Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်စု၏ အမှားလုပ်ကွက်များ

$
0
0

တိုင်းရင်းသားကိစ္စ အစက သူသိပ်မလုပ်ဘူးပေါ့...... အခုကတော့ တိုင်းရင်းသားတွေ ကိစ္စတွေ ကို ပြောလို့မရတော့ လွှတ်တော်ပြင်ပ ထွက်လာပြီး အပြင်မှာပြောတယ်.....

တိုင်းရင်းသားအရေးကတော့ ဒါပါပဲ...... ရခိုင်ကိစ္စလည်း ရခိုင်တွေ အားကိုးတာလောက် မရဘူးလေ.....

ကချင်ကိစ္စလည်း ကချင်တွေ မှန်းထားသလောက် မရဘူးလေ..... ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဆိုတော့ ငြိမ်းချမ်းရေး ကတော့ ပြောပေးဖို့ လိုတာပေါ့.... ကချင်တို့၊ ရခိုင်တို့မှာ တော်တော်လေး အားနည်း တယ်......

ဦးခွန်ထွန်းဦး
(ဥက္ကဌ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်)

Credit to မဇ္ဖိမ နေ့စဉ်သတင်းစာ.....
*********************************
-----------------------------------------


၂၀၁၅ မှာ NLD အနေနဲ့ကြားဖြတ်ရွေးကောက်ပွဲကလို အနိုင်ရဖို့ဆိုတာ မသေချာတော့ပါဘူး... သူရွေးကောက်ပွဲဝင်ပြီးယခု လွတ်တော်ထဲရောက်နေတာတောင် အခုအချိန်အထိသူလုပ်နိုင်တဲ့ political power ကိုအသုံးမချနိုင်တာလား အသုံးမချတာလားမပြောတက်တော့ဘူး...

သူတာဝန်ယူထားတဲ့လက်ပန်းတောင် တောင်ကိစ္စလည်း ပိန်မသာလိမ်မသာနဲ့ပြီးသွားတဲ့အပြင်အဲ့ဒေသခံတွေရဲ့ယုံကြည်ချက်လည်းပျက်သွားပြီ.......

နောက်တချက်က ငြိမ်းချမ်းရေးနိုလ်ဘယ်ဆုရှင် တရားဥပဒေစိုးမိုးရေး ဥက္ကဌတစ်ယောက်အနေနဲ့ ရခိုင်အရေးခင်း ကချင်စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မသိချင်ယောင်ဆောင်ခဲ့တဲ့ အပြင် မည်သည့် အပြုသဘောဆောင်တဲ့ ပြောဆိုမှုတောင်မပြုလုပ်ခဲ့ပါဘူး ....

ဒါဟာ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကို ဆုံးရှုံးခဲ့တာပဲ...

၂၀၁၅ ရောက်ရင် တိုင်းရင်းသားပြည်နယ်တွေက ပါတီတွေ အမတ်လောင်းတွေ ဝင်ရွေးမှာပဲ
NLDအနေနဲ့ အဲ့ပြည်နယ်တွေမှာ ယခုလိုအခြေအနေနဲ့ဝင်ပြိုင်မယ်ဆိုရင် နိုင်ဖို့အခြေအနေဟာ ရာခိုင်နှုန်းတော်တော်နည်းပါတယ်.....

ရခိုင်ကလည်း ရခိုင်ပါတီ မွန်ကလည်းမွန်ပါတီ ကချင်ကလည်း ကချင်ပါတီ ရှမ်းကလည်း ရှမ်းပါတီ သက်ဆိုင်ရာပါတီတွေကိုပဲ မဲပေးတော့မှာပါ...

ဒီလိုပဲ တခြားပါတီတွေဖြစ်တဲ့ ကြံဖွတ် တစည အပါအဝင် NLD ကနေခွဲထွက်သွားတဲ့ပါတီတွေ တိုင်းရင်းသားပါတီတွေ ၈၈ကလည်း၂၀၁၅မှာပါတီထောင်ရင် NLDရင်ဆိုင်ရမဲ့အင်အားက မသေပါဘူး

ကြံဖွတ်ကလည်း ကြားဖြတ်ရွေးကောက်ပွဲလိုအဖြစ်ခံမှာမဟုတ်တော့ ဘူး နောက်တချက် က ကြံဖွတ်ဥက္ကဌ ဦးရွှေမန်း နဲ့ဒေါ်စုကလည်း အဆင်ပြေနေတာတကြောင်း.....

တပ်မတော်သား၂၅%ကလည်း ၂၀၁၅အထိရှိနေမှာသေချာတဲ့အပြင် ခြေဥပြင်ဖို့ဆိုတာလည်း လွတ်တော်ရဲ့၇၅%အထက်ထောက်ခံမှဆိုတော့ NLD နဲ့ဒေါ်စုဟာ ၂၀၁၅မှာမသေချာမရေရာတဲ့လမ်းကိုလျှောက်နေသလိုဖြစ်နေပြီ.....

ဒီအပြင့် ၅၉ စ လုံးအပြင် ဒေါ်စုပြင်ချင်တဲ့ ပုဒ်မ၆၀ပါ ပြင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး...
ဒေါ်စုသာသမ္မတ (သို့)ဒုသမ္မတဖြစ်ခဲ့ရင် ပုဒ်မ၆၀ကိုပြင်ဖို့လိုပါတယ်....
ပုဒ်မ၆၀ကိုမပြင်နိုင်ရင် ဒေါ်စုအနေနဲ့သူ့နေရာကိုဆက်ခံမဲ့မျိုးဆက်သစ်တစ်ယောက်လိုနေပါပြီ။

ပုဒ်မ၆၀ မပြင်ဘူးဆိုရင်တောင် NLD ဥက္ကဌရာထူးအတွက် ဒေါ်စုမှာ အများလက်ခံနိုင်တဲ့ ဥက္ကဌလောင်း မရှိသေးပါဘူး ဒေါ်စုသာမရှိရင် NLD ကအမေမရှိတဲ့သားရေနည်းငါးလိုပါပဲ။

ပြန်သုံးသပ်ကြည့်ရရင် ဦးခွန်ထွန်းဦးပြောသွားသလို ဒေါ်စုအနေနဲ့ ကိုယ်ကျိုးအတွက်ခြေဥပြင်ဖို့အတွက်ကလွှဲလို့  ၃နှစ်အတွင်းဘာမှ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူးဆိုတော့ သူရဲ့၂၀၁၅အိမ်မက် က မိုးလင်းတာနဲ့ပျောက်တော့မှာပါ...

Politicize ကိုကောင်းကောင်းအသုံးမချတာလား သမ္မတဖြစ်ဖို့တစ်ခုကိုပဲ အာရုံရောက်နေတာလား မပြောတက်တော့ ပါဘူး။

From: အသင် လူသား

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