြမှာ မဟုတ်ပါဘူး။ နိုင်ငံရေးကျေတဲ့ သူတွေ သမိုင်းကျေတဲ့လူတွေရဲ့ အုပ်ချုပ်တဲ့နိုင်ငံဆိုရင် ရိုဟင်ဂျာဟာ မြန်မာပြည်မှာ ဘယ်တော့မှ တိုင်းရင်းသား အဖြစ် ဖြစ်လာလိမ့်မယ် မထင်ဘူး။


သူတို့တွေ ဟိုဘက်က ဗျူဟာအရ အလုံးအရင်းနဲ့ ဝင်လာကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က မြန်မာပြည်မှာ အခြေချပြီး အင်အားများအောင် လုပ်ကြတယ်။
ရန်ကုန်မြို့အလယ်မှာဆို ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ် မြို့နယ်သုံးခုပေါင်းမှ ဘုန်းကြီးကျောင်း တစ်ကျောင်းပဲရှိတယ်။ ဗလီ(၂၂) လုံးရှိတယ်။ ပိုဝမ်းနည်းစရာကောင်းတာက အလောင်းမင်း တရားကြီးက ရန်တွေကုန်သွားလို့ အောင်ပွဲခံတဲ့အနေနဲ့ ဒဂုံဆိုတဲ့အမည်ကို ရန်ကုန်ဆိုပြီး အမည်သစ်ပေး ဆူးလေမှာ နန်းဆိုက်တယ်။ ဆူးလေရဲ့ ဗိုလ်ဆွန်ပက်လမ်း၊ အနော်ရထာလမ်း၊ ကမ်းနားလမ်းတစ်လျှေုာက် ဝါးလုံးတွေကာလိုက်တယ်။


 ဝါးလုံးတွေကာပြီးမှ ဦးအောင်ဇေယျ ဘိတ်သိတ်ခံတယ်။ ဘိတ်သိတ်ခံတဲ့ ရန်ကုန်မြို့ကြီးရဲ့ အချက်အချာနေရာက ဘုန်းကြီးကျောင်းတစ်ကျောင်းပဲရှိတယ်။ မြန်မာလူမျိုးတွေ အတွက် ရှက်ဖို့ကောင်းတယ်။ ရန်ကုန်ဆိုတာ မြန်မာလူမျိုးတွေရဲ့မြို့တော် နေရာဆိုတာ မြန်မာတွေ မမြင်ခဲ့ကြဘူး။ မတွေးခဲ့ကြဘူး။ အရင်က မြန်မာနဲ့ မွတ်စလင်က ညီးရင်းအစ်ကိုလို ဆက်ဆံခဲ့ကြတယ်။ သူတို့ဘက်ကစပြီး ဒီအလေ့အထတွေကို စပြောင်းခဲ့ကြတယ်။ မုတ်ဆိတ်မွှေးအရှည်တွေထား ကြတယ်။ လူငယ်လေးတွေကအစ ဦးထုပ်ဆောင်းလာကြတယ်။ အမျိုးသမီးတွေက အမဲရောင်ဝတ်စုံတွေ ဝတ်လာကြတယ်။ အဲဒီဟာ ဘယ်ကစလဲ World Trade Centre နောက်ပိုင်းက စတာပဲ။ ဗျူဟာတွေချတယ်။ မြန်မာပြည်ပါ ပါသွားတယ်။ ဦးအောင်ဇေယျ ဆိုတာ မြန်မာသမိုင်းမှာ ဘာသာသာသနာကို ထွန်းတောက်လာအောင် လုပ်ခဲ့တဲ့ ထင်ရှားတဲ့ ခေါင်းဆောင်ကြီး ဖြစ်တယ်။


