Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အမေရိကန် ၀က်ဘ်ဆိုက်၏ “မုဒိန်းပွဲတော်” ဟူသည့် အရေးအသားအပေါ် အိန္ဒိယသူတို့ အမျက်ဒေါသထွက်

$
0
0
အမေရိက ၀က်ဘ်ဆိုက်တစ်ခုတွင် အိန္ဒိယတွင် မိန်းကလေးများ အဓမ္မပြုကျင့်ခံရသည့်နှုန်း မြင့်တတ်နေ သည့်ဖြစ်ရပ်များအတွက်  လှောင်ပြောင် သရော်သည့် ဆောင်းပါးမှ ခေါင်းကြီးတပ်သည့် အသုံးအနှုန်းအပေါ် အိန္ဒိယသူတို့  အမျက်ပြင်းစွာ ထွက်ခဲ့ကြသည်။ အထူးသဖြင့် အဓမ္မပြုကျင့်မှု အများဆုံးဖြစ်ခဲ့သည့် နိုင်ငံ၏ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်မှ အမျိုးသမီးများကို မခံမရပ်နိုင် ဖြစ်စေခဲ့သည့် အရေးအသားဖြစ်ခဲ့သည်။

ဟာသနှင့် သရော်စာများရေးကာ နာမည်ကျော်နေသည့် NationlReport.net တွင် ဆောင်းပါးရှင် ပေါလ်အော်နာက “အိန္ဒိယတွင် ယခုတစ်ပတ်မှစတင်ကာ အက်ဆမ် မုဒိန်းပွဲတော်ကြီး စတင်ပြီ” ဟူသော အရေးအသားနှင့် သရော်စာ တစ်ပုဒ်တင်ခဲ့သည်။ လွန်ခဲ့သော တစ်ပတ်က အွန်လိုင်းပေါ်သို့ စတင်ပြီးနောက်ပိုင်း အခြားမီဒီယာများက  ပြန်လည်ဖော်ပြခြင်းဖြင့် အွန်လိုင်းလောကတခွင် ပျံ့နှံ့သွားခဲ့သည်။

ယင်းဆောင်းပါးကို Facebook တွင် ဖြန့်ဝေမှုပေါင်း ၃၁၂၀၀၀ ကျော်အထိရှိပြီး၊ Twitter တွင် ၂၉၀၀ အထိ ရှိခဲ့သည်။ဆောင်းပါးရှင်က ရာဇ၀တ်မှုမြောက်သည့် ဆိုးရွားသည့် ကျူးလွန်မှုများအပေါ် တရားဝင် ပြိုင်ပွဲလုပ်ကာ သူ့ထက်ငါ အဆိုးတကာ့ထိပ်ခေါင် ယှဉ်ပြိုင်နေကြသည့်နယ် အတည်ပေါက် ရေးသားခဲ့သည်။ အချို့သူများက အမှန်ထင် နေကြပြီး အချို့ကလည်း သူတို့၏ ကျူးလွန်မှုများကို ဂုဏ်တစ်ခုသဖွယ် မရှက်မကြောက် ပြန်လည် ရေးသား   ဖော်ပြလာကြ သည်။ ဆောင်းပါးမှ ရေးသားချက်များသည် လူသားချင်းစာနာစိတ် ရှိသူတို့အတွက် မသတီချင် စရာများနှင့် သာ ပြည့်နေခဲ့သည်။

Ref: Al jazeera

From:myanma age

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>