Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကချင်တိုင်းရင်းသားတွေ ဘာကြောင့် ဒေါ်စုကို မမုန်းချင်ပဲ မုန်းရလဲဆိုတာ မြန်မာတစ်နိုင်ငံလုံး နားလည်စေချင်ပါတယ် (ပေးစာ )

$
0
0

သြစတြေးလျနိုင်ငံကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်ချိန် ကျင်းပမယ့် အခမ်းအနားတွေ၊ အစီအစဉ်တွေ အားလုံးကို သြဇီရောက် ကချင်တွေက သပိတ်မှောက်တယ်ဆိုတော့ ကချင်တွေကို ဝိုင်းပြီးအပြစ်တစ်ကြတာတွေ ဖတ်ရတာ စိတ်မကောင်းဖြစ်ရတယ်။ အပြစ်တင် ပြောဆိုနေတဲ့ သူတွေ အားလုံးက ဗမာ လူမျိုးတွေနဲ့ NLD ပါတီဝင်တွေက ရှေ့ဆုံးက တွေ့ရတယ်။ နဲနဲလောက် ကိုယ်ချင်း စာကြည့် စေချင်ပါတယ်။ အခု သြဇီ အပါအဝင် UN ကနေ နိုင်ငံခြားရောက်နေတဲ့ refugee အားလုံးမှာ တိုင်းရင်းသားတွေ များပါတယ်။ စစ်ဒဏ်ခံဖူးတဲ့လူတွေပါ။ 


စစ်ဒဏ်က ဘယ်လောက် ခါးသီးလဲဆိုတာ ခံဖူးတဲ့လူမှ သိလိမ့်မယ်။ အခု သြဖီရောက်နေတဲ့ ကချင်တွေက ဒေါ်စု အကျယ်ချုပ်ကျတုန်းက လွတ်မြောက်ဖို့ အမြဲဆန္ဒပြခဲ့တယ်။ ဒေါ်စုက ရွေးကောက်ပွဲကို သပိတ်မှောက်တော့လည်း ငါတို့လိုက်ပြီး ဆန္ဒပြကြပြန်တယ်။ ဒေါ်စုက စီးပွားပိတ်ဆို့မှုကို ထောက်ခံလို့ ငါတို့ ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြရတယ်၊ အကျယ်ချုပ်က လွတ်တော့လည်း ပါတီမှတ်ပုံမတင်ဘူး ဆိုတော့ လွှတ်တော်ကို ငါတို့ ဆန္ဒပြခဲ့ကြရတယ်။ အများကြီး မျှော်လင့်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ တစ်ယောက် တည်းရှိတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဆိုပြီး အထင်လည်းကြီးခဲ့ကြပါတယ်၊ လေးလည်းလေးစားခဲ့ကြပါတယ်။ 


ဒါပေမယ့် မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာတာ ၃ နှစ် ပြည့်ပြီ။ ငြိမ်းချမ်းရေးဘာမှမလုပ်ပေးနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်မှ လုပ်ပေးမယ်ပြောပါတယ်။ ဒါဆိုရင် သမ္မတ မဖြစ်သေးဘဲ၊ ငြိမ်းချမ်းရေးမလုပ်သေးပဲ ငြိမ်းချမ်းရေးနိုဘယ်ဆု ဘယ်လိုလုပ်ရခဲ့တာလဲ ဆိုတာ စဉ်းစားကြည့်ပါ။ သြဇီအပါအဝင် တခြားနိုင်ငံတွေမှာ သမ္မတ မဟုတ်၊ ဝန်ကြီးချုပ်မဟုတ်ပဲ ငြိမ်းချမ်းရေး လုပ်နေတဲ့ လွှတ်တော် အမတ်တွေ၊ ပါတီခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တွေ အများကြီးရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည်က ပါတီခေါင်းဆောင်လည်း ဟုတ်တယ်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လည်း ဟုတ်တယ်၊ လွှတ်တော်အမတ်လည်း ဟုတ်တယ်၊ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌလည်း ဖြစ်တယ်။ ဒါပေမယ့် ဘာငြိမ်းချမ်းရေးမှ မလုပ်နိုင်ခဲ့ဘူး။ 


