Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တပ်မတော်ရပ်တည်ချက်အမှန် ဘာလဲဘယ်လဲ

$
0
0
၂၀၀၈ အခြေခံဥပဒေ ရေးဆွဲပုံက အနာဂတ်မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို
တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်က မလွတ်ကင်းစေနိုင်ဖို့စီမံရေးဆွဲထားတယ်လို့ ထင်မြင်ခဲ့ကြပါတယ်။
လွှတ်တော်ထဲမှာ တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်းပါဝင်မှု၊ ထိပ်တန်းအစိုးရအဖွဲ့ဝင်တွေထဲမှာ
ယူနီဖောင်းလဲ ထားတဲ့ ပုဆိုးဝတ်တွေပါဝင်မှုက တပ်မတော်အပေါ် သံသယတွေကြီးထွားစေပါတယ်။


အများစုရဲ့အမြင်မှာ တပ်မတော်က နိုင်ငံရေးနယ်ပယ်ကနေ နောက်မဆုတ်ဘဲ တိုင်းပြည်ကို ချုပ်ကိုင်
ဖို့ ကြိုးစားနေဆဲလို့ ထင်ကြပါတယ်။ သို့သော် ယနေ့တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်
မယ်ဆိုလျှင် တပ်မတော်ရဲ့ ဦးတည်ရာ လမ်းကြောင်းကဘာလဲဆိုတာကို သိသာလာစေနိုင်ပါတယ်။

လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းတပ်မတော်သားအမတ်တွေဟာ လွှတ်တော်ကို
ချုပ်ကိုင်ထားယုံသက်သက်ပဲဆိုလျှင် တိုင်းပြည်အကျိုးအတွက် ဥပဒေပြုရေး ကိစ္စတွေမှာ တပ်မတော်သားကိုယ်စားလှယ်တွေ တက်တက်ကြွကြွပါဝင်နေမှု၊ဒေါက်တာအေးမောင်ရဲ့ တိုင်းရင်းသား ပါတီက တင်တဲ့ ယာယီသက်သေခံတွေ ပါတီထောင်ခွင့်ကို ပြင်ဆင်တာကို
တပ်မတော်သားအမတ်တွေက  ထောက်ခံခဲ့တာတွေ ဒါတွေဟာ ဘာကြောင့်လဲ။
ဒါဟာ တပ်မတော်သည် အမျိုးသားအကျိုးစီးပွားကို ဖြစ်စေနိုင်တဲ့ ကိစ္စတွေမှာ
တွေဝေမနေဘူးဆိုတာကို သက်သေပြခဲ့တာပါ။

ဒါတွေကြောင့်လည်း တပ်မတော်သားအမတ်တွေက လွှတ်တော်ပါဝါကို ထိန်းချုပ်နေတယ်
ဆိုတဲ့ အဆိုးမြင်တာထက် Check & Balanc အနေနဲ့သာ မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းဖြောင့်ဖြူး
အောင်မြင်တဲ့အထိ ရှိနေခြင်းသာ ဖြစ်တယ်လို့ ယနေ့နိုင်ငံရေးလှုပ်ရှားသူတွေ တစတစ လက်သင့်
ခံလာကြတာပါ။

မကြာမီကဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကို တပ်မတော်ကပါဝင်ဖြေရှင်းခဲ့ရချိန်မှာ
တပ်မတော်အနေနဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုမျိုး ပြန်လာတော့မှာလားဆိုတဲ့
ပြည်သူတွေရဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါသေးတယ်။ ဒါပေမဲ့ တပ်မတော်ဟာ
အမျိုးသားအရေးကို ဘက်မလိုက်ဘဲ ကာကွယ်ပေးယုံကလွဲလို့ ၀င်ရောက်စွက်ဖက်မှုတွေ
မလုပ်ခဲ့ပါဘူး။

မြန်မာပြည်အနှံ့ ရေဘေးဒုက္ခတွေကြုံခဲ့ရချိန်မှာ တပ်မတော်သားတွေက ပြည်သူတွေအပေါ်
ဦးဆောင်ကူညီခဲ့တာတွေ၊ တပ်မတော်ဆေးတပ်ဖွဲ့တွေက နေရာအနှံ့သွားလာပြီး ပြည်သူ့ကျန်းမာရေး
အတွက်ကူညီဆောင်ရွက်တာတွေ၊တပြည်လုံးငြိမ်းချမ်းရေးအတွက် ပြည်တွင်းလက်နက်ကိုင်အဖွဲ့အစည်း
အားလုံးနဲ့ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ဖို့ကြိုးစားနေတာတွေဟာတပ်မတော်က ပြည်သူလူထု
အကျိုးစီးပွားကို ဦးထိပ်ထားပြီး ဆောင်ရွက်နေတာတွေပဲဖြစ်ပါတယ်။

ယနေ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်မှုမရှိတော့ဘူးဆိုတာကို
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
" မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်မှုစနစ် ရှိခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနေပြီ ဖြစ်သောကြောင့် စစ်တပ်၏ အခန်းကဏ္ဍကို လျော့ချထားပြီ ဖြစ်ကြောင်း "ထိုင်းဝန်ကြီးချုပ် ယင်လတ်ခ်ရှင်နာဝပ်ထရာနှင့် စက်တင်ဘာ ၁၇ ရက်က ဘန်ကောက်မြို့ရှိ အစိုးရ အိမ်တော်၌ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မိမိတို့နိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုအပေါ် အာမခံချက် ပေးကြောင်းနှင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံကြဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားခဲ့တာကိုလည်းတွေ့ရမှာပါ။


 ဒါတွေအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူက ယုံကြည်ကိုးစားသော တပ်မတော်အဖြစ် ဆောင်ရွက်ရန်နှင့် တပ်မတော်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအား မှန်မှန်ကန်ကန် အသိတရားရှိရှိဖြင့် လိုက်နာကြဖို့၊ နိုင်ငံတော်တွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိရာ ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေးစနစ်ဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် သွားနေချိန်၌ တပ်မတော်သားများကလည်း စနစ်နှင့်အညီ လိုက်ပါဆောင်ရွက် သွားကြဖို့ တပ်မတော်သားတွေအပေါ် မှာကြားခဲ့တာတွေရှိပါတယ်။

တပ်မတော်ရဲ့ အကြီးဆုံးဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်တွေကိုကြည့်ရင်
တပ်မတော်ရဲ့ လက်ရှိရပ်တည်နေမှုဟာ နိုင်ငံရေးပါဝါကို ၀င်ရောက်ထိန်းချုပ်ဖို့လား
ဒါမှမဟုတ် အမျိုးသားအကျိုးစီးပွားကိုသာ ဦးတည်ဆောင်ရွက်နေလားဆိုတာကို ဆင်ခြင်သုံးသပ်နိုင်မှာပါ။

အချုပ်ဆိုရလျှင်  ပြည်သူလူထု၊ နိုင်ငံရေးပါတီတွေနဲ့ တပ်မတော်ဟာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအပေါ် ဟန်ချက်ညီညီနဲ့ တစ်ဦးအပေါ်တစ်ဦး သံသယတွေမထားဘဲ ကြိုးစားကြမယ်ဆိုလျှင်  ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံဆီ ချီတက်နေရာမှာ များစွာအထောက်အကူ ပြုနိုင်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

ရွှေပြည်အေး

From: New Myanmar News

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>