Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၂၀၁၅ ကျော်မှ ရင်းနှီးမြုပ်နှံရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး

$
0
0
အီးယူရင်းနှီးမြုပ်နှံမှုများအား အခြေခံဥပဒေပြင်ဆင်ပြီးသည့် ၂၀၁၅ ကျော်မှသာ ဆောင်ရွက်ရန် နိုဝင်ဘာ ၁၄ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် EU-Myanmar Taskforce ခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားခဲ့သည်။

''ဒီမှာ စောစောက Speaker တစ်ယောက် ပြောသွားတာနဲ့ ပတ်သက်ပြီး ကျွန်မသဘော မတူပါဘူး။ သူပြောတယ် ဘာပဲဖြစ်ဖြစ် လာသာလာခဲ့ ၂၀၁၅ နဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားစရာ မလိုဘူးဆိုတဲ့ သဘောမျိုး ပြောသွားတယ်။ ဒါပေမဲ့ ကျွန်မထင်တယ် ရှင်တို့သေချာလုပ်ဖို့ လိုအပ်လိမ့်မယ်။ ပြီးတော့ ရှင်တို့မှာလည်း ဒီလိုသေသေချာချာလုပ်ဖို့ တာဝန်ရှိပါတယ်။ နောက်ရှင်တို့ ထည့်သွင်းစဉ်းစားရမှာက လာပြီး ရင်းနှီးမြှုပ်နှံတဲ့ ပတ်ဝန်းကျင်မှာ ရှင်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးနိုင်မဲ့ တရားဥပဒေ စိုးမိုးမှုရှိပြီလား ဆိုတာပါ။ ဒါကြောင့် ၂၀၁၅ ဆိုတာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က ဒီမတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်ဖို့လိုအပ်ပါတယ်။ ဒီမှာ စီးပွားရေး လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုတဲ့သူတွေ အသိအမှတ်ပြု ထည့်သွင်းစဉ်းစားရမှာက အခုအချိန်အထိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မလုပ်နိုင်သေးဘူး ဆိုတာပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် EU-Myanmar Taskforce ဆွေးနွေးပွဲတွင် အီးယူနှင့် မြန်မာနိုင်ငံမှ စုစုပေါင်း Panalist ကိုးဦး တက်ရောက်ပြီး မြန်မာနိုင်ငံနှင့် အီးယူနိုင်ငံများအကြား၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

