Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပါတီဝင်ဟောင်း ကျွန်တော် နှင့် NLD

$
0
0
ကျနော်ဟာ ပါတီဝင်မဟုတ်ပေမယ့်
တစ်ချိန်က ထောင်ကျတဲ့အထိ
NLDကိုရဲရဲတောက် ထောက်ခံခဲ့သူတွေထဲကတစ်ယောက်ပါ။
ဘာကြောင့်ဒီလိုထောက်ခံခဲ့သလဲဆိုတော့
၁။ ဒေါ်စုဟာ ဗိုလ်ချုပ်သမီးဖြစ်တာကြောင့်
၂။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အရ
လူထုတစ်ရပ်လုံးကဒေါ်စုကိုထောက်ခံတာကြောင့်ပါ။

ကျနော် ထောင်ထဲမှာအကြာကြီးနေခဲ့ပါတယ်။အပြုံးမပျက်ပါ။သီချင်းလေးဆိုပြီး ထောင်ကို ခြင်ထောင်လို
သဘောထားနေခဲ့ပါတယ်။တရားထိုင် စာဖတ် ကျန်းမာရေးလုပ်ပြီး ကိုယ့်တိုးတက်ရာတိုးတက်ကြောင်း
လုပ်နေခဲ့တာပါ။ယုံကြည်ချက်အတွက် ဖမ်းဆီးချုပ်နှောင်ခံရတာဖြစ်လို့ ထောင်တွင်းမှာကြုံရတဲ့ဒုက္ခတွေ၊
လူတစ်ယောက်အဖြစ် တောင်မှ မပီပြင်တော့တဲ့ ချိုးနှိမ်ဆက်ဆံခံရမှုတွေအတွက်မတုန်လှုပ်တဲ့
အပြင် ဂုဏ်တောင်ယူမိပါတယ်။

ပြန်ရောက်တော့ ( လွတ်တော့ ) အပြင်ကဘဝလည်းဆုံးရှုံးကွယ်ပျောက်နေပြီဆိုတာသိလိုက်ရပါတယ်။
ကျနော့်ဇနီးက ကျနော့်စိတ်နဲ့ပဲဆုံးပါးသွားပါပြီ။(ကျနော့်ကိုလာတွေ့ဖို့ခက်အောင်အဝေးကြီးကိုပို့
ထားတာပါ။ ကျနော် မိသားစုနဲ့ နှစ်ကြိမ်ပဲတွေ့ခွင့်ရခဲ့ပါတယ်။ကျနော့်မှ ဘာပိုင်ဆိုင်ခွင့်မှ
လည်းမရှိတော့ပါဘူး။ကျောတစ်ခင်းစာတောင်မကျန်တော့တာပါ။ ကျန်နေတဲ့ကျနော့်သားလေးက
အဒေါ်အိမ်မှာ မျက်နှာငယ်နဲ့ကပ်နေခဲ့ရရှာပါတယ်။

ကျနော့်ဘဝကို ဝလုံးကနေပြန်ဝိုင်းရပါတယ်။ ကျနော် ကောင်းရောင်းကောင်းဝယ်နဲ့ပဲပြန်ရုန်းကန်
ထမြောက်နိုင်ခဲ့ပါတယ်။ ကျနော် နိုင်ငံရေးလုပ်ခဲ့တာအတွက် ဘယ်တော့မှ နောင်တလည်းမရပါဘူး။
လူသိသိ မသိသိ ကျေနပ်ဂုဏ်ယူပါတယ်။ဘယ်ပါတီအဖွဲ့အစည်းမှလည်းမဝင်ခဲ့ပါ။ ဒီမိုကရေစီကို
အမှန်တစ်ကယ်မြတ်နိုးတဲ့စိတ်နဲ့အာဏာရှင်စနစ်ကို ဝင်တိုက်ခဲ့တာပါ။ နေရာမလိုချင်တော့ လူမသိသူမသိ သာမန်နိုင်ငံရေးသမားဘဝ မှာသာ ကျင်လည်ခဲ့တာပါ။( လုပ်ခဲ့တာတော့ သာမန်မထင်ပါနဲ့။ကျနော့်ကို အာဏာရှုအစိုးရက အမုန်းဆုံးထဲမှာပါလို့ အဝေးဆုံးမှာပို့ပြီးအခန်းထဲ
ပိတ်လှောင်ထားခဲ့တာပါ။)

