Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အခြေခံဥပဒေကို အများအတွက်သာပြင်ပေးပါ

$
0
0



ဦးဘဂျမ်းကာတွန်းပွဲတော်မှာ တွေ့ရတဲ့ ကာတွန်းတစ်ကွက်
 
၂၀၁၃ ခုနှစ်ကလည်း ကုန်ဆုံးတော့မည်။ မကြာခင် ၂၀၁၄။ နောက် ၂၀၁၅ ရောက်ဖို့က သိပ်မလိုတော့။
ကျန်ရှိသည့် လက်ကျန် နှစ်အနည်းငယ်အတွင်းမှာ NLD ပါတီအနေဖြင့် အစွမ်းကုန်ကြိုးစားမည့်
အရာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ဖြစ်လိမ့်မည် ဆိုတာ လူတော်တော်များများ
သိမည် ထင်ပါသည်။

ယခုအချိန်မှာလည်း NLD အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးအတွက် မြန်မာပြည် နေရာဒေသ တော်တော်
များများတွင် ပြည်သူအပေါ် အခြေခံဥပဒေအကြောင်း စည်းရုံးဟောပြောမှုများ၊ သဘောထား ဆန္ဒကောက်ယူမှုများ ပြုလုပ်နေသည်။
 
နောက်ဆုံးအနေဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သွားတဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် တက်ရောက် စည်းရုံးဟောပြောခဲ့သည်ကို
တွေ့ရသည်။ အစိုးရရုံးများစိုက်ရာ နေပြည်တော်တွင်ပင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
လာရောက် ဟောပြောခြင်းကို ကြည့်လျှင် NLD အနေဖြင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ရေးအပေါ်
ခြေလှမ်းစိတ်စိတ်ဖြင့် ကြိုးစားလာသည်ကို တွေ့ရသည်။

၂၀၀၈ အခြေခံဥပဒေပြင်ရေးအပေါ်ဘာကြောင့် NLD သည် အခြားပါတီများထက်
ပို၍ တက်ကြွနေရသနည်း။ ဒီအခြေခံဥပဒေပြင်ဖို့လိုသည်ဆိုတာကို NLD မှမဟုတ်
အခြားပါတီများကလည်း ထောက်ခံမှုများရှိသည်။ လွှတ်တော်အတွင်းမှာလည်း အခြေခံ
ဥပဒေလေ့လာရေးကော်မရှင်ဖွဲ့၍ အခြေခံဥပဒေအပေါ် လေ့လာမှုများရှိသည်။ 
တိုင်းရင်းသားအဖွဲ့များ လည်းပြင်ဖို့လိုသည်ဟုဆိုသည်။ 
 
သို့သော် ပြင်ဖို့လိုသည်ဟု ပြောသူတော်တော်များထဲတွင် NLD ကတော့ အတက်ကြွဆုံးဖြစ်သည်။
 NLD က ဦးဆောင်ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူ
မှုပွဲများတွင် တက်ရောက်သူရာခိုင်နှုန်းသည် ပြည်သူလူထု လူဦးရေနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ဟု
ဆိုနေကြသော်ငြားလည်းNLDကဇွဲမလျှော့သည့်အပြင် နောက်ဆုံး နေပြည်တော်မှာ
 ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြုလုပ်သွားခဲ့သည်။ ဘာကြောင့် NLD အသည်းအသန်ပြင်ချင်နေသနည်း။

