Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကျွန်မတို့က အမေစုကိုကော၊ လက်ပံတောင်းတောင်ကြီးကိုပါ ဆုံးရှုံးလိုက်ရပါပြီ

$
0
0

ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ်အသစ် ချုပ်ဆို၍ ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်
......................................................................
(သတင်းဆောင်းပါး - အောင်စိုး၊ ကိုသက်(မုံရွာ))

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အားနည်းချက်များ ပြုပြင်၍ နိုင်ငံနှင့်ဒေသခံများ ပိုမိုအကျိုးဖြစ်ထွန်းစေရန် ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ် အသစ်ချုပ်ဆိုကာ ဆက်လက် ဆောင်ရွက်သွားရန် အကြံပြုကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်

က ကြေးနီစီမံကိန်းနယ်မြေ တွင် ပါဝင်သော ဒုံးတောနှင့်ကံကုန်းကျေး ရွာ ဒေသခံများ ကို တွေ့ဆုံရာ တွင်   ပြောကြားသည်။

တရုတ်ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီ တစ်ခုတို့ သဘောတူညီထား သည့် စီမံကိန်းဖြစ်သည့် အတွက် တစ်ဖက်သတ် ဖျက်သိမ်းခဲ့ပါက စီပွားရေး အရ ယုံကြည်ရမှု မရရှိနိုင်တော့သည့် အတွက် တိုင်းပြည်၏ အနာဂတ်စီးပွားရေး အလားအလားများ ထိခိုက်နိုင်ကြောင်း ဆက်လက်ပြောကြားသည်။
ကြေးနီစီမံကိန်းကို နိုင်ငံတကာ စံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သော်လည်း သိမ်းယူခဲ့သော လယ်ယာမြေများကို ကာလတန်ကြေးနှင့် လျော်ကြေးပေးရန် ဒေသခံ များ၏ အလုပ်အကိုင် ရရှိရေး၊ သန့် ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက် ပေးသွားမည်ဟု မြန်မာစီးပွားရေးဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ဘောင်ကုမ္ပဏီ တို့က ကတိပေးထားကြောင်း ၄င်းက ဆိုသည်။

ကြေးနီစီမံကိန်း အတွက် လယ်ယာမြေများကို ကာလတန်ကြေးနှင့် အညီ လျော်ကြေးပေးရာတွင် ယခုဆောင် ရွက်မည့် လက်ပံတောင်းတောင်စီမံကိန်း ကိုသာမက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရ လက်ထက် ကတည်းကပင် ဆောင်ရွက်ခဲ့သော စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းများအတွက် သိမ်းယူခဲ့သော လယ်မြေများကိုပင် ပြန်လည် လျော်ကြေးပေးမည် ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် တစ်ဦးက ကံကုန်းကျေးရွာတွင် ဒေသခံ များကို အသိပေးခဲ့သည်။

ယင်းကဲ့သို့ လျှော်ကြေး ပေးရာတွင်လည်း ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းများ မရှိတော့ပါက အဆိုပါ လယ်ယာမြေများကို ပိုင်ဆိုင်ခဲ့ကြောင်း လူသက်သေ ရှိရုံမျှဖြင့်ပင် လျော်ကြေးပေးရန် ညှိနှိုင်းထားပြီး ရရှိသောငွေများ ကို ရေရှည်အကျိုးစီးပွားကို မျှော်ကိုးပြီး သုံးစွဲကြရန် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက် များအတိုင်း ဒေသခံများ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရန် အတွက် ကျပ်သန်းပေါင်း ငါးသောင်းကျော် ထပ်မံသုံးစွဲသွားရန် ရှိပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စံပယ်တောင် ကြေးနီစီမံကိန်း အတွင်းသို့ ဝင်ရောက်စစ်ဆေး ခဲ့ကြောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

လက်ပံတောင်းတောင် အစီရင်ခံစာ ထုတ်ပြန်ပြီး နှစ်ရက်အကြာ မတ်လ ၁၃ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကြေးနီစီမံကိန်းနယ်မြေ အတွင်းရှိ ကျေးရွာ များသို့ သွားရောက်ရာတွင် ကျေးရွာ အများစုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို ခဲ့ကြသော်လည်း အချို့ ကျေးရွာများတွင် အပြင်းအထန် ကန့်ကွက်မှုများကိုပါ ပထမဆုံးအကြိမ် တွေ့ကြုံ ခဲ့ရသည်။

