Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အမျိုးသမီးဗိုလ်လောင်း လျှောက်ထားသူ များလွန်းသည့်အတွက် အဝေးသင်ဘွဲ့ရများကို လျှောက်လွှာ ထပ်ထုတ်မပေးတော့

$
0
0
အမျိုးသမီးဗိုလ်လောင်း လျှောက်ထားသူ များလွန်းသည့်အတွက် အဝေးသင်ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းရာထူး လျှောက်ထားသူများအား လျှောက်လွှာများ ထပ်ထုတ်မပေးတော့ကြောင်း တိုင်းစစ်ဌာနချုပ် အချို့ထံမှ သတင်းရရှိသည်။ “လျှောက်လွှာတွေ အရမ်းများနေလို့ ကက(ထူး)က အဝေးသင်ဘွဲ့ရတွေကို လျှောက်လွှာ ထုတ်မပေးဖို့ ညွှန်ကြားလာပါတယ်။ အရင်လျှောက်လွှာ ထုတ်ပေးပြီးသား အဝေးသင်တွေကိုတော့ လျှောက်လွှာလာအပ်ရင် လက်ခံပြီး ကက(ထူး)ကို ပို့ပေးပါတယ်။ နောက်ထပ် လျှောက်တဲ့သူတွေကိုသာ လျှောက်လွှာ ထုတ်မပေးတော့တာပါ” ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် လျှောက်လွှာပေါင်း ၃၀၀၀ ကျော်ကို ထုတ်ပေးထားပြီး နိုဝင်ဘာ ၁၂ ရက်အထိ ပြန်လည်အပ်နှံလာသည့် လျှောက်လွှာပေါင်း ၇၀၀ ကျော်ရှိပြီဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။ “ကျွန်တော်တို့ဆီ လျှောက်လွှာလာထုတ်ရင် မှတ်ပုံတင်နဲ့ ဘွဲ့လက်မှတ်မိတ္တူတွေ ကြည့်ပြီး အသက်ပြည့်တာနဲ့ ထုတ်ပေးတယ်။ လျှောက်လွှာလာပြန်တင်ရင်လည်း ဗိုလ်ရွေးအဖွဲ့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ညီ၊ မညီ ပြန်စစ်တယ်။ ပြည့်စုံရင် ကက(ထူး)ကို ပို့ပေးပါတယ်” ဟု ၄င်းက ပြောကြားသည်။ လျှောက်ထားသူများထဲတွင် ပါရဂူဘွဲ့၊ မဟာဘွဲ့ရများနှင့် ရုပ်ရည်ချောမော ပြေပြစ်လှပသူတို့ကို ဦးစားပေး ရွေးချယ်ဖွယ်ရှိနေကြောင်းလည်း အမည်မဖော်လိုသည့် တပ်မတော်သား အရာရှိတစ်ဦးက ပြောသည်။ 

လက်ရှိ လူမှုကွန်ရက်စာမျက်နှာ အချို့တွင် ဖော်ပြသကဲ့သို့ အမျိုးသမီးဗိုလ်လောင်း လျှောက်ထားမှုများမှာ ခြောက်သိန်းကျော် နေပြီဆိုခြင်းမှာ မဟုတ်မှန်ဘဲ အများဆုံးတစ်သိန်း ဝန်းကျင်ခန့်သာရှိကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဗိုလ်လောင်းလျှောက်လွှာများကို နိုဝင်ဘာ ၁၇ ရက် နောက်ဆုံးထားကာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးသို့ ပေးပို့ရမည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို ကက(ထူး)မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များထံသို့ ပြန်လည် အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြထားပါသည်။ 

From:ခေတ်လူငယ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>