သည်နေရာတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထုတ်ဖော်ပြောထားသော  သမ္မတဖြစ်ချင်ပါသည် ဆိုသည့် အချက်သည် ၂၀၀၈ အခြေခံဥပဒေပြင်ရေးကို NLD အသည်းအသန် ပြင်လိုနေခြင်းအတွက်
ခိုင်မာသည့် အချက်တစ်ခု ဖြစ်နိုင်သည်။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုလျှင် အခြေခံဥပဒေပါ အပိုဒ် ၅၉(စ) သည် ပြင်ကိုပြင်ရမည့် အရာဖြစ်သည်။ တစ်ခုသတိထားမိသည်မှာ
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုအချက်ကိုပြင်ဖို့ လူထုဆန္ဒ သဘောထားရယူတဲ့အခမ်းအနားမှာ
လုံးဝမပြောခြင်းပင်။ သူ့အနေဖြင့် တိုင်းပြည် အေးချမ်းသာယာရေး၊ တိုးတက်ရေး၊ တည်ငြိမ်ရေး အတွက် အားလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးသည် လိုကို လိုအပ်သည်ဟု သာပြောသည်။
ဒါကလည်း ပြည်သူများဆီမှ အခြေခံဥပဒေပြင်ရန် ထောက်ခံမှု ရရှိပြီဆိုလျှင် ၅၉(စ) ကိုလည်း
ပြင်ရနိုင်သည်ဟု ယုံကြည်ချက်ကြောင့် ဖြစ်နိုင်သည်။ ဒါမှမဟုတ် ထိုအချက်ကို ပြင်ဖို့သာ
အဓိက ဦးစားပေးပြောနေမည်ဆိုလျှင် ရခိုင်အရေး၊ တိုင်းရင်းသားအရေးများတွင် နှုတ်ဆိတ်နေခြင်းကြောင့်
အမြင်မကြည်သည့် ပြည်သူများ၏ ဆန့်ကျင်ဆန္ဒပြမှုများ နှင့် ကြုံတွေ့မှုကို ခံရနိုင်သည်ကို ကြိုတင်
တွက်ဆမိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ NLD ၏ ပြည်သူ့ဆန္ဒကောက်ယူမှုများသည် အခြေခံဥပဒေပြင်ရေး
နောက်ကွယ်တွင် ၂၀၁၅ ၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ၅၉(စ) ကို အဓိကထားပြင်ဖို့ ကြိုးပမ်းလာမည်မှာ အမှန်ဖြစ်သည်။ NLD သတိထားဖို့လိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားများကျင်းပပြီး အခြေခံဥပဒေပြင်ရေးကို အကြောင်းပြု၍  နောက်တဆင့်တက်လာမည့် ၅၉(စ) ကိစ္စကို
မသိရိုးသားသည့် ပြည်သူများလည်း အများအပြားရှိသလို ပြင်ရန်လက်မခံသည့် ရိပ်စားမိသူ ပြည်သူအများအပြားလည်း ရှိသည်ဆိုသည့် အချက်ဖြစ်သည်။

ဆန္ဒခံယူပွဲများသည်လည်း NLD ပါတီဝင်များသာ တက်ရောက်ကြသည်ဟူသော သတင်းများ
ထွက်ပေါ်မှုရှိနေသော်လည်း NLD အနေဖြင့် ပြည်သူများ တက်ရောက်သည်ဟုသာ
သတင်းထုတ်ပြန်နေခြင်း၊ အစက အသစ်ပြန်ဆွဲမည်ဟု သတင်းများထွက်ပေါ်လာသော်လည်းဆန္ဒခံယူပွဲများတွင် ပြင်ဆင်လိုသူများသာ ပို၍ များပြားခြင်းကြောင့် NLD အနေဖြင့် နောက်ပိုင်း ပြင်ရေးဘက်ကိုသာ ယိမ်းသွားခြင်းများစသည့် NLD ၏ ပြည်သူ့အပေါ် မပွင့်
လင်းမှုများသည် ပြည်သူအပေါ် လှည့်စားနေသလိုဖြစ်နေသည်။ မိမိဆန္ဒတစ်ခုအတွက် ပြည်သူကို အသုံးချ
နေသလိုဖြစ်ပေလိမ့်မည်။

အချုပ်ဆိုရသော် နိုင်ငံတော်သမ္မတကလည်းပြီးခဲ့သည့် နိုဝင်ဘာလမိန့်ခွန်းတွင် အခြေခံဥပဒေပြင်ဆင်ရေးတွင် မိမိဆန္ဒထက် ပြည်သူလူထုအများစု၏လိုလားချက်များကို
ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံရေးစေတနာကောင်းများဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းကြောင်း ကို တိုင်းပြည်ရှိ အခြေခံဥပဒေပြင်လိုသူများနှင့် ပတ်သက်၍ မိန့်ခွန်းတွင်
ထည့်သွင်းပြောကြားခဲ့သည်ကို ပြည်သူများလည်း ကြားသိခဲ့ပြီး ဖြစ်သည်။
လောကတွင် ကိုယ်ကျိုးထက် အများအကျိုးဆောင်ရွက်သူသာ ပို၍ အောင်မြင်မှု
ရရှိသည်မှာ ဧကန်မလွဲပင်ဖြစ်သည်။

From: ကိုရင်သာဗြော(ပတ္တမြားမြေ)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>