အရင်တုန်းက နယ်စပ်တွေမှာ စစ်ဖြစ်လို့ ငါတို့ ထွက်ပြေးရတာ ဒေါ်စု အကျယ်ချုပ်ကျနေလို့ ဘာမှမပြောဘူး။ အခု ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စု လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်နေတော့လည်း ဘာမှထူးမလာဘူး။ ကိုမြအေးတို့ကမှ လိုင်ဇာကိုလာသေးတယ်။ လူထုခေါင်းဆောင်ဆိုတဲ့ ဒေါ်စုက ကချင်ဒုက္ခသည်စခန်းကို တစ်ခေါက်တောင် လာမကြည့်ဘူး။ ငါတို့ ကချင်တွေ စိတ်မနာသင့်ဘူးလား။ ကိုယ်ချင်း စာကြည့်ကြပါ။ 


၃ နှစ်အတွင်းမှာ စစ်ဒဏ်ကြောင့် ကချင်တွေ အများကြီး သေကြရတယ်၊ ထွက်ပြေး တိမ်းရှောင်ရတယ်။ ၃ နှစ်အတွင်းမှာ ဒေါ်စုက ပါတီထောင်ဖို့၊ ရွေးကောက်ပွဲနိုင်ဖို့၊ အခြေခံ ဥပဒေပြင်ပြီး သမ္မတလုပ်ဖို့ပဲ ကြိုးစားတယ်။ ဒါကြောင့် ကချင်လွတ်မြောက်ရေးတပ် ခေါင်းဆောင်တွေကလည်း ဒေါ်စုကို ငြိမ်းချမ်းရေး အစည်းအဝေး မဖိတ်ခဲ့တာဖြစ်တယ်။ 


နိုင်ငံခြားကို သွားတာကလည်း နိုင်ငံခြားက မြန်မာတွေ မတရားခံရတာတွေကို ကူညီတာ ဘာမှမရှိဘူး။ သူသမ္မတဖြစ်ဖို့ နဲ့ အခြေခံဥပဒေ ပြင်ဖို့ ပြန်လာပြီး မဲထည့်ဖို့ပဲ ပြောသွားတယ်။ အခု သြဇီကိုလာတာကလည်း ငါတို့ကို ကူညီဖို့မဟုတ်ဘူး။ ဒီတော့ လူထုခေါင်းဆောင် ဒေါ်စုဟာ ငါတို့ခေါင်းဆောင် မဟုတ်ဘူး။ ဒေါ်စုလည်း ငါတို့ ကိုအလေးမထားခဲ့ဘူး။ ဒါကြောင့် ငါတို့လည်း အလေးမထားနိုင်ဘူး။ ခေါင်းဆောင် တစ်ယောက်ဆိုပြီး မကြိုနိုင်ဘူး။ အသိမှတ်မပြုနိုင်ဘူး။ ငါတို့နိုင်ငံက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဆိုပြီး ကြွားချင်တယ်။ ဒါပေမယ့် ၃ နှစ်အတွင်း ဘာငြိမ်းချမ်းရေးမှ မလုပ်နိုင်ခဲ့တာကို ဘယ်သူ့မှမပြောချင်ဘူး။ ဒါကြောင့် ငါတို့ သပိတ်မှောက်တဲ့အကြောင်း၊ ကချင်ဝတ်စုံနဲ့ လာတဲ့သူတွေကလည်း သြဇီရောက် ကချင်အဖွဲ့အစည်းတွေကို ကိုယ်စားမပြုကြောင်း ကြေညာရတာဖြစ်တယ်။ စင်္ကာပူ လာတုန်းကလည်း ငါတို့ ကချင်အဖွဲ့တွေ အခုလိုပဲ ကြေညာခဲ့ပါတယ်။ သမ္မတဖြစ်မှ မဟုတ်ပဲ ကိုယ်ပိုင် အရည်အချင်းနဲ့ ငြိမ်းချမ်းရေး လုပ်နိုင်မယ့်တစ်နေ့၊ သမ္မမဖြစ်ပဲ လူထုအကျိုး လုပ်ပြနိုင်တဲ့နေ့ ကျရင် ငါတို့ ကချင်အားလုံးက ဒေါ်စုကို ပြန်လည်ကြိုဆိုကြမယ်။ ဒီလောက်ဆိုရင် ကချင်တိုင်းရင်းသားတွေ ဘာကြောင့် ဒေါ်စုကို မမုန်းချင်ပဲ မုန်းရလဲဆိုတာ မြန်မာနိုင်ငံ သားအားလုံး သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။ 

From:ME

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>