ကျနော်က ဒေါ်စုကို အလွတ်ကြီးဆန့်ကျင်နေတယ်လို့ထင်တဲ့သူတွေအတွက်နည်းနည်းပြောပြတာပါ။
ကျနော် လွန်ခဲ့တဲ့လအနည်းငယ်အထိ ဒေါ်စုကို သဘောမကျတာတွေများလာပေမယ့်
ခေါင်းဆောင်ရှားပါးတာကြောင့်ဖာဖာထေးထေးသက်သက်ညှာညှာပဲရေးခဲ့ပြောခဲ့တာပါ။
အခု ကျနော် အခြေအနေအရ ရပ်တည်ချက်ကိုလုံးဝပြောင်းလိုက်ရပါတယ်။
ဒီလိုဖြစ်အောင်အဓိကကတွန်းပို့တာကတော့ ဒီလပိုင်းတွေမှာ လုပ်တဲ့ ဒေါ်စုအလုပ်တွေ
ပြောတဲ့ ဒေါ်စုအပြောတွေဟာ ဒီမိုကရေစီ စစ်စစ်မှန်မှန်ပေါ်ထွန်းရေးနဲ့ အခြေခံလူတန်းစားတွေ
အသက်ရှူချောင်ဖို့ကိစ္စကို အဟန့်အတားဖြစ်လာလို့ပါ။( တစ်ချိန်က ကျနော်တို့လို အပြင်ကလူတွေပံ့ပိုးမှုနဲ့ ပါတီဟာတောင့်တင်းခဲ့တာပါ။ )

၁။အခြေခံဥပဒေ ပြင်ပြီးမှ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်ခိုင်းနေပါတယ်။လုံးဝလက်မခံနိုင်ပါ။ လူထုဟာ နှစ်ပေါင်းများစွာအာဏာရှင်စနစ်အောက်မှာ နစ်မွန်းနေခဲ့ပြီးဒေါ်စုနဲ့အတိုက်အခံတို့ရဲ့ ပိတ်ဆို့ရေးပေါ်လစီကြောင့် နူရာဝဲစွဲခဲ့ရတာပါ။ အခု စီးပွားရေးကောင်းမှ ဖြစ်တော့မှာဖြစ်ပါတယ်။ တိုင်းပြည်မှာ နိုင်ငံတကာကပိတ်ထားလို့ ခရိုနီဆိုတာပေါ်ပေါက်လာခြင်းဖြစ်ပြီး လူလိုသူလိုစီးပွားရှာတဲ့
နိုင်ငံခြားကုပ္မဏီတွေ လာမှဖြစ်တော့မှာပါ။အစစအရာရာလူစဉ်မီဖို့ တခြားနည်းလမ်းမရှိပါဘူး။

၂။အခြေခံဥပဒေကို ၂၀၁၅မတိုင်ခင် ပြင်ဖို့တစ်ခုထဲ လုပ်နေတာ လက်တွေ့မကျတဲ့အပြင် မမြော်အမြင်နည်းလွန်းရာကျပါတယ်။ ကျနော်လည်းဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အခြေအနေ
ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အခြေခံဥပဒေ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ စစ်တပ် အခုချက်ချင်းရရင်လိုချင်ပါတယ်။ကျနော်မက်မောတာ ဒီမိုကရေစီသက်သက်ပါ။ ပါဝါနိုင်ငံရေးကို
လုံးဝစိတ်မဝင်စားတာကြောင့် ဘယ်သူဘာအာဏာရရ ကျနော်နဲ့မပတ်သက်ပါ။ဒီမိုကရေစီရေးကတော့ ကျနော်နဲ့ရော ခင်ဗျားနဲ့ရောတခြားနိုင်ငံသားအားလုံးနဲကရော လုံးဝပတ်သက်နေပါတယ်။
မမွေးသေးတဲ့ကျနော်တို့နောက် လူလုပ်မယ့်မျိုးဆက်တွေနဲ့လည်း ပတ်သက်နေပါတယ်။ဒီတော့
ခိုင်မာတဲ့သေချာတဲ့ဒီမိုကရေစီရေးအတွက် လက်တွေ့ကျကျ လုပ်ဖို့ပဲ အခိုင်အမာဆုံးဖြတ်ရပါတယ်။
ကျနော် အခုထက်လည်းပိုလုပ်ပါအုံးမယ်။ ဘယ်တော့မှလည်းရပ်မှာမဟုတ်ပါ။
နိုင်ငံရေးမှာ အားနာပါးနာထောက်ခံနေရမယ့်အခြေအနေ ကုန်သွားပါပြီခင်ဗျာ။
ကျနော်ပုဂ္ဂိုလ်ရေးအရ ဘယ်နိုင်ငံရေးသမားကိုမှ မုန်းတဲ့စိတ်ဘယ်တော့မှရှိမှာမဟုတ်ပါ။
နိုင်ငံနဲ့ လူထုအကျိုးစီးပွားအတွက်ကတော့ အရင်ကလည်းဘဝပေးပြီးထောက်ခံခဲ့ပြီးပါပြီ။
အခုလည်းနည်းလမ်းမကျသရွေ့တော့ ဘဝပေးပြီး ဝေဖန်ထောက်ပြနေမှာပါ။

