Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

OIC နှင့်ပက်သတ်၍ သမ္မတ ပြောရေဆိုခွင့်ရှိသူ၏ သဘောထား

$
0
0
ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်ပြီး စာနယ်ဇင်းများရဲ့ မေးမြန်းချက်များအပေါ် ဒီနေရာကနေပဲ ပြန်လည်ဖြေကြားလိုပါတယ်။

OIC အတွင်းရေးမှူးချုပ်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ယခု အပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပါတယ်။ ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးအတွက်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက်ဆောင်ရွက်နေတဲ့အဖွဲ့များ၊ နှစ်ဘက်အသိုင်းအ၀န်းက ပုဂ္ဂိုလ်များ၊ ဥပဒေပြုရေးက ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဖို့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လေ့လာ နိုင်ဖို့ စီစဉ်ထားပါတယ်။

ဒီအဖွဲ့လာရောက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ ဖြေရှင်းရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ပကတိအခြေအနေမှန်အတိုင်း သိရှိနိုင် အောင် စီစဉ်ဆောင်ရွက်ပေးခြင်းသာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ OIC ရုံးခန်းဖွင့်လှစ် ရေး အပါအ၀င် မြန်မာနိုင်ငံအပေါ် တောင်းဆိုထားတဲ့အချက်များနဲ့ ပတ်သက်ခြင်းမရှိပါဘူး။

အခုအချိန်မှာ အချို့ အဖွဲ့အစည်းများက ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မမှန်သတင်းများထုတ်လွှင့်ကာ ဆန္ဒပြဖို့ လှုံ့ဆော်မှုများ ပြုလုပ်နေတာရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာကို ထိပါးစေမယ့် ကိစ္စမျိုးကို လုံးဝ ဆောင်ရွက်မှာမဟုတ်ပါဘူး။

ဒီလိုခရီးစဉ်ကို စီစဉ်ခြင်းဟာ မြန်မာနိုင်ငံအတွင်းအခြေအနေများကို နိုင်ငံတကာက လာရောက် လေ့လာခြင်းအားဖြင့် အချို့ အဖွဲ့အစည်းများက နိုင်ငံတကာမှာ ဖြန့်ချိနေတဲ့ မမှန် သတင်းများ၊ ပုံကြီးချဲ့သတင်းများကို ချေပနိုင်မှာဖြစ်တဲ့အတွက် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူများအနေနဲ့ နိုင်ငံရဲ့ ပုံရိပ်နဲ့ နိုင်ငံတော်အစိုးရရဲ့ ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်များ အပေါ် ထိခိုက်စေမယ့် လုပ်ရပ်များမလုပ်မိဖို့ လိုအပ်ကြောင်းတင်ပြလိုပါတယ်။
From:Ye Htut

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>