ဦးအောင်ဇေယျက တို့ခေတ်မှာ ဖိုသုံးဖို တစ်ဖိုမီးတောက်ရမယ်ဆိုပြီးတဘောင်တွေ ပေါ်လာတယ်။ ရွှေ၊ မုဆိုးဖို၊ ဘိုတွေပေါ့ဗျာ၊ အဲ့ဒီဘိုတွေထဲမှာ ရွှေဘိုရဲ့ ဟိုဘက်က ငချစ်ညိုနဲ့ ငချစ်ပိုဆိုတဲ့ ညီအစ်ကို နှစ်ယောက်ထဲက ငချစ်ညိုက သူ့ထက် အတွေ့အကြုံရှိတယ်။ ပညာကောင်းတယ်။ ဒါပေမဲ့ သူရဲကောင်းရဲ့ထုံးအရ စိန်ခေါ်ရမှာ ဗိုလ်ကတစ်ဗိုလ်ပဲ ရှိရမှာ။ အဲဒါနဲ့ ချိန်းလိုက်တယ်။ ချိန်းတိုက်တဲ့အခါမှာ ချိန်းတဲ့နေရာနဲ့ ချိန်းတဲ့ အချိန်းကို သတ်မှတ်တာက ငချစ်ညိုနဲ့အမေ၊ ငချစ်ညိုနဲ့အမေက အင်္ဂဝိဇ္ဇာမှာ လျှမ်းလျှမ်းတောက်ပဲ။ ဘယ်အချိန်၊ ဘယ်အရပ်၊ ဘယ်ထောင့်ကနေ တိုက်ရမယ်ဆိုပြီး အချိန်ပေးတယ်။ အကုန်လုံး ရက်ချိန်းပေးပြီး ဦးအောင်ဇေယျဘက်က ပြန်ထွက်တဲ့အခါ ဦးအောင်ဇေယျက နာသေပျက်ထဲမှာ၊ ဒီပွဲက ဦးအောင်ဇေယျ နလံမထူနိုင်ဘူး။ ဦးအောင်ဇေယျ စိတ်ဓာတ်မကျဘူး။ ဒါပေမဲ့ ဦးအောင်ဇေယျ သစ္စာဆိုလိုက်တာက လှတယ်။ ငါတည်းသာလျှင် သာသနာပြုပုဂ္ဂိုလ်ဖြစ်က ငါနိုင်အံ့။ 


သူတည်းသာလျှင် သာသနာပြု ပုဂ္ဂိုလ်ဖြစ်က သူနိုင်အံ့။ သူတည်းသာလျှင် သာသနာပြုပုဂ္ဂိုလ်ဖြစ်က သူနိုင်အံ့။ သူတိုင်းပြည် အာဏာကို လိုချင်တာ သူ့သားသမီး၊ သူ့မြေးတွေ ချမ်းသာဖို့မဟုတ်ဘူး။ ဒီတိုင်းပြည်ကို ဗုဒ္ဓဘာသာအတွက် သာသနာပြုဖို့ မင်းကောင်းဖြစ်ဖို့ ပြိုင်ပွဲဝင်ခြင်းဖြစ်တယ်။ ဒီနိုင်ငံက ဘယ်သူ့နိုင်ငံလဲ၊ ဘယ်သူ့ကို ကိုယ်စားပြုပြီး လုပ်ကြမှာလဲ။ သာသနာကို ထွန်းကားပြီး တောက်ပအောင်လုပ်တဲ့ ပုဂ္ဂိုလ်မျိုး နန်းဆိုက်တဲ့နေရာမှာ ဘယ်သူတွေဝိုင်းနေလဲ၊ ဘယ်လောက် ဝန်းနည်းဖို့ကောင်းလဲ။ ဒါကို မြန်မာတွေ မမြင်ခဲ့ကြဘူး။ ကျွန်တော်တို့ရဲ့ လွှတ်တော် ကျွန်တော်တို့အစိုးရ၊ ကျွန်တော်တို့ သမ္မတကြီးကတော့ ကျွန်တော်တို့ကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်ကောင်းကြီးတွေလို့ ယူဆတယ်။ OIC မှာ အဖြေပေါ်မှာပါ။
ရောင်နီဂျာနယ်မှ ကူးယူဖော်ပြသည်။

From:Wira Thu

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>