တစ်ခုပဲ ပြောပါရစေ။ ဒေါ်စုဟာလောလောဆယ်မှာ မဟာဗျူဟာကော နည်းဗျူဟာပါ အကြီးအကျယ်လွဲနေပါပြီ။ ဒါဟာ သူ နိုင်ငံရေးအရ ဒုက္ခရောက်ရမယ့်ကိစ္စဖြစ်နေလို့ပြင်လိုပြင်ငြား
ပြောနေရခြင်းဆိုတာ အားလုံးသိစေချင်ပါတယ်။

မြန်မာနိုင်ငံ မြန်မြန်ဒီမိုကရေစီရဖို့ လောလောဆယ်နည်းလမ်းတစ်ခုပဲရှိပါတယ်။အတိုက်အခံတွေ တပ်ကိုကြည်ဖြူစွာလက်တွဲလိုက်ပါ။တပ်ကလည်းပြုပြင်ပြောင်းလဲရေးတွေ တွန်းလုပ်နေတာကိုလေ့လာပါ။ ဒီမိုကရေစီမပေးချင်ရင်အခုပေးထားတဲ့အခြေအနေ ဟာတပ်အတွက် စွန့်စားခန်းဖြစ်ပါတယ်။ မပေးချင်ရင် အခုပေးထားတာများလွန်းပါတယ်။မပေးချင်ရွေးကောက်ပွဲမလိုပါ။သေနတ်ကိုဖင်ခုထိုင်ထားရင် ခင်ဗျားလည်းမတတ်နိုင်ကျနော်လည်းမတတ်နိုင်ပါဘူး။နှစိနှစ်ဆယ်ကျော်သူတို့လုပ်လာတာ မေ့ပစ်လို့မရပါ။ ဘာပိတ်ဆို့မှုမှထပ်ဂရုမစိုက်ပါ။လူထုကဒီမိုကရေစီလိုချင်တယ်ဆိုတဲ့တစ်ချက်ထဲနဲ့ ဖြည်းဖြည်းချင်းပြောင်းဖို့လုပ်နေခြင်းဆိုတာ သိကြစေချင်ပါတယ်ခင်ဗျာ။စစ်သားတွေလည်းတိုင်းပြည်ချစ်တယ်ဆိုတာသတိပြုပါ။
နိုင်ငံရေးအမြင်မတူကြတာပါ။ တပ်က နိုင်ငံရေးထဲကို နိုင်ငံရေးသမားတွေ သောက်သုံးမကျလို့ရောက်လာရတာဖြစ်တယ်ဆိုတဲ့အချက်ကိုနိုင်ငံရေးသမားတို့ ဖုံးဖိမထားစေချင်ပါ။ အခုမှမောင်းထုတ်လို့မရပါ။ တိုင်းပြည်ပျက်လို့ ပစ်ရခတ်ရရင် သူပဲ
ငပွကြီးဖြစ်မယ်ဆိုတာသိလို့ ထိန်းထိန်းသိမ်းသိမ်းဆုတ်နေတယ်ဆိုတာ လက်ခံရင်

ကျနော်တို့ မြန်သွားပါလိမ့်မယ်ဗျာ။ ။

From: ပိုက်တင်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>