ကြေးနီစီမံကိန်းရပ်ဆိုင်းရန် သပိတ်စခန်း ဖွင့်ထားသော တုံရွာသို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲဝင်များ သွားရောက်၍ ဒေသခံများနှင့် တစ်နာရီနီးပါးကြာ တွေ့ဆုံခဲ့သည့် တိုင်အောင်ပင် ပြေလည်မှု မရရှိဘဲ ယဉ်တန်း ထွက်ခွာချိန်တွင် ကန့်ကွက် ဆန္ဒပြမှုကိုပါ တွေ့ကြုံ ခဲ့ရကြောင်းNLD သတင်းပြန်ကြားရေး ဌာနမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
"ကျွန်မတို့က အမေစုကိုကော၊ လက်ပံတောင်းတောင်ကြီးကိုပါ ဆုံးရှုံးလိုက်ရပါပြီ" ဟု တုံရွာသပိတ်စခန်းမှ အသက် ၄၀ ခန့် တောင်သူတစ်ဦးက ဆိုသည်။

အလားတူ ဆည်တည်းကျေးရွာသို့ သွားရောက်ရာတွင်လည်း ဒေါ်အောင်ဆန်း စုကြည်နှင့် လုံခြုံရေးအဖွဲ့ဝင် ငါးဦး ကိုသာ ခြေလျင်ဝင်ရောက်ခွင့် ပြုခဲ့ပြီး သတင်းမီဒီယာသမား များနှင့် လုံခြုံရေး တပ်ဖွဲဝင်များ ဝင်ရောက်ခွင့် မပြုခဲ့ကြောင်း မုံရွာမြို့ခံ ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဆည်တည်း ကျေးရွာမှ ပြန်လည်ထွက်ခွာရာတွင် ရွာသားများ က ဒေါ်အောင်ဆန်းစုကြည် နောက်မှ လိုက်လာကာ ကော်မရှင် အစီရင်ခံစာ အလိုမရှိဟု အော်ဟစ်ကာ လိုက်ပါ လာကြောင်း မုံရွာမြို့ခံ သတင်းသမား များက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ဆန္ဒပြမှုများမှာ ဒေသခံ တောင်သူများ၏ ပင်ကိုစိတ်ရင်းကြောင့် မဟုတ်ဘဲ နောက်ကွယ်မှ သွေးထိုးလှုံ့ ဆော်သူများ၏ ပြောဆိုမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် စီတန်း လှည့်လည်မှု များကို ဦးဆောင်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံ ကန့်ကွက်သူအချို့မှာ လယ်သိမ်းခံ တောင်သူများ မဟုတ်ကြောင်း ဒေသခံ ရွာသား အချို့က ပြောကြားသည်။

ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အတွက် စီတန်းလှည့်လည်သူ များတွင် ပါဝင်သူ ငါးဦးနှင့် သပိတ်စခန်း ဖွင့်လှစ်ထားသော တုံကျေးရွာ ဒေသခံအချို့ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအား အပြည့်အစုံ ဖတ်ရှုထားခြင်း ရှိ မရှိကို The Voice Weekly ကမေးမြန်းခဲ့ရာ အများစုမှာ ဖတ်ရှုထားခြင်း မရှိဘဲ ကန့်ကွက်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် လက်ပံတောင်းတောင် ကိစ္စရပ်ကို အကြောင်းပြု၍ တရုတ်နိုင်ငံ၊ တရုတ်လူမျိုးများနှင့် ယုံကြည်ရင်းနှီးမှု ရရှိအောင် အတိုင်းအတာတစ် ခုအထိ ဆောင် ရွက်နိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြမှု များသည်လည်း သွေးရိုးသားရိုး မဟုတ်သော၊ တရားမျှတမှု မရှိသော ဆန္ဒပြမှုများသာ ဖြစ်ကြောင်း NHK သတင်းဌာနမှ ကိုသီဟက ပြောကြားသည်။

ကော်မရှင်အကြံပြုချက် များမှာ ဒေသခံများ၏ဆန္ဒနှင့် ရာနှုန်းပြည့် တစ်ထပ်တည်း မကျသည့်တိုင် ရေရှည် အကျိုးစီး ပွားအတွက် အကောင်းဆုံး အဖြေ ဖြစ်သည့်အပြင် တော်ရုံ နိုင်ငံရေးသမား လုပ်နိုင်ခဲသော အ များကြိုက် လက်ခုပ်သံနိုင်ငံရေးကို မလိုက်ဘဲ ဖြစ်သင့် ဖြစ်ထိုက်သည့် လမ်းကြောင်းမှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြအကြံပြုခဲ့သော ကော်မတီဥက္ကဋ္ဌ၏ ရပ်တည်ချက်ကို တန်ဖိုးထား လေးစားစေချင်သည်ဟု စာရေးဆရာ ကျော်ဝင်းက သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

From:Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>