'' ရှင်တို့က စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်တယ်။ အကျိုးအမြတ်အတွက် အလုပ်လုပ်ကြရမယ်။ အဲဒါကျွန်မ လက်ခံတယ်။ တစ်ဖက်ကလည်း ရှင်တို့မှာတာဝန်ယူမှု အပိုင်းရှိရမယ်။ ကျွန်မပြောနေတာ CSR တစ်ခုတည်း မဟုတ်ဘူး၊ Social responsibility ရော၊ political responsibility ရော၊ Legal Responsibility ရော ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသင့်ပါတယ်။ ရှင်တို့က တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ မြန်မာနိုင်ငံမှာလာပြီး တာဝန်သိ ရင်းနှီးမြှုပ်နှံမယ်ဆိုရင်ရှင်တို့ အရင်စဉ်းစားရမှာက နိုင်ငံရေး အခြေအနေတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေတွေ၊ လူမှုရေး အခြေအနေတွေ၊ လူ့အခွင့်အရေး အခြေအနေတွေကို သတိထားဖို့ လိုပါလိမ့်မယ်။ ကျွန်မက ဒီမှာလာပြီး ရှင်တို့ကို ကျွန်မစိတ်ဓာတ်ကျအောင် ပြောတာမဟုတ်ပါဘူး။ ကျွန်မက လုပ်ငန်းရှင်တွေကို နိုင်ငံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ရှုထောင့်ကနေ စဉ်းစားဖို့နဲ့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ပဲ အားပေးတာပါ။ လာပါ။ လာပါ။ လာပါ လို့ ပြောတာဘာမှ ပြဿနာမရှိဘူး။ ရှင်တို့ဘက်က ပေးနိုင်တာ ရှိသလို ဒီဘက်က ပေးနိုင်တာလည်း ရှိတယ်။ ဒါဟာဘာမှ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ အောင်မြင်တဲ့ရင်းနှီးမြှုပ်နှံမှု၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုတွေဟာ ယုံကြည်မှုပေါ်မှာ အခြေတည်ကြပါတယ်။ ကျွန်မမြင်တာကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာ သေချာတယ်။ မသေချာဘူးလို့ ကျွန်မမပြောပါဘူး။ ကျွန်မပြောချင်တာက ရှင်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးနိုင်လား ဆိုတာကို သေချာအောင် လုပ်ခြင်းဖြင့် ကူညီပါ။ အစိုးရ အနေနဲ့ကော ရင်နှီးမြှုပ်နှံတဲ့ သူတွေကို အကာအကွယ်ပေးနိုင်တဲ့ Capacity ရှိလားဆိုတာ သေချာမြင်အောင်ကြည့်ပါ´´ ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ ''လုပ်ငန်းရှင်တွေကို ပြောချင်တာက ကိုယ့်ဝင်ရောက်လာမဲ့ နိုင်င်ငံရဲ့ အခြေအနေကို ထဲထဲဝင်ဝင် လေ့လာပါ။ ဖြစ်နေတဲ့ ပြသနာတွေကိုကြည့်ပါ။ မျက်စိကျယ်ကျယ် ဖွင့်ထားပါ။ လုပ်ငန်းရှင်တွေအတွင် ကောင်းမွန်တဲ့ စီးပွားရေးဆိုင်ရာ အ၀န်းအ၀ိုင်း ဖြစ်ရဲ့လား အသေချာကြည့်ပါ။ ကျွန်မ နားလည်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေက ကျွန်မတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးနိုင်တယ်။ ဒါကြောင့် ကျွန်မပြောချင်တာက ကျွန်မတို့က တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ လိုပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ပြောချင်တာ Social side တစ်ခုထဲ မဟုတ်ပါဘူး။ အခြားPolitical Side နဲ့ Rule of Law Said တွေလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အီးယူကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် လုပ်ငန်းအဖွဲ့အဆင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ရာ ဤကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးမလုပ်ရန် ကန့်ကွက်နေခြင်းကို နားမလည်နိုင်ကြောင်း အီးယူလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

အီးယူထိပ်တန်းလုပ်ငန်းရှင်တစ်ဦးက ''ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမှာ သြဇာကြီးမားတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ ဒီကနေ့ လာရောက်တဲ့နေရာမှာ ဥရောပနိုင်ငံပေါင်း ၁၆ နိုင်ငံက အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေ ပါပါတယ်။ ကျွန်တော်တို့အနေနဲ့ စက်မှု၊ SME၊ ကုန်ကြမ်းထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်း အစရှိတဲ့ နယ်ပယ်တွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်ဖို့ လက်တွေ့ ကျကျ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ဆွေးနွေးတဲ့ အလုပ်အဖွဲ့ အစည်းအဝေး လုပ်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်း များများစားစား နဲ့ လျင်လျင်မြန်မြန် ရရှိစေမယ့် CMP ကဏ္ဍမှာ ရင်းနှီးမြုပ်နှံဖို့ ရှိပါတယ်။ လက်တွေ့ လုပ်တော့မယ် အဆင့် ရောက်နေပါပြီ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောတဲ့အပေါ် အံ့သြမိပါတယ်။ ကျွန်တော်တို့ နားမလည်နိုင်အောင် ဖြစ်ရပါတယ်'' ဟု ပြောကြားခဲ့သည်။

ယခုလာရောက်သော အထူးလုပ်ငန်းအဖွဲ့သည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် စီးပွားရေး အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် တိုးတက်အောင်မြင်စေရန် ကူညီ ပံ့ပိုးပေးမည့် အဖွဲ့အစည်း ဖြစ်ကြောင်း သိရှိရသည်။

(Ref-European Council, Eleven, AP)


From: Red